• Follow Us on

Home အီရန္ကို စစ္ေရးအရ အေရးယူမည္ဟု အစၥေရးျခိမ္းေျခာက္

အီရန္ကို စစ္ေရးအရ အေရးယူမည္ဟု အစၥေရးျခိမ္းေျခာက္

Share this post

အစၥေရးႏိုင္ငံျခားေရး၀န္ၾကီး ရက္စရီရယ္လ္ ကတ္ဇ္က အီရန္ရဲ႕ ႏ်ဴကလီးယားလက္နက္ရရွိဖို႕ ၾကိဳးပမ္းမႈကို တားျမစ္ႏိုင္ဖို႕ စစ္ေရးအရ အေရးယူေဆာင္ရြက္ႏုိင္တယ္လို႕ ျခိမ္းေျခာက္ေျပာၾကားခဲ့ေၾကာင္း အစၥေရး သတင္းမီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

သတင္းမီဒီယာတစ္ခုက အီရန္ကို ဗံုးၾကဲဖို႕ ေရြးခ်ယ္မႈတစ္ခုအေနနဲ႕ အစၥေရးက စဥ္းစားေနျခင္းရွိမရွိေမးျမန္းခဲ့ရာမွာေတာ ကတ္ဇ္က ေရြးခ်ယ္မႈတစ္ခုျဖစ္လာႏုိင္တယ္လို႕ ေျဖၾကားခဲ့ပါတယ္။ အီရန္ကို ႏ်ဴကလီးယားလက္နက္ပိုင္ဆိုင္ခြင့္ျပဳသြားမွာမဟုတ္ဘဲ ဒါကို တားဆီးကို ေနာက္ဆံုးေရြးခ်ယ္မႈျဖစ္လာခဲ့ရင္ စစ္ေရးအရ အေရးယူေဆာင္ရြက္သြားမွာျဖစ္တယ္လို႕ ကတ္ဇ္က ေျပာပါတယ္။

ဆက္လက္ျပီး အီရန္အေနနဲ႕ အစၥေရးရဲ႕ ပကတိအေျခအေနကို နားလည္သိရွိျခင္းမရွိဘူးလို႕လည္း ကတ္ဇ္က ေျပာပါတယ္။ အီရန္ကို Tomahawk မစ္ဇိုင္း ၁၀၀၀နဲ႕ ပစ္ခတ္ႏိုင္တယ္ဆိုတာကို သိရင္ အခုလို ျပဳမူမွာ မဟုတ္ဘူးလို႕လည္း ကတ္ဇ္က ေျပာပါတယ္။

အစၥေရးႏုိင္ငံဟာ အီရန္နဲ႕ အီရတ္က လက္နက္မဲ့ ဆႏၵျပဳသူေတြလို ျပဳသမွ်ခံေနမွာမဟုတ္ဘဲ ျပင္းျပင္းထန္ထန္လက္တံု႕ျပန္မွာျဖစ္တယ္လို႕လည္း ကတ္ဇ္က ျခိမ္းေျခာက္ေျပာၾကားခဲ့ပါတယ္။

Ref; middleeastmonitor.com

(Unicode)
အီရန်ကို စစ်ရေးအရ အရေးယူမည်ဟု အစ္စရေးခြိမ်းခြောက်
………………………………………

အစ္စရေးနိုင်ငံခြားရေး၀န်ကြီး ရက်စရီရယ်လ် ကတ်ဇ်က အီရန်ရဲ့ နျူကလီးယားလက်နက်ရရှိဖို့ ကြိုးပမ်းမှုကို တားမြစ်နိုင်ဖို့ စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်တယ်လို့ ခြိမ်းခြောက်ပြောကြားခဲ့ကြောင်း အစ္စရေး သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သတင်းမီဒီယာတစ်ခုက အီရန်ကို ဗုံးကြဲဖို့ ရွေးချယ်မှုတစ်ခုအနေနဲ့ အစ္စရေးက စဉ်းစားနေခြင်းရှိမရှိမေးမြန်းခဲ့ရာမှာတော ကတ်ဇ်က ရွေးချယ်မှုတစ်ခုဖြစ်လာနိုင်တယ်လို့ ဖြေကြားခဲ့ပါတယ်။ အီရန်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ပြုသွားမှာမဟုတ်ဘဲ ဒါကို တားဆီးကို နောက်ဆုံးရွေးချယ်မှုဖြစ်လာခဲ့ရင် စစ်ရေးအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကတ်ဇ်က ပြောပါတယ်။

ဆက်လက်ပြီး အီရန်အနေနဲ့ အစ္စရေးရဲ့ ပကတိအခြေအနေကို နားလည်သိရှိခြင်းမရှိဘူးလို့လည်း ကတ်ဇ်က ပြောပါတယ်။ အီရန်ကို Tomahawk မစ်ဇိုင်း ၁၀၀၀နဲ့ ပစ်ခတ်နိုင်တယ်ဆိုတာကို သိရင် အခုလို ပြုမူမှာ မဟုတ်ဘူးလို့လည်း ကတ်ဇ်က ပြောပါတယ်။

အစ္စရေးနိုင်ငံဟာ အီရန်နဲ့ အီရတ်က လက်နက်မဲ့ ဆန္ဒပြုသူတွေလို ပြုသမျှခံနေမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန်လက်တုံ့ပြန်မှာဖြစ်တယ်လို့လည်း ကတ်ဇ်က ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။

Ref; middleeastmonitor.com


Share this post