• Follow Us on

Home NLD အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် အကောင်အထည်ဖော်မည်ဆိုပါက မူဝါဒ ပိုင်းဆိုင်ရာ တိတိကျကျရှိရန်လိုအပ်ကြောင်း ပြောဆိုလိုက်သည့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး

NLD အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် အကောင်အထည်ဖော်မည်ဆိုပါက မူဝါဒ ပိုင်းဆိုင်ရာ တိတိကျကျရှိရန်လိုအပ်ကြောင်း ပြောဆိုလိုက်သည့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
NLD အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေရာတွင် မူဝါဒပိုင်းဆိုင်ရာ တိတိကျကျရှိရန်လိုအပ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ထောက်ပြပြောဆို လိုက်သည်။
 
“အမျိုးသားညီညွတ်ရေးအစိုးရဆိုတာကို အနှစ်သာရရှိရှိ အကောင်အထည်ဖော်တော့မယ်ဆိုရင် အရင်ဆုံး မူဝါဒဆိုင်ရာပေါ့၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံကြမယ်၊ ဆွေးနွေးကြမယ်၊ ပူးပေါင်းကြမယ်ဆိုရင် ဘယ်အချက်တွေ အပေါ်မှာ အဓိကထားပြီးတော့ နားလည်မှုသဘောတူညီမှုရအောင်လုပ်မယ်ဆိုတဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို တိတိကျကျရှိထားဖို့လိုမယ်လို့ မြင်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
 
အမျိုးသားညီညွတ်ရေးအစိုးရဆိုသည့် အယူအဆမှာ အာဏာနိုင်ငံရေးအပေါ်တွင် အခြေခံခြင်းမဟုတ်ဘဲ နိုင်ငံတော် ပြန်လည်တည်ဆောက်ရေးဆိုသည့် အခြေခံပေါ်တွင် စဉ်းစားရသည့် အယူအဆဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။
 
“နိုင်ငံတော် တည်ဆောက်ရေးအတွက် တိုင်းရင်းသား နိုင်ငံရေးကို သေချာထဲထဲဝင် နားလည်ဖို့လိုတယ်၊ သူတို့ရဲ့ ခံစားချက်တွေ သူတို့ရဲ့ နှစ်နာမှုတွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးဖို့ နားလည်ပေးဖို့လိုတယ်၊ အဓိကကတော့ တစ်ဦးနဲ့တစ်ဦး စိတ်စေတနာပေါ့ ဘယ်လောက်စိတ်ထက်သန်မှုရှိလည်းဆိုတာကို တစ်ဖက်ယုံ ကြည်အောင် ပြသနိုင်ရင်ကိုပဲ အရင်ဆုံး ယုံကြည်မှုတည်ဆောက်တဲ့အဆင့်လို့ ပြောလို့ရတာပေါ့” ဟု ဦးကိုကို ကြီးက သုံးသပ်ပြောသည်။
 
NLD ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အစိုးရအဖွဲ့ ဖွဲ့နိုင်သည့် ရွေးကောက်ခံကိုယ်စားလှယ်နေရာ အနိုင်ရထားသော်လည်း လုပ်ပိုင်ခွင့်နေရာအားလုံးမယူဘဲ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရန် ရည်မှန်း ထားသည် NLD ပါတီပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ချို့က ပြောဆိုထားသည်။
 
လက်ရှိအချိန်၌ NLD ပါတီသည် ၂၀၂၁ အစိုးရမဖွဲ့မှီ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် ကြိုးစားလျှက်ရှိ သည်။
 
သို့သော် တိုင်းရင်းသားပါတီများက NLD ပါတီနှင့် တွေ့ဆုံရာတွင် သက်ဆိုင်ရာ NLD ပါတီရုံး၏ နေရာမဟုတ် ဘဲ အခြားသီးခြားနေရာ၌ တွေ့ဆုံရန် ပြောဆိုမှုကြောင့် နှစ်ဘက်တွေ့ဆုံမှု ပျက်ပြယ်မှုများ ဖြစ်ပေါ်ခဲ့သည်။
 
Photo – ဦးကိုကိုကြီး(page)
 
#PeopleMedia #ဦးကိုကိုကြီး #ပြည်သူ့ပါတီ
 
(unicode)
………………………………………………………
 
 
 
 
 
 
 
 
 
 

Share this post