• Follow Us on

Home အၾကမ္းဖက္မႈမပါေသာ မုဒိန္းက်င့္မႈကို အစိုးရက တရား၀င္ခြင့္ျပဳသင့္ဟု အိႏၵိယ႐ုပ္ရွင္ထုတ္လုပ္သူတစ္ဦး အႀကံျပဳ

အၾကမ္းဖက္မႈမပါေသာ မုဒိန္းက်င့္မႈကို အစိုးရက တရား၀င္ခြင့္ျပဳသင့္ဟု အိႏၵိယ႐ုပ္ရွင္ထုတ္လုပ္သူတစ္ဦး အႀကံျပဳ

Share this post

အိႏၵိယ႐ုပ္ရွင္ထုတ္လုပ္သူ ဒန္နဲလ္ ရွာဗင္ဟာ အၾကမ္းမဖက္ဘဲ မုဒိန္းျပဳက်င့္မႈကို တရား၀င္အျဖစ္ သတ္မွတ္ သင့္ၿပီး အမ်ိဳးသမီးေတြအေနနဲ႔ ကြန္ဒံုးေဆာင္ထားသင့္ၿပီး မုဒိန္းက်င့္သူေတြနဲ႔ ပူးေပါင္းေဆာင္ရြက္သင့္တယ္ လို႔ သံုးသပ္ေျပာဆိုမႈအတြက္ ေ၀ဖန္မႈေတြျမင့္တက္ခဲ့ပါတယ္။

႐ုပ္ရွင္ထုတ္လုပ္သူ ရွာဗင္က ေနာက္ပိုင္းမွာေတာ့ လူမႈကြန္ယက္စာမ်က္ႏွာမွာ ၄င္းတင္ထားတဲ့ ထင္ျမင္ယူဆ ခ်က္ေတြကို ျပန္ဖ်က္ခဲ့ပါတယ္။

အသက္ ၂၇ အရြယ္ အမ်ိဳးသမီးတစ္ဦး အုပ္စုဖြဲ႕မုဒိန္းက်င့္သတ္ျဖတ္ခံရမႈျဖစ္ပြားခဲ့ၿပီးေနာက္ ရွာဗင္က အခုလို သံုးသပ္ခဲ့တာပါ။

မုဒိန္းက်င့္တာက သိပ္မေရးမႀကီးေပမယ့္ လူသတ္တာက လက္ခံႏုိင္စရာမရွိဘူးလို႔ ရွာဗင့္က ေျပာပါတယ္။

ဒါေၾကာင့္ အမ်ိဳးသမီးေတြကို အကာအကြယ္ေပးတဲ့အေနနဲ႔ အၾကမ္းဖက္မႈမပါဘဲ မုဒိန္းက်င့္မႈကို အစိုးရက တရား၀င္ခြင့္ျပဳသင့္တယ္လို႔ ၄င္းက မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

Ref; Dailymail

#PeopleMedia

(Unicode)
အကြမ်းဖက်မှုမပါသော မုဒိန်းကျင့်မှုကို အစိုးရက တရားဝင်ခွင့်ပြုသင့်ဟု အိန္ဒိယရုပ်ရှင်ထုတ်လုပ်သူတစ်ဦး အကြံပြု
……………………………………………………………

အိန္ဒိယရုပ်ရှင်ထုတ်လုပ်သူ ဒန်နဲလ် ရှာဗင်ဟာ အကြမ်းမဖက်ဘဲ မုဒိန်းပြုကျင့်မှုကို တရားဝင်အဖြစ် သတ်မှတ် သင့်ပြီး အမျိုးသမီးတွေအနေနဲ့ ကွန်ဒုံးဆောင်ထားသင့်ပြီး မုဒိန်းကျင့်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ် လို့ သုံးသပ်ပြောဆိုမှုအတွက် ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူ ရှာဗင်က နောက်ပိုင်းမှာတော့ လူမှုကွန်ယက်စာမျက်နှာမှာ ၄င်းတင်ထားတဲ့ ထင်မြင်ယူဆ ချက်တွေကို ပြန်ဖျက်ခဲ့ပါတယ်။

အသက် ၂၇ အရွယ် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့မုဒိန်းကျင့်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် ရှာဗင်က အခုလို သုံးသပ်ခဲ့တာပါ။

မုဒိန်းကျင့်တာက သိပ်မရေးမကြီးပေမယ့် လူသတ်တာက လက်ခံနိုင်စရာမရှိဘူးလို့ ရှာဗင့်က ပြောပါတယ်။

ဒါကြောင့် အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့အနေနဲ့ အကြမ်းဖက်မှုမပါဘဲ မုဒိန်းကျင့်မှုကို အစိုးရက တရားဝင်ခွင့်ပြုသင့်တယ်လို့ ၄င်းက မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

Ref; Dailymail


Share this post