• Follow Us on

Home အီရန်နိုင်ငံက ဆိုလီမန်နီလုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံသား ၅၁ ဦးအား အမည်ပျက် စာရင်းသွင်း

အီရန်နိုင်ငံက ဆိုလီမန်နီလုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံသား ၅၁ ဦးအား အမည်ပျက် စာရင်းသွင်း

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၀ (People Media)

 

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်ဗိုလ်ချုပ်ကြီးဟောင်း ကွီဆမ်ဆိုလီမန်နီအား လုပ်ကြံသတ်ဖြတ်မှုဖြင့် အမေရိကန်နိုင်ငံသား ၅၁ ဦးအား ၎င်းတို့၏ အခန်းကဏ္ဍများအတွက် ဇန်နဝါရီ ၈ ရက်တွင် အမည်ပျက်စာရင်း သွင်းခဲ့ကြောင်း သိရသည်။

 

ကြေညာချက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်ဥက္ကဋ္ဌ Mark Milley နှင့် အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Robert O’Brien တို့ကဲ့သို့သော အမေရိကန်လူပုဂ္ဂိုလ်များအား အရေး ယူခဲ့သည့် စာရင်းအသစ်သည် ဒေသအတွင်း အမေရိကန်နိုင်ငံ၏ ကိုယ်ကျိုးရှာအရဲစွန့်သော အကြမ်းဖက်သည့် လုပ်ရပ်များနှင့် လူအခွင့်အရေး ချိုးဖောက်ခြင်းတို့ကို တိုက်ဖျက်ရန် အီရန်နိုင်ငံ၏ ဥပဒေနှင့်အညီ အကောင်အ ထည်ဖော်ဆောင်ရွက်သည့်လုပ်ဆောင်မှုဖြစ်ကြောင်း ဖော်ပြထားသည်။

 

အီရန်ဗိုလ်ချုပ်ကြီးဟောင်း ကွီဆမ်ဆိုလီမန်နီအား လုပ်ကြံသတ်ဖြတ်မှုကြောင့် ဒဏ်ခတ်အရေးယူခဲ့သည့် ဖော်ပြ ပါ ပုဂ္ဂိုလ်များသည် ဆုံးဖြတ်ချက်ချခြင်း၊ စီစဉ်ခြင်း၊ ငွေကြေးထောက်ပံမှုတို့တွင် ပါဝင်ခဲ့ကြပြီး အကြမ်းဖက်လုပ် ရပ်အား လုပ်ဆောင်ခြင်း သို့မဟုတ် စံတင်လောက်သော အကြမ်းဖက်တိုက်ခိုက်မှုကဲ့သို့ ထောက်ပံ့ခြင်းမှ တစ်ဆင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ခြိမ်းခြောက်မှုတစ်ခုဖြစ်ရာ ယခုကဲ့သို့အမည်ပျက်စာရင်း သွင်းခြင်းသည် အကြမ်းဖက်ဝါဒကို တစ်နည်းအားဖြင့် တရားမျှတမှုရှိအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

အခြားသူများအနက် အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရန့်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်း မိုက်ပွမ်ပီယိုတို့အား တူညီသည့်အကြောင်းပြချက်ဖြင့် အရေးယူရန် ယခင်က စာရင်းသွင်းခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

 

အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်ခြင်းအားဖြင့် အမေရိကန်နိုင်ငံအစိုးရသည် အထူးသဖြင့် အကြမ်းဖက်လုပ် ရပ်များ စည်းရုံးစီစဉ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တုန့်ပြန်ခြင်းနှင့် အကြမ်းဖက်ငွေ ကြေးထောက်ပံ့မှုနယ်ပယ်တို့တွင် ၎င်းတို့၏ နိုင်ငံတကာတာဝန်ဝတ္တရားများကို ပြောင်ပြောင်တင်းတင်း ချိုး ဖောက်ခဲ့ကြောင်း ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြခဲ့သည်။

 

အီရတ်နိုင်ငံဘဂ္ဂဒတ်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်တွင် ယခင် အီရန်နိုင်ငံ တော်လှန်ရေးအစောင့်တပ်ဖွဲ့တပ်မှူးကြီးဗိုလ်ချုပ်ကြီး ဆိုလီမန်နီနှင့် အခြားသော စစ်ဘက်ဆိုင်ရာတပ်မှူးများ လိုက်ပါလာသည့် တပ်အစောင့်အရှောက်ပါသောယာဉ်တန်းတစ်ခုအား အမေရိကန်၏ မောင်းသူမဲ့ဒရုန်းဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

 

အီရန်နိုင်ငံ သမ္မတ Ebrahim Raisi က ဇန်နဝါရီ ၃ ရက်၌ ကျရောက်သော ဆိုလီမန်နီ သေဆုံးခြင်း ၂ နှစ်ပြည့် အာဇာနည်နေ့နှစ်ပတ်လည်အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာတွင် ထရန့်နှင့် မိုက်ပွမ်ပီယိုတို့သည် မျှတ သောနည်းလမ်းတစ်ခုဖြင့် ၎င်းတို့၏ အပြစ်ရှိသောလှုပ်ရှားဆောင်ရွက်မှုအတွက် တရားစွဲဆိုခံရမည်ဖြစ်ကြောင်း နှင့် အပြစ်ရှိသည့်လုပ်ရပ်တွင် နောက်ကွယ်က ပါဝင်သူနှင့် ကျူးလွန်သူများအား အပြစ်ပေးအရေးယူခြင်း မရှိပါ က အီရန်နိုင်ငံ၏ လက်စားချေမှုမှာ ပြီးမြောက်အုံးမည်မဟုတ်ကြောင်း သတိပေးခဲ့သည်။

 

(Xinhua)

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 

(Xinhua)

 

#PeopleMedia


Share this post