• Follow Us on

Home ေျမာက္ကိုရီးယားအေပၚ ဆန္ရွင္ပိတ္ဆို႔မႈဖယ္ရွားရန္ ရုရွားႏွင့္ တ႐ုတ္ အဆိုျပဳ၊ အေမရိကန္ ျငင္းဆို

ေျမာက္ကိုရီးယားအေပၚ ဆန္ရွင္ပိတ္ဆို႔မႈဖယ္ရွားရန္ ရုရွားႏွင့္ တ႐ုတ္ အဆိုျပဳ၊ အေမရိကန္ ျငင္းဆို

Share this post

ကုလလံုၿခံဳေရးေကာင္စီမွာ တ႐ုတ္နဲ႔ ရုရွားတို႔က ေျမာက္ကိုရီးယားရဲ႕ ျပည္ပပို႔ကုန္ပိတ္ဆို႔ အေရးယူမႈကို ဖယ္ရွားေပးဖို႔ အဆိုျပဳခဲ့ေပမယ့္ အေမရိကန္က အခ်ိန္မက်ေသးဘူးလို႔ ျငင္းဆုိခဲ့ပါတယ္။

တ႐ုတ္နဲ႔ ရုရွားႏုိင္ငံတို႔ရဲ႕ အဆိုျပဳခ်က္ကို ဘယ္အခ်ိန္မွာ လံုၿခံဳေရးေကာင္စီအဖြဲ႕၀င္ ၁၅ ႏိုင္ငံက မဲခြဲဆံုးျဖတ္ မလဲဆိုတာေတာ့ မေသခ်ာေသးပါဘူး။ တ႐ုတ္နဲ႔ ရုရွားတို႔က အခုလို ပိတ္ဆို႔အေရးယူမႈ ဆန္ရွင္ကို ဖယ္ရွား ေပးတာက အေမရိကန္နဲဲ႔ ေျမာက္ကိုရီးယားႏုိင္ငံတို႔ၾကား ေဆြးေႏြးညွိႏႈိင္းမႈကို အေထာက္အကူျဖစ္ေစလိမ့္မယ္ လို႔ ေျပာပါတယ္။

ဒါ့အျပင္ ျပည္ပပို႔ကုန္ပိတ္ဆို႔မႈဟာ ႏ်ဴကလီးယားဖ်က္သိမ္းေရးနဲ႔ တိုက္႐ုိက္ပတ္သက္မႈမရွိဘဲ လူသားခ်င္းဆုိင္ ရာ ျပႆနာတစ္ခုျဖစ္တယ္လို႔လည္း တ႐ုတ္နဲ႔ ရုရွားက ေျပာပါတယ္။ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက အရာရွိတစ္ဦးကေတာ့ ေျမာက္ကိုရီးယားေပၚ ပိတ္ဆို႔ထားတဲ့ ဆန္ရွင္အေရးယူမႈကို ဖယ္ရွားေပးဖို႔ အခ်ိန္မက် ေသးဘူးလို႔ ႐ုိက္တာသတင္းဌာနကို ေျပာပါတယ္။

တ႐ုတ္နဲ႔ ရုရွားတို႔ရဲ႕ အဆိုျပဳခ်က္ကို အတည္ျပဳႏိုင္ဖို႔ ကုလလံုၿခံဳေရးေကာင္စီအဖြဲ႕၀င္ေတြရဲ႕ ေထာက္ခံမဲ ၉ မဲရရွိဖို႔ လိုအပ္မွာျဖစ္ၿပီး အေမရိကန္၊ ျပင္သစ္၊ ၿဗိတိန္၊ ရုရွားနဲ႔ တ႐ုတ္ႏုိင္ငံတို႔က ဗီတိုအာဏာအသံုးျပဳၿပီး မကန္႔ကြက္ဖို႔လည္း လိုအပ္မွာျဖစ္ပါတယ္။

Ref; Reuters

#PeopleMedia #International

(Unicode)
မြောက်ကိုရီးယားအပေါ် ဆန်ရှင်ပိတ်ဆို့မှုဖယ်ရှားရန် ရုရှားနှင့် တရုတ် အဆိုပြု၊ အမေရိကန် ငြင်းဆို
……………………………………………………………

ကုလလုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားတို့က မြောက်ကိုရီးယားရဲ့ ပြည်ပပို့ကုန်ပိတ်ဆို့ အရေးယူမှုကို ဖယ်ရှားပေးဖို့ အဆိုပြုခဲ့ပေမယ့် အမေရိကန်က အချိန်မကျသေးဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ အဆိုပြုချက်ကို ဘယ်အချိန်မှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ် မလဲဆိုတာတော့ မသေချာသေးပါဘူး။ တရုတ်နဲ့ ရုရှားတို့က အခုလို ပိတ်ဆို့အရေးယူမှု ဆန်ရှင်ကို ဖယ်ရှား ပေးတာက အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား ဆွေးနွေးညှိနှိုင်းမှုကို အထောက်အကူဖြစ်စေလိမ့်မယ် လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်ပပို့ကုန်ပိတ်ဆို့မှုဟာ နျူကလီးယားဖျက်သိမ်းရေးနဲ့ တိုက်ရိုက်ပတ်သက်မှုမရှိဘဲ လူသားချင်းဆိုင် ရာ ပြဿနာတစ်ခုဖြစ်တယ်လို့လည်း တရုတ်နဲ့ ရုရှားက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတစ်ဦးကတော့ မြောက်ကိုရီးယားပေါ် ပိတ်ဆို့ထားတဲ့ ဆန်ရှင်အရေးယူမှုကို ဖယ်ရှားပေးဖို့ အချိန်မကျ သေးဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တရုတ်နဲ့ ရုရှားတို့ရဲ့ အဆိုပြုချက်ကို အတည်ပြုနိုင်ဖို့ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ ထောက်ခံမဲ ၉ မဲရရှိဖို့ လိုအပ်မှာဖြစ်ပြီး အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဗီတိုအာဏာအသုံးပြုပြီး မကန့်ကွက်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

Ref; Reuters

#PeopleMedia #International


Share this post