• Follow Us on

Home ၿဗိတိန္ႏိုင္ငံ၌ လူေျခာက္ဦးထက္ပို၍ မစုေဝးရန္ ကန္႔သတ္လိုက္ၿပီ

ၿဗိတိန္ႏိုင္ငံ၌ လူေျခာက္ဦးထက္ပို၍ မစုေဝးရန္ ကန္႔သတ္လိုက္ၿပီ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၉

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ား သိသိသာသာ ျမင့္တက္လာျခင္းေၾကာင့္ ၿဗိတိန္ႏိုင္ငံ၌ လာမည့္တနလၤာ ေန႔မွစတင္၍ လူေျခာက္ဦးထက္ပိုေသာ စုေဝးမႈမ်ားက တရားမဝင္ ျဖစ္လာမည္ျဖစ္သည္။

ကန္႔သတ္ခ်က္သစ္အရ မိုးလုံေလလုံေနရာမ်ား၊ လဟာျပင္မ်ား၌ ေျခာက္ဦးထက္ပိုေသာ လူစုေဝးမႈကို ပိတ္ပင္မည္ျဖစ္ေသာ္လည္း စာသင္ေက်ာင္းမ်ား၊ လုပ္ငန္းခြင္မ်ား၊ စ်ာပနအခမ္းအနားမ်ားႏွင့္ အားကစားအသင္း မ်ား အက်ဳံးမဝင္ေပ။

စည္းမ်ဉ္းမလိုက္နာသူမ်ားအေနျဖင့္ ေပါင္ ၁၀၀ မွ ၃၂၀၀ အထိ ဒဏ္ေၾကး ေပးေဆာင္ရမည္ျဖစ္သလို အိမ္ေထာင္စုအခ်ိဳ႕အတြက္ ကင္းလြတ္ခြင့္မ်ား ရွိေနျပန္သည္။

ယေန႔ ေဒါင္းနင္းလမ္းေနအိမ္၌က်င္းပမည့္ သ တင္းစာရွင္းလင္းပြဲ၌ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က အေသးစိတ္ေျပာၾကားမည္ဟု ေမွ်ာ္မွန္းရသည္။

“ကြၽန္ေတာ္တို႔ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈရပ္တန္႔ေအာင္ လုပ္ေဆာင္ဖို႔လိုအပ္ေနပါၿပီ။ လူမႈေရးဆိုင္ရာ ထိေတြ႕မႈ စည္းမ်ဉ္းေတြ ခိုင္မာအားေကာင္းေအာင္ ကြၽန္ေတာ္တို႔ေဆာင္ရြက္ေနပါတယ္။” ဟု ဝန္ႀကီးခ်ဳပ္ ဂြၽန္ဆင္က ေျပာ သည္။

လူခုႏွစ္ဦးထက္ပိုေသာ လူစုေဝးမႈကို ရဲတပ္ဖြဲ႕က လူစုခြဲမည္ သို႔မဟုတ္ ဒဏ္႐ိုက္သြားမည္ျဖစ္သည္။ ၿဗိ တိန္အစိုးရဝန္ႀကီးမ်ား၊ အစိုးရအႀကံေပးမ်ားက ဗိုင္းရပ္စ္ကူးစက္မႈမ်ား ျမင့္တက္လာမႈႏွင့္ပတ္သက္၍ စိုးရိမ္မိ ေၾကာင္း အေစာပိုင္း ေျပာၾကားခဲ့ၿပီး စမ္းသပ္မႈစနစ္တြင္ ျပတ္လပ္မႈမ်ားျဖစ္ခဲ့ျခင္းေၾကာင့္ ေတာင္းပန္ေၾကာင္း ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့သည္။

ၿဗိတိန္ႏိုင္ငံ၌ ၿပီးခဲ့သည့္ တနဂၤေႏြေန႔ေနာက္ပိုင္း ဗိုင္းရပ္စ္ကူးစက္မႈသစ္ ၈၃၉၆ မႈအထိ ရွိခဲ့ၿပီး ယမန္ေန႔ တစ္ရက္အတြင္း ၂၄၆၀ ဦး ကူးစက္ခံခဲ့ရေၾကာင္း သိရသည္။

ကိုးကား – ဘီဘီစီ

Ref; England bans gatherings of more than 6 people

#PeopleMedia

(unicode)
ဗြိတိန်နိုင်ငံ၌ လူခြောက်ဦးထက်ပို၍ မစုဝေးရန် ကန့်သတ်လိုက်ပြီ
…………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၉

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ သိသိသာသာ မြင့်တက်လာခြင်းကြောင့် ဗြိတိန်နိုင်ငံ၌ လာမည့်တနင်္လာ နေ့မှစတင်၍ လူခြောက်ဦးထက်ပိုသော စုဝေးမှုများက တရားမဝင် ဖြစ်လာမည်ဖြစ်သည်။

ကန့်သတ်ချက်သစ်အရ မိုးလုံလေလုံနေရာများ၊ လဟာပြင်များ၌ ခြောက်ဦးထက်ပိုသော လူစုဝေးမှုကို ပိတ်ပင်မည်ဖြစ်သော်လည်း စာသင်ကျောင်းများ၊ လုပ်ငန်းခွင်များ၊ ဈာပနအခမ်းအနားများနှင့် အားကစားအသင်း များ အကျုံးမဝင်ပေ။

စည်းမျဉ်းမလိုက်နာသူများအနေဖြင့် ပေါင် ၁၀၀ မှ ၃၂၀၀ အထိ ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်သလို အိမ်ထောင်စုအချို့အတွက် ကင်းလွတ်ခွင့်များ ရှိနေပြန်သည်။

ယနေ့ ဒေါင်းနင်းလမ်းနေအိမ်၌ကျင်းပမည့် သ တင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အသေးစိတ်ပြောကြားမည်ဟု မျှော်မှန်းရသည်။

“ကျွန်တော်တို့ ဗိုင်းရပ်စ်ပျံ့နှံ့မှုရပ်တန့်အောင် လုပ်ဆောင်ဖို့လိုအပ်နေပါပြီ။ လူမှုရေးဆိုင်ရာ ထိတွေ့မှု စည်းမျဉ်းတွေ ခိုင်မာအားကောင်းအောင် ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။” ဟု ဝန်ကြီးချုပ် ဂျွန်ဆင်က ပြော သည်။

လူခုနှစ်ဦးထက်ပိုသော လူစုဝေးမှုကို ရဲတပ်ဖွဲ့က လူစုခွဲမည် သို့မဟုတ် ဒဏ်ရိုက်သွားမည်ဖြစ်သည်။ ဗြိ တိန်အစိုးရဝန်ကြီးများ၊ အစိုးရအကြံပေးများက ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာမှုနှင့်ပတ်သက်၍ စိုးရိမ်မိ ကြောင်း အစောပိုင်း ပြောကြားခဲ့ပြီး စမ်းသပ်မှုစနစ်တွင် ပြတ်လပ်မှုများဖြစ်ခဲ့ခြင်းကြောင့် တောင်းပန်ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ဗြိတိန်နိုင်ငံ၌ ပြီးခဲ့သည့် တနင်္ဂနွေနေ့နောက်ပိုင်း ဗိုင်းရပ်စ်ကူးစက်မှုသစ် ၈၃၉၆ မှုအထိ ရှိခဲ့ပြီး ယမန်နေ့ တစ်ရက်အတွင်း ၂၄၆၀ ဦး ကူးစက်ခံခဲ့ရကြောင်း သိရသည်။

ကိုးကား – ဘီဘီစီ

Ref; England bans gatherings of more than 6 people

#PeopleMedia


Share this post