• Follow Us on

Home အမေရိကန်မစ်ဇိုင်းဒုံးများမထားရှိရန် တောင်ကိုရီးယားနဲ့ ဂျပန်ကို တရုတ်သတိပေး


Share this post

အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ကြား တာလတ်နျူကလီးယားစစ်လက်နက်ထိန်းချုပ်ရေးသဘောတူညီချက် ပြီးခဲ့တဲ့ သြဂုတ်လမှာ ပျက်ပြားခဲ့ပြီးနောက် အမေရိကန်က တာလတ်မစ်ဇိုင်းတွေမထားရှိဖို့ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံတို့ကို တရုတ်က သတိပေးခဲ့ပါတယ်။

ဂျပန်သတင်းဌာန Asahi Shimbun ရဲ့ အင်္ဂါနေ့ သတင်းဖော်ပြချက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကသာ အမေရိကန်ရဲ့ မစ်ဇိုင်းတွေကိုထားရှိလာမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့အကြောင်း သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေကို ပြီးခဲ့တဲ့ သြဂုတ်လမှာ သတိပေးခဲ့တယ်လို့သိရပါတယ်။


အမေရိကန်နဲ့ ရုရှားတို့ကြား တာလတ်နျူကလီးယားစစ်လက်နက်ထိန်းချုပ်ရေးသဘောတူညီချက်ဟာ ကမ္ဘာ့တစ်ဝှမ်း၎င်းတို့ရဲ့ စစ်လက်နက်ချထားမှုတွေကို တားမြစ်ထားခဲ့တာဖြစ်ပါတယ်။]



(Unicode)
အမေရိကန်မစ်ဇိုင်းဒုံးများမထားရှိရန် တောင်ကိုရီးယားနဲ့ ဂျပန်ကို တရုတ်သတိပေး
………………………………………………………………

အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ကြား တာလတ်နျူကလီးယားစစ်လက်နက်ထိန်းချုပ်ရေးသဘောတူညီချက် ပြီးခဲ့တဲ့ ဩဂုတ်လမှာ ပျက်ပြားခဲ့ပြီးနောက် အမေရိကန်က တာလတ်မစ်ဇိုင်းတွေမထားရှိဖို့ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံတို့ကို တရုတ်က သတိပေးခဲ့ပါတယ်။

ဂျပန်သတင်းဌာန Asahi Shimbun ရဲ့ အင်္ဂါနေ့ သတင်းဖော်ပြချက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကသာ အမေရိကန်ရဲ့ မစ်ဇိုင်းတွေကိုထားရှိလာမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့အကြောင်း သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေကို ပြီးခဲ့တဲ့ ဩဂုတ်လမှာ သတိပေးခဲ့တယ်လို့သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ THAAD မစ်ဇိုင်းဖျက်စနစ်ထားရှိမှု အတွက် အရေးယူဆောင်ရွက်ထားမှုတွေကို ကနဦးပြန်လည်ရုတ်သိမ်းသင့်တယ်လို့ တုံ့ပြန်ခဲ့တယ် Asahi Shimbun ကဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ကြား တာလတ်နျူကလီးယားစစ်လက်နက်ထိန်းချုပ်ရေးသဘောတူညီချက်ဟာ ကမ္ဘာ့တစ်ဝှမ်း၄င်းတို့ရဲ့ စစ်လက်နက်ချထားမှုတွေကို တားမြစ်ထားခဲ့တာဖြစ်ပါတယ်။]

Ref; http://www.arirang.com/

#PeopleMedia #International


Share this post