• Follow Us on

Home အမေရိကန်က မျိုးဆက်သစ်ရိုင်ဖယ် ရွေးချယ်မည်

အမေရိကန်က မျိုးဆက်သစ်ရိုင်ဖယ် ရွေးချယ်မည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀ (People Media)

 

အမေရိကန်ကြည်းတပ်သည် ယခုနှစ်ကုန်ခါနီးတွင် အမေရိကန်ကြည်းတပ်အတွက် မျိုးဆက်သစ် ရိုင်ဖယ်သေ နတ် Next Generation Squad Weapon (NGSW) ကို ရွေးချယ်လိုက်ကြောင်း ကြည်းတပ်အရာရှိ တစ်ဦးကို ကိုးကား၍ ရှီးဖတ်ဒ်မီဒီယာက ထုတ်ဖော်ပြောဆိုခဲ့သည်။

 

အမေရိကန်ကြည်းတပ်က ဝစ်ကန်ဆင်ပြည်နယ်အခြေစိုက် Vortex Optics ကုမ္ပဏီကို ၁၀ နှစ်အတွင်း ဒေါ်လာ ၂.၇ ဘီလျံတန်ကြေးရှိ မျိုးဆက်သစ်ရိုင်ဖယ်သေနတ် (NGSW) အလက် ၂၅၀,၀၀၀ ထုတ်လုပ်ပေးရန် ကန်ထ ရိုက်လုပ်ငန်းအပ်နှံပြီးနောက် ယခုထုတ်ဖော်ပြောဆိုမှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

၂၀၁၉ ခုနှစ် စက်တင်ဘာလနှင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလကြားတွင် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီသုံး ခု ထွက်သွားပြီးနောက် နောက်ဆုံးကျန်ခဲ့သည့် True Velocity နှင့် Sig Sauer, Inc ကုမ္ပဏီနှစ်ခုတို့ကို ကြည်း တပ်က ရွေးချယ်သွားမည်ဖြစ်သည်။

 

5.56x45mm ကျည်အသုံးပြုသော M4 ကာဘိုင်၊ M249 SAW စက်ကလေးနှင့် 7.62x51mm ကျည်သုံး M240 စက်လတ်တို့ကို 6.8mm ကျည်သုံးရိုင်ဖယ်များနှင့် အစားထိုးသွားရန်အတွက် မျိုးဆက်သစ်ရိုင်ဖယ်သေနတ် (NGSW) စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

 

ကြည်းတပ်တွင်လက်ရှိအသုံးပြုနေသော လက်နက်ငယ်ကျည်များမှာ ရန်သူ့ကျည်ကာများကို ထိုး ဖောက်နိုင်  စွမ်းနည်းပါးသည့်အတွက် စစ်သည်များကို ပိုမိုအဆင့်မြင့်သောလက်နက်ငယ်ကျည်များသုံးစွဲရသည့် ရိုင်ဖယ် သေနတ်များဖြင့် အမေရိကန်ကြည်းတပ်က အစားထိုးတပ်ဆင်ပေးစေချင်သည်။ လက်ရှိမျိုးဆက်သစ်ရိုင်ဖယ် တွင် အသုံးပြုမည့် 6.8mm ကျည်သည် 7.62x51mm ကျည်ထက် ပိုမိုသေးငယ်ပေါ့ပါးသော်လည်း အကွာအ ဝေး၊ တိကျမှုနှင့် ထိရောက်မှုတို့တွင် ပိုမိုစွမ်းဆောင်နိုင်ကြောင်း Military Times သတင်းစာက ပြောသည်။

 

မျိုးဆက်သစ်ရိုင်ဖယ်သေနတ် (NGSW) သည် ဆက်စပ်ပစ္စည်းများအပါအဝင် ၁၂ ပေါင် (၅.၄ ကီလိုဂရမ်) အ လေးချိန်သာရှိသဖြင့် M249 SAW စက်ကလေးထက် ၅ ပေါင်ဝန်းကျင် (၂.၂ ကီလိုဂရမ်) လျော့နည်းပြီး M240 စက်လတ်ထက် အလေးချိန်နှစ်ဆလျော့နည်းသောကြောင့် လက်နက်ငယ်ကိုင်ဆောင်သည့်စစ်သည်အနေဖြင့် ကျည်နှင့် အခြားဆက်စပ်ပစ္စည်းများကို ပိုမိုသယ်ဆောင်နိုင်မည်ဖြစ်သည်။

 

လက်ရှိအသုံးပြုနေသောလက်နက်ငယ်များနှင့် လက်နက်ငယ်ကျည်များမှာ ကျည်ကာဝတ်ဆင်ထားသော ပစ် မှတ်များကို ထိရောက်စွာပစ်ခတ်နိုင်ရန် လိုအပ်ချက်များရှိနေကြောင်း ဗိုလ်မှူးဝိုင်းယက်အောက်တ်မာ၏ စကား ကိုကိုးကား၍ National Interest မီဒီယာက ဖော်ပြထားသည်။

 

Ref: US Army to Select Next-Generation Rifle This Year

 

#PeopleMedia

 

(unicode)


……………………………………….

 


 


 


 


 


 


 


 


 

Ref: US Army to Select Next-Generation Rifle This Year

 

#PeopleMedia


Share this post