• Follow Us on

Home အမေရိကန်အစိုးရက ယူအေအီးနှင့် ဆော်ဒီအာရေဗျသို့ စစ်လက်နက်များရောင်းချမှု ယာယီ ဆိုင်းငံ့

အမေရိကန်အစိုးရက ယူအေအီးနှင့် ဆော်ဒီအာရေဗျသို့ စစ်လက်နက်များရောင်းချမှု ယာယီ ဆိုင်းငံ့

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉ (People Media)
ယူအေအီးနိုင်ငံသို့ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များ ရောင်းချမှုအပါအဝင် သမ္မတဟောင်း ဒေါ်နယ်ထ ရမ့်လက်ထက်တွင် အတည်ပြုခဲ့သည့် ပြည်ပသို့ စစ်လက်နက်များရောင်းချမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ယာယီ ဆိုင်းငံ့ထားလိုက်ပြီဖြစ်သည်။
“အသစ်တက်လာတဲ့ အစိုးရအဖွဲ့က ပြန်လည်သုံးသပ်မှုပြုလုပ်နိုင်ဖို့ ပြည်ပသို့ စစ်လက်နက်များရောင်းချ ရေး အစီအစဉ်အရ အမေရိကန်နိုင်ငံလုပ် ကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းပေးမှုနှင့် ရောင်းချမှုတွေကို နိုင်ငံခြား ရေးဝန်ကြီးဌာနက ယာယီ ဆိုင်းငံ့လိုက်ပါတယ်” တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်ပသို့ စစ်လက်နက်များရောင်းချမှုကို ပြန်လည်သုံးသပ်မှုက အသွင်ကူးပြောင်းမှုအတွက် လုပ်ရိုးလုပ် စဉ်တစ်ခုမျှသာဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြန်လည်သုံးသပ်မည့် အစီအစဉ်တွင် ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ ခဲယမ်းလက်နက်များရောင်းချမှုနှင့် ယူအေအီးနိုင်ငံသို့ အက်ဖ်-၃၅ တိုက်လေယာဉ်များ ရောင်းချမှုလည်း ပါဝင်ကြောင်း သိရသည်။
ယူအေအီးနိုင်ငံက အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်ပြီးနောက် အမေရိကန်အစိုး ရက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ယူအေအီးနိုင်ငံသို့ ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်များ ရောင်းချရန် တ ရားဝင် အတည်ပြုခဲ့သည်။
အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်သည့် နိုင်ငံအချို့နှင့်ပတ်သက်၍ မိမိတို့အနေ ဖြင့် သဘောထားတင်းမာမှု ရှိသင့်ကြောင်း အထက်လွှတ်တော် ကြားနာမှုတစ်ခုအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင်က ပြောသည်။
ကိုးကား – ယီနီဆာဖတ်
Ref; Biden admin pauses military sales to UAE, Saudi Arabia
(unicode)
………………………………………………
Ref; Biden admin pauses military sales to UAE, Saudi Arabia


Share this post