• Follow Us on

Home တာဝန်များလုပ်ဆောင်သည့်အခါ ကိုယ်ကျိုးမပါဘဲ အများအကျိုးအတွက်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ် ဆောင်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မှာကြား

တာဝန်များလုပ်ဆောင်သည့်အခါ ကိုယ်ကျိုးမပါဘဲ အများအကျိုးအတွက်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ် ဆောင်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မှာကြား

Share this post

စစ်တွေ၊ မတ် ၁၈

 

မိမိတို့တာဝန်များကို လုပ်ဆောင်သည့်အခါ ကိုယ်ကျိုးမပါဘဲ အများအကျိုးအတွက်ဆိုသည့် ရည်ရွယ်ချက်များ ဖြင့် လုပ်ဆောင်သွားကြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက မှာကြားသည်။

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့စဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

 

“စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းတွေဟာ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ ဝန်ထမ်းတွေဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအတိုင်း နေထိုင်လုပ်ဆောင်ကြရမှာဖြစ်တယ်။ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းတွေဟာ မြို့များဖွံဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပဖို့အတွက် လုပ်ဆောင်နေကြတဲ့ ဝန်ထမ်း တွေလည်း ဖြစ်ပါတယ်။ မိမိတို့တာဝန်တွေကို လုပ်ဆောင်တဲ့အခါ ကိုယ်ကျိုးမပါဘဲ အများအကျိုးအတွက်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်သွားကြစေလိုပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော် မင်းက ပြောသည်။

 

အခွန်အခများ ကောက်ခံရာတွင်လည်း ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် တပြေးညီဖြစ်စေရန်လိုကြောင်း၊ တချို့မြိုနယ်များ၌ အခွန်အခများကောက်ခံရာတွင် ပြည်သူများအနေဖြင့် ဝန်ထုတ်ဝန်ပိုးထမ်းရသလို ဖြစ်နေ သည်ကို ကြားတွေ့နေရပါကြောင်း၊ ကောက်ခံရရှိသော အခွန်အခများဖြင့် မြိုများသန့်ရှင်းသာယာလှပရေး၊ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရသောအဖွဲ့ဖြစ်သည့်အတွက်ကြောင့် အခွန်အခများ ပြည့်မီစွာရရှိရေးအတွက်လည်း ဝိုင်းဝန်းကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြောသည်။

 

#PeopleMedia

 

(unicode)


…………………………………..

 


 


 


 


 


 

#PeopleMedia


Share this post