• Follow Us on
Latest News

Home အကြမ်းဖက်သမားများက မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်၊ မင်းတုန်း အခြေခံပညာအထက်တန်းကျောင်းအား ဖောက်ခွဲဖျက်ဆီး

အကြမ်းဖက်သမားများက မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်၊ မင်းတုန်း အခြေခံပညာအထက်တန်းကျောင်းအား ဖောက်ခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ မတ် ၁၈

 

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြား ပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေး ဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း များနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရသည်။

 

ထိုသို့ ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မြို့စိုး (မြောက်) ကျေးရွာနေ ကမ်းမဖြူ အခြေခံ ပညာ အလယ်တန်းကျောင်းခွဲမှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်စိန် (ခ) မြင့်မြင့်စိန် (၅၇) နှစ် (ဘ) ဦးထွန်းတင်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် မတ်လ ၁၆ ရက် နံနက် ၈ နာရီ မိနစ် ၄၀ တွင် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး ရောက်ရှိလာပြီး ဒေါ်မြင့်စိန် (ခ) မြင့်မြင့်စိန်အား “CDM မလုပ်ဘူးလား” ဟု ခြိမ်းခြောက်ကာ “ဒလန်” ဟု စွပ်စွဲပြောဆို၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် လည်ဂုတ်ပြတ်ရှဒဏ်ရာရရှိ ကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ ၁၇ နံနက် ၄ နာရီ ၄၅ မိနစ်တွင် မင်းတုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ မင်းတုန်းအခြေခံပညာ အထက်တန်းကျောင်းအား အကြမ်းဖက်သမားများက ဂက်(စ်)ဘူး သုံးဘူးကို ဆိုင်ကယ်ကျွတ်စဖြင့်ပတ်ကာ ဓာတ်ဆီလောင်း၍ ကျောင်းခြံစည်းရိုးအပြင်မှ မီးရှို့ပစ်ပေါက်ခဲ့သဖြင့် ကျောင်းအုပ်ကြီး ရုံးခန်းအပြင်ဘက်ဝ ရန်တာသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ပေါက်ကွဲမှုကြောင့် ကျောင်းခြံစည်းရိုးအုတ်တံတိုင်းပျက်စီး၍ ကျောင်းအုပ်ကြီးရုံးခန်း တံခါးမကြီး၏ မှန်များ၊ ပြတင်းပေါက်မှန်များနှင့် အဋ္ဌမတန်း (က) စာသင်ဆောင် အခန်းတံခါးမကြီး၏မှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်ကို မလိုလားဘဲ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျောင်း သား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူး ပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

MOI

 

(unicode)


……………………………………….

 


 


 


 


 


 


 

MOI


Share this post