• Follow Us on

Home အမေရိကန်လွှတ်တော်အဆောက်အအုံကို ထရမ့်ထောက်ခံသူများ ဝင်ရောက်စီးနင်း

အမေရိကန်လွှတ်တော်အဆောက်အအုံကို ထရမ့်ထောက်ခံသူများ ဝင်ရောက်စီးနင်း

Share this post

ဝါရှင်တန်၊ ဇန်နဝါရီ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကိုထောက်ခံသူများက အမေရိကန်လွှတ်တော်အဆောက်အဦကို ဗုဒ္ဓဟူးနေ့ တွင်ဝင်ရောက်စီးနင်းခဲ့သည်။

ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲရန်နှင့် ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်ကိုသမ္မတအဖြစ်အသိအမှတ်ပြုမည့် လွှတ်တော်အစည်းအဝေးကိုရွှေ့ဆိုင်းနိုင်ရန် စီးနင်းခဲ့ခြင်းဖြစ်သည်။

ရဲများက မျက်ရည်ယိုဗုံးများ၊ သေနတ်ပစ်ဖောက်ခြင်းများဖြင့် ဥပဒေပြုလွှတ်တော်အမတ်များကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ပြီး လွှတ်တော်အဆောက်အဦသို့ဝင်ရောက်လာသူများကိုဖယ်ထုတ်ရန် ၃ နာရီကျော်ကြာခဲ့သည်။

စီးနင်းမှုများအတွင်း အမျိုးသမီးတယောက်သေနတ်ပစ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း ဝါရှင်တန်ရဲဌာနပြောခွင့်ရ အမျိုးသမီးကပြောသည်။

အသေးစိတ်အချက်အလက်များကိုမသိရသေးဘဲ ထိုအမျိုးသမီးကိုမည်သူပစ်ခတ်ကြောင်း မရှင်းလင်းသေးချေ။

သို့သော် တရားဥပဒေစိုးမိုးရေးအရာရှိများက လူများကိုနောက်ဆုတ်ရန်သတိပေးနေချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ ကြောင်း မျက်မြင်သက်သေများကပြောသည်။

ညနေပိုင်းတွင် အဆောက်အဦလုံခြုံကြောင်း ရဲများကကြေညာခဲ့ပြီး ညပိုင်းတွင် ရွေးကောက်ပွဲရလဒ်အတည်ပြု သည့်လွှတ်တော်အစည်းအဝေးကျင်းပနိုင်ခဲ့သည်။

လူအုပ်ကြီးဖြင့်ဝင်ရောက်လာသူများက ဓာတုပစ္စည်းများသုံးပြီး ရဲများကိုတိုက်ခိုက်ခဲ့ကြောင်းနှင့် လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဝါရှင်တန်မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ ရောဘတ် ကွန်တီးကပြောသည်။

ထိုဖြစ်ရပ်များနောက်ပိုင်း ဝါရှင်တန်မြို့တော်ဝန် မော်ရီရယ် ဘောင်ဆာက ညနေ ၆ နာရီနောက်ပိုင်း ည မထွက်ရအမိန့်ထုတ်ပြန်ခဲ့သည်။

Ref : Guns and tear gas in US Capitol as Trump supporters attempt to overturn his loss

#PeopleMedia

(unicode)
……………………………………………..











Ref : Guns and tear gas in US Capitol as Trump supporters attempt to overturn his loss

#PeopleMedia


Share this post