• Follow Us on

Home အမေရိကန်-အိန္ဒိယ စစ်လက်နက်သတင်းအချက်အလက်မျှဝေရေး သဘောတူညီချက် လက်မှတ်ရေးထိုး


Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉





Ref; ndtv.com


(Unicode)
အမေရိကန်-အိန္ဒိယ စစ်လက်နက်သတင်းအချက်အလက်မျှဝေရေး သဘောတူညီချက် လက်မှတ်ရေးထိုး
……………………………………………………………

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉

အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတို့ဟာ ကာကွယ်ရေးဆိုင်ရာ အဓိကသဘောတူညီချက်တစ်ခုအဖြစ် စစ်လက်နက် ဆိုင်ရာ သတင်းအချက်အလက်မျှဝေဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Industrial Security Annex (ISA) လို့ ခေါင်းစဉ်ပေးထားတဲ့ အခုသဘောတူညီချက်ကို နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတွေပါဝင်တဲ့ 2+2 ပုံစံနဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

ISA သဘောတူညီချက်က နှစ်နိုင်ငံကြား စစ်လက်နက်ပူးပေါင်းထုတ်လုပ်မှုတွေကို လမ်းဖွင့်ပေးနိုင်မှာလည်းဖြစ် ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အာဏာအလွဲသုံးစားအသုံးချမှုနဲ့ လွှတ်တော်ဝတ္တရားနှောင့်ယှက်မှုတွေ နဲ့ အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးမှုခံယူရဖို့ ရှိနေချိန်မှာ နှစ်နိုင်ငံကြား အခုလို သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Ref; ndtv.com

#PeopleMedia #International


Share this post