• Follow Us on

Home အီရန္တပ္မေတာ္က အာေရဗ်ပင္လယ္အတြင္း စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေန

အီရန္တပ္မေတာ္က အာေရဗ်ပင္လယ္အတြင္း စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေန

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၁

အီရန္တပ္မေတာ္က အာေရဗ်ပင္လယ္အတြင္း ေျမျပင္၊ ေရျပင္ႏွင့္ ေလတပ္ဖြဲ႕တို႔ပါဝင္သည့္ ဘက္စုံပါဝင္ ေသာ စစ္ေရးေလ့က်င့္မႈမ်ား စတင္လိုက္ေၾကာင္း သိရသည္။

“ဇိုလ္ဖာဂါ ၉၉” ဟု အမည္ေပးထားသည့္ အဆိုပါစစ္ေရးေလ့က်င့္မႈမ်ားက သုံးရက္ၾကာျမင့္မည္ျဖစ္ၿပီး ေဟာ္မုတ္ဇ္ေရလက္ၾကားအေရွ႕ပိုင္းမွ အိုမန္ပင္လယ္ႏွင့္ အိႏၵိယသမုဒၵရာေျမာက္ပိုင္းအထိ စတုရန္းကီလိုမီတာ ၂ သန္းေက်ာ္က်ယ္ဝန္းသည့္ ေရျပင္အတြင္း ျပဳလုပ္ေနျခင္းျဖစ္သည္။

စစ္ေရးေလ့က်င့္မႈမ်ားက သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းမ်ား ကာကြယ္ေစာင့္ေရွာက္ျခင္းအျပင္ ေရ ျပင္၊ ေျမျပင္ပစ္မွတ္မ်ားအျပင္ ေျမျပင္-ေဝဟင္ခြင္းဒုံးက်ည္မ်ားကဲ့သို႔ေသာ အေရးပါသည့္လက္နက္စနစ္မ်ား စမ္းသပ္ျခင္းတို႔ အဓိကထားေလ့က်င့္ေနျခင္းျဖစ္သည္။

အေမရိကန္ေမာင္းသူမဲ့ေလယာဉ္ အမ်ားအျပား စစ္ေရးေလ့က်င့္ရာေနရာ၌ ျမင္ေတြ႕ခဲ့ရၿပီး ခပ္ေဝးေဝး ေနရန္ အမိန္႔ေပးခဲ့ေၾကာင္း အီရန္တပ္မေတာ္က ေျပာၾကားခဲ့သည္။

ေဒသတြင္း၌ အေမရိကန္ႏွင့္ ယူေအအီးတပ္ဖြဲ႕မ်ားက က်ည္အစစ္မ်ား အသုံးျပဳေသာ ပူးတြဲစစ္ေရးေလ့ က်င့္မႈမ်ား ျပဳလုပ္ၿပီးေနာက္ အီရန္တပ္မေတာ္က ယခုကဲ့သို႔ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ျခင္းျဖစ္သည္။

ကိုးကား – မားနယူးစ္

Ref; Iran army launches naval exercises in Arabian Sea

(unicode)
အီရန်တပ်မတော်က အာရေဗျပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေ
………………………………………………………………..

နိုင်ငံတကာ၊ စက်တင်ဘာ ၁၁

အီရန်တပ်မတော်က အာရေဗျပင်လယ်အတွင်း မြေပြင်၊ ရေပြင်နှင့် လေတပ်ဖွဲ့တို့ပါဝင်သည့် ဘက်စုံပါဝင် သော စစ်ရေးလေ့ကျင့်မှုများ စတင်လိုက်ကြောင်း သိရသည်။

“ဇိုလ်ဖာဂါ ၉၉” ဟု အမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုများက သုံးရက်ကြာမြင့်မည်ဖြစ်ပြီး ဟော်မုတ်ဇ်ရေလက်ကြားအရှေ့ပိုင်းမှ အိုမန်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းအထိ စတုရန်းကီလိုမီတာ ၂ သန်းကျော်ကျယ်ဝန်းသည့် ရေပြင်အတွင်း ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုများက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ကာကွယ်စောင့်ရှောက်ခြင်းအပြင် ရေ ပြင်၊ မြေပြင်ပစ်မှတ်များအပြင် မြေပြင်-ဝေဟင်ခွင်းဒုံးကျည်များကဲ့သို့သော အရေးပါသည့်လက်နက်စနစ်များ စမ်းသပ်ခြင်းတို့ အဓိကထားလေ့ကျင့်နေခြင်းဖြစ်သည်။

အမေရိကန်မောင်းသူမဲ့လေယာဉ် အများအပြား စစ်ရေးလေ့ကျင့်ရာနေရာ၌ မြင်တွေ့ခဲ့ရပြီး ခပ်ဝေးဝေး နေရန် အမိန့်ပေးခဲ့ကြောင်း အီရန်တပ်မတော်က ပြောကြားခဲ့သည်။

ဒေသတွင်း၌ အမေရိကန်နှင့် ယူအေအီးတပ်ဖွဲ့များက ကျည်အစစ်များ အသုံးပြုသော ပူးတွဲစစ်ရေးလေ့ ကျင့်မှုများ ပြုလုပ်ပြီးနောက် အီရန်တပ်မတော်က ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

ကိုးကား – မားနယူးစ်

Ref; Iran army launches naval exercises in Arabian Sea


Share this post