• Follow Us on

Home အေမရိကန္-တ႐ုတ္တင္းမာမႈမ်ား အာဆီယံထိပ္သီးအစည္းအေ၀း ကိုလႊမ္းမိုးေန

အေမရိကန္-တ႐ုတ္တင္းမာမႈမ်ား အာဆီယံထိပ္သီးအစည္းအေ၀း ကိုလႊမ္းမိုးေန

Share this post

ဟႏြိဳင္း၊ စက္တင္ဘာ ၉

အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံမ်ားအသင္း(အာဆီယံ)အဖြဲ႔၀င္ ၁၀ ႏိုင္ငံမွႏိုင္ငံျခားေရး၀န္ႀကီးမ်ား၏ အြန္လိုင္းထိပ္သီး အစည္းေ၀းကို ဗုဒၶဟူးေန႔တြင္စတင္က်င္းပၿပီး အေမရိကန္-တ႐ုတ္ၿပိဳင္ဆိုင္မႈမ်ား ကေဆြးေႏြးမႈမ်ားကို ႀကီးစိုးေနသည္။

လက္ေတြ႕စမ္းသပ္ပစ္ခတ္မႈေလ့က်င့္ေရးတစိတ္တပိုင္းအေနျဖင့္ တ႐ုတ္ႏိုင္ငံက ေပါက္ကြဲလု နီးပါးျဖစ္ေနသည့္ေရပိုင္နက္တြင္ ပဲ့ထိန္းဒံုးက်ည္မ်ားပစ္ခတ္ခဲ့ၿပီး ရက္ပိုင္းအၾကာတြင္ အစည္းအေ၀းျပဳလုပ္ေနျခင္းျဖစ္သည္။

အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံတို႔ ကုန္သြယ္ေရးမွကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါအထိ ကိစၥရပ္အမ်ားအျပားတြင္ ထိပ္တိုက္ေတြ႕ဆံုေနခ်ိန္လည္းျဖစ္သည္။

အာဆီယံအဖြဲ႔၀င္ ၁၀ ႏိုင္ငံမွႏိုင္ငံျခားေရး၀န္ႀကီးမ်ားသာမက အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး မိုက္ပြန္ပီယိုႏွင့္ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး ၀မ္ယီတို႔လည္း ယခုအစည္းအေ၀းကိုတက္ေရာက္သည္။

အျငင္းပြားေတာင္တ႐ုတ္ပင္လယ္ေရပိုင္နက္တြင္ လူလုပ္ကၽြန္းမ်ားတည္ေဆာက္သျဖင့္ တ႐ုတ္ကုမၸဏီမ်ားကို အေမရိကန္က ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္ၿပီးေနာက္ ယခုအစည္းအေ၀းသည္ ပြန္ပီယိုႏွင့္၀မ္တို႔ ပထမဆံုးေတြ႕ဆံုမႈျဖစ္သည္။

ရင္းျမစ္မ်ားႂကြယ္၀သည့္ေတာင္တ႐ုတ္ပင္လယ္ကို အစအဆံုးပိုင္ဆိုင္သည္ဟု တ႐ုတ္ဘက္ကေျပာထား ေသာ္လည္း ဗီယက္နမ္၊ ဖိလစ္ပိုင္၊ မေလး႐ွား၊ ဘ႐ူႏိုင္းႏွင့္ထိုင္၀မ္တို႔ကလည္း ပိုင္ဆိုင္ေၾကာင္းေျပာထားသည္။

ထိုမွ်သာမက COVID-19 က ေဒသတြင္းစီးပြားေရးကို ႏွစ္ေပါင္းမ်ားစြာထိခိုက္ႏိုင္သည္ဟု လက္႐ွိအာဆီယံ ဥကၠ႒ဗီယက္နမ္ႏိုင္ငံက ဇြန္လအစည္းအေ၀းတစ္ခုတြင္သတိေပးၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာ ဂါအေရးသည္လည္း ႀကီးမားစြာေဆြးေႏြးမည့္အခ်က္ျဖစ္ေနသည္။

Ref : US-China tensions set to dominate Southeast Asia summit

#PeopleMedia

(unicode)
အမေရိကန်-တရုတ်တင်းမာမှုများ အာဆီယံထိပ်သီးအစည်းအဝေး ကိုလွှမ်းမိုးနေ
………………………………………………

ဟနွိုင်း၊ စက်တင်ဘာ ၉

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အဖွဲ့ဝင် ၁၀ နိုင်ငံမှနိုင်ငံခြားရေးဝန်ကြီးများ၏ အွန်လိုင်းထိပ်သီး အစည်းဝေးကို ဗုဒ္ဓဟူးနေ့တွင်စတင်ကျင်းပပြီး အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုများ ကဆွေးနွေးမှုများကို ကြီးစိုးနေသည်။

လက်တွေ့စမ်းသပ်ပစ်ခတ်မှုလေ့ကျင့်ရေးတစိတ်တပိုင်းအနေဖြင့် တရုတ်နိုင်ငံက ပေါက်ကွဲလု နီးပါးဖြစ်နေသည့်ရေပိုင်နက်တွင် ပဲ့ထိန်းဒုံးကျည်များပစ်ခတ်ခဲ့ပြီး ရက်ပိုင်းအကြာတွင် အစည်းအဝေးပြုလုပ်နေခြင်းဖြစ်သည်။

အမေရိကန်နှင့်တရုတ်နိုင်ငံတို့ ကုန်သွယ်ရေးမှကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါအထိ ကိစ္စရပ်အများအပြားတွင် ထိပ်တိုက်တွေ့ဆုံနေချိန်လည်းဖြစ်သည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှနိုင်ငံခြားရေးဝန်ကြီးများသာမက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့လည်း ယခုအစည်းအဝေးကိုတက်ရောက်သည်။

အငြင်းပွားတောင်တရုတ်ပင်လယ်ရေပိုင်နက်တွင် လူလုပ်ကျွန်းများတည်ဆောက်သဖြင့် တရုတ်ကုမ္ပဏီများကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများပြုလုပ်ပြီးနောက် ယခုအစည်းအဝေးသည် ပွန်ပီယိုနှင့်ဝမ်တို့ ပထမဆုံးတွေ့ဆုံမှုဖြစ်သည်။

ရင်းမြစ်များကြွယ်ဝသည့်တောင်တရုတ်ပင်လယ်ကို အစအဆုံးပိုင်ဆိုင်သည်ဟု တရုတ်ဘက်ကပြောထား သော်လည်း ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနှင့်ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ကြောင်းပြောထားသည်။

ထိုမျှသာမက COVID-19 က ဒေသတွင်းစီးပွားရေးကို နှစ်ပေါင်းများစွာထိခိုက်နိုင်သည်ဟု လက်ရှိအာဆီယံ ဥက္ကဋ္ဌဗီယက်နမ်နိုင်ငံက ဇွန်လအစည်းအဝေးတစ်ခုတွင်သတိပေးပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရော ဂါအရေးသည်လည်း ကြီးမားစွာဆွေးနွေးမည့်အချက်ဖြစ်နေသည်။

Ref : US-China tensions set to dominate Southeast Asia summit

#PeopleMedia


Share this post