• Follow Us on

Home အေရွ႕အလယ္ပိုင္းကို အေမရိကန္တပ္ဖြဲ႕၀င္ ၁၄,၀၀၀ ထပ္မံေစလႊတ္ မည့္သတင္း ပင္တဂြန္ျငင္းဆို

အေရွ႕အလယ္ပိုင္းကို အေမရိကန္တပ္ဖြဲ႕၀င္ ၁၄,၀၀၀ ထပ္မံေစလႊတ္ မည့္သတင္း ပင္တဂြန္ျငင္းဆို

Share this post

အီရန္ရဲ႕ ၿခိမ္းေျခာက္မႈအတြက္ အေရွ႕အလယ္ပိုင္းကို ေနာက္ထပ္ တပ္ဖြဲ႕၀င္ ၁၄,၀၀၀ ေစလႊတ္ဖို႔ အေမရိကန္က စဥ္းစားေနတယ္ဆိုတဲ့သတင္းကို ဒီဇင္ဘာ ၅ ရက္ေန႔မွာ ပင္တဂြန္စစ္ဌာနခ်ဳပ္က ျငင္းဆိုလိုက္ပါတယ္။

အေရွ႕အလယ္ပိုင္းကို အခုႏွစ္စကေနၿပီး စစ္သေဘၤာနဲ႔ တပ္ဖြဲ႕၀င္အေရအတြက္ ႏွစ္ဆတိုးျမွင့္သြားဖို႔ ရွိေနတယ္လို႔ အမည္မေဖာ္တဲ့ စစ္တပ္အရာရွိတစ္ဦးရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး The Wall Street ဂ်ာနယ္က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အေနနဲ႕ အခုလအေစာပိုင္းမွာ တပ္ဖြဲ႕၀င္အေရအတြက္ တိုးျမွင့္ခ်ထားမယ့္ ကိစၥကို ဆံုးျဖတ္သြားဖို႕ရွိေနတယ္လို႕လည္း The Wall Street က ေဖာ္ျပခဲ့ပါတယ္။

ပင္တဂြန္စစ္ဌာနခ်ဳပ္ကေတာ့ အခုသတင္းဟာ မမွန္ကန္ဘူးလို႕ ျငင္းဆိုထားပါတယ္။

Ref; Reuters

#PeopleMedia #International

(Unicode)
အရှေ့အလယ်ပိုင်းကို အမေရိကန်တပ်ဖွဲ့ဝင် ၁၄,၀၀၀ ထပ်မံစေလွှတ်မည့်သတင်း ပင်တဂွန်ငြင်းဆို
…………………………………………………………………………………………………………

အီရန်ရဲ့ ခြိမ်းခြောက်မှုအတွက် အရှေ့အလယ်ပိုင်းကို နောက်ထပ် တပ်ဖွဲ့ဝင် ၁၄,၀၀၀ စေလွှတ်ဖို့ အမေရိကန်က စဉ်းစားနေတယ်ဆိုတဲ့သတင်းကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပင်တဂွန်စစ်ဌာနချုပ်က ငြင်းဆိုလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းကို အခုနှစ်စကနေပြီး စစ်သင်္ဘောနဲ့ တပ်ဖွဲ့ဝင်အရေအတွက် နှစ်ဆတိုးမြှင့်သွားဖို့ ရှိနေတယ်လို့ အမည်မဖော်တဲ့ စစ်တပ်အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Wall Street ဂျာနယ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အခုလအစောပိုင်းမှာ တပ်ဖွဲ့ဝင်အရေအတွက် တိုးမြှင့်ချထားမယ့် ကိစ္စကို ဆုံးဖြတ်သွားဖို့ရှိနေတယ်လို့လည်း The Wall Street က ဖော်ပြခဲ့ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ကတော့ အခုသတင်းဟာ မမှန်ကန်ဘူးလို့ ငြင်းဆိုထားပါတယ်။

Ref; Reuters

#PeopleMedia #International


Share this post