• Follow Us on

Home အမေရိကန် CH-53k ရဟတ်ယာဉ် ဒေါ်လာ ၂.၄ ဘီလျံဖိုး အစ္စရေးဝယ်ယူမည်

အမေရိကန် CH-53k ရဟတ်ယာဉ် ဒေါ်လာ ၂.၄ ဘီလျံဖိုး အစ္စရေးဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁ (People Media)

 

အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်းဝယ်ယူရေးဆိုင်ရာကော်မတီသည် အမေရိကန်လေ ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ လော့ခ်ဟိမာတင်ထံမှ CH-53k သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များဝယ်ယူရန်အ တွက် ဒေါ်လာ ၂.၄ ဘီလျံတန်သဘောတူစာချုပ်ကို အတည်ပြုလိုက်သည်။

 

စစ်မြေပြင်ပြောင်းလဲခြင်းစိန်ခေါ်မှုများမြင့်တက်လာစဉ်အတွင်း အစ္စရေးလေတပ်၏ စစ်ဆင်ရေးလိုအပ်ချက်များ ကို ကိုင်တွယ်ဖြေရှင်းရာတွင် အစ္စရေးလေတပ်မှသက်တမ်းရင့် Sikorsky CH-53 Yasur ရဟတ်ယာဉ်များကိုအ စားထိုးရန် အမေရိကန်အကူအညီပေးသည့် ဘတ်ဂျက်ဖြင့် CH-53k ရဟတ်ယာဉ် ၁၀ စင်းမှ ၁၅ စင်းအထိ ဝယ် ယူသွားမည်ဖြစ်သည်။

 

ကုန်တန်ချိန် ၁၄ တန် (ကီလိုဂရမ် ၁၂,၇၀၀) နီးပါ သယ်ဆောင်နိုင်ရန်ပုံစံရေးဆွဲထုတ်လုပ်ထားသည့် CH-53k ရဟတ်ယာဉ်သည် သင်္ဘောပေါ်မှစစ်သည်များနှင့် စစ်လက်နက်ပစ္စည်းများကို ကမ်းပေါ်သို့ အမြင့်ပျံ အနေအ ထားဖြင့် လျင်မြန်စွာသယ်ယူ ပို့ဆောင်နိုင်သည့် အကြီးစားရဟတ်ယာဉ်ဖြစ်သည်။

 

အဆိုပါရဟတ်ယာဉ်သည် (fly-by-wire control system) ကွန်ပျူတာဖြင့်လည်ပတ်သည့် ရဟတ်ယာဉ်ပျံသန်း ရေးထိန်းချုပ်မှုစနစ်ကိုအသုံးပြုထားသဖြင့် အချို့နေရာများတွင် အလိုအလျောက်ထိန်းကြောင်းမောင်းနှင်သည့်စ နစ်ဖြစ်သည်။ ရဟတ်ယာဉ်သည် တစ်နာရီလျှင် ၁၇၂ မိုင် (၂၇၆ ကီလိုမီတာ) နှုန်းဖြင့် ပင်လယ်ပြင်ထက်တွင်အ နိမ့်/အမြင့် ပျံသန်းနိုင်စွမ်းရှိသည်။

 

၎င်းအပြင် CH-53k ရဟတ်ယာဉ်သည် ရဟတ်ယာဉ်စက်ပစ္စည်းအစိတ်အပိုင်းများ အစားထိုးရန်လိုအပ်သည့်အ ချိန်တွင် အလိုအလျောက် အချက်ပြသည့် mechanical diagnostic စနစ်အပါအဝင် ပျံသန်းခြင်းနှင့် လမ်း ကြောင်းရှာဖွေခြင်းတို့ကို စုစည်းပေါင်းစပ်ထားသည့် ရဟတ်ယာဉ်ဖြစ်သည်။

 

အစ္စရေးအစိုးရသည် ဘိုးရင်းကုမ္ပဏီထုတ် Yasur ရဟတ်ယာဉ်များကို အစားထိုးရန် လော့ခ်ဟိမာတင်ကုမ္ပဏီ ထုတ် CH-53k ရဟတ်ယာဉ်များကို ရွေးချယ်လိုက်ကြောင်း ယခုနှစ်အစောပိုင်းကာလက အစ္စရေးအစိုးရက ကြေညာခဲ့သည်။

 

Yasur ရဟတ်ယာဉ်သည် ၁၉၆၉ ခုနှစ်ကတည်းက အစ္စရေးနိုင်ငံတွင် စစ်သည်များနှင့် စစ်လက်နက်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အဓိကအသုံးပြုခဲ့သော စစ်သုံးရဟတ်ယာဉ်ဖြစ်ပြီး လျှို့ှဝှက်စစ်ဆင်ရေးများအပါအဝင် စစ်ဆင်ရေးပေါင်းမြောက်များစွာ ဆင်နွှဲခဲ့သလို ရှာဖွေ/ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ သည့်ရဟတ်ယာဉ်ဖြစ်သည်။

 

အစ္စရေးလေတပ်၏ လိုအပ်ချက်နှင့် ကိုက်ညီစေရန် Yasur ရဟတ်ယာဉ်ကို ကြိမ်ဖန်များစွာ အဆင့်မြှင့်တင်ခဲ့ သော်လည်း ရဟတ်ယာဉ်သက်တမ်းမှာ အနှစ် ၅၀ ကျော်နေပြီဖြစ်သဖြင့် ၂၀၂၅ ခုနှစ်မတိုင်မီ အစားထိုးရန် လို အပ်မည်ဖြစ်သည်။

 

အစ္စရေးနိုင်ငံအနေဖြင့် အနာဂတ်ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အားကောင်းပြီး အသင့်အနေအ ထားရှိသည့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်သောစွမ်းရည်ထုတ်လုပ်နိုင်ရန်နှင့် ထိန်းသိမ်းထားနိုင်ရေး ကူညီ ထောက်ပံ့ရန်အတွက် အမေရိကန်နိုင်ငံ၏ ကတိကဝတ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်း ပြောကြားလိုက်သည်။

 

Ref: Israel to Acquire American CH-53 Helicopters for $2.4 Billion

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Israel to Acquire American CH-53 Helicopters for $2.4 Billion

 

#PeopleMedia


Share this post