• Follow Us on

Home အ႐ုိးအထူးကုေဆး႐ုံႀကီး(ခုတင္-၅၀၀)၊ မႏၲေလးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာၾကည္လြင္ႏွင့္ ဌာနခြဲစာေရး ဦးေအာင္ေက်ာ္ဦး(ယခု ဦးစီးအရာရွိ (အုပ္ခ်ဳပ္/စီမံ) တုိ႔သည္ က်ပ္သိန္း(၁၄၀)အဂတိလုိက္စားမႈျဖင့္ အမႈဖြင့္ခံရ

အ႐ုိးအထူးကုေဆး႐ုံႀကီး(ခုတင္-၅၀၀)၊ မႏၲေလးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာၾကည္လြင္ႏွင့္ ဌာနခြဲစာေရး ဦးေအာင္ေက်ာ္ဦး(ယခု ဦးစီးအရာရွိ (အုပ္ခ်ဳပ္/စီမံ) တုိ႔သည္ က်ပ္သိန္း(၁၄၀)အဂတိလုိက္စားမႈျဖင့္ အမႈဖြင့္ခံရ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၂၀

 

မႏၲေလးၿမိဳ႕၊ အ႐ုိးအထူးကုေဆး႐ုံႀကီး(ကုတင္ ၅၀၀)မွ ေဆး႐ုံအုပ္ႀကီး ဦးၾကည္လြင္ႏွင့္အဖြဲ႕သည္ ရာထူး တာဝန္မ်ားကို အလြဲသုံးစားျပဳ၍ ေဆး႐ုံအတြင္း လုပ္ကိုင္လ်က္ရွိသည့္ တင္ဒါလုပ္ငန္းရွင္မ်ားထံမွ အျမတ္ထုတ္ ကိုယ္က်ိဳးစီးပြားရွာေနျခင္းအား အေရးယူေပးပါရန္ ဤေကာ္မရွင္သို႔ တိုင္ၾကားခဲ့ပါသည္။

 

တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ အရိုးအထူးကုေဆး႐ုံႀကီး (ခုတင္-၅၀၀)၊ မႏၲေလးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာၾကည္လြင္သည္ အ႐ုိးအထူးကု ေဆး႐ုံဝင္းအတြင္း ယာဥ္ရပ္နားခေကာက္ခံေရး လုပ္ငန္းတင္ဒါေခၚယူျခင္းႏွင့္စပ္လ်ဥ္း၍ တင္ဒါရရွိေအာင္ ေဆာင္႐ြက္ေပးမည္ဟုဆိုကာ ၂၀၁၇-၂၀၁၈ ခုႏွစ္ႏွင့္ ၂၀၁၈-၂၀၁၉ ခုႏွစ္ တင္ဒါရရွိေရးအတြက္ လုပ္ငန္းရွင္ ႏွစ္ဦးထံမွ ေငြက်ပ္ သိန္း(၃၀)စီ စုစုေပါင္း ေငြက်ပ္ သိန္း(၆၀)ကိုလည္းေကာင္း၊ ၂၀၁၉-၂၀၂၀ ခုႏွစ္ႏွင့္ ၂၀၂၀-၂၀၂၁ ခုႏွစ္ တင္ဒါရရွိေရးအတြက္ လုပ္ငန္းရွင္ႏွစ္ဦးထံမွ ေငြက်ပ္ သိန္း(၄၀)စီ စုစုေပါင္း ေငြက်ပ္ သိန္း(၈၀)ကို လည္းေကာင္း၊ စုစုေပါင္းေငြက်ပ္သိန္း ၁၄၀ ကို တံစိုးလက္ေဆာင္အျဖစ္ လက္ခံရယူခဲ့ျခင္းသည္။

 

ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ အဂတိလိုက္စားမႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ အ႐ုိးအထူးကုေဆး႐ုံႀကီး (ခုတင္-၅၀၀)၊ မႏၲေလးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာၾကည္လြင္အေပၚ အဂတိလိုက္ စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရလည္းေကာင္း၊ ဌာနခြဲစာေရး ဦးေအာင္ေက်ာ္ဦး(ယခု ဦးစီးအရာရွိ (အုပ္ခ်ဳပ္/စီမံ)၊ မႏၲေလးတိုင္းေဒသႀကီး ကုသေရးဦးစီးဌာန)သည္ အ႐ုိးအထူးကုေဆး႐ုံႀကီးဝင္းအတြင္း စက္ဘီး/ ဆိုင္ကယ္အပ္ႏွံခေကာက္ခံျခင္း လုပ္ငန္းေနရာႏွစ္ခုအတြက္ ၂၀၁၇-၂၀၁၉ ခုႏွစ္ တင္ဒါရရွိေရး ကူညီေဆာင္႐ြက္ေပးမည္ဟုဆိုကာ ေငြက်ပ္ (၂)သိန္းကို လည္းေကာင္း၊ တင္ဒါေကာ္မတီဝင္မ်ားအား ကန္ေတာ့ရန္ဟုဆိုကာ ေငြက်ပ္(၃)သိန္းကို လည္းေကာင္း၊ တင္ဒါေအာင္ျမင္သူထံမွ ေငြက်ပ္ (၇)သိန္းခန္႔ တန္ဖိုးရွိ Camera ႏွင့္ Laptop တို႔ကိုလည္းေကာင္း တံစိုးလက္ေဆာင္အျဖစ္ လက္ခံရယူခဲ့ေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့သည္။

 

အဆုိပါျဖစ္စဥ္ေၾကာင့္ ဌာနခြဲစာေရး ဦးေအာင္ေက်ာ္ဦး(ယခု ဦးစီးအရာရွိ (အုပ္ခ်ဳပ္/စီမံ)၊ မႏၲေလးတိုင္းေဒသ ႀကီး ကုသေရးဦးစီးဌာန)အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၇ အရလည္းေကာင္း မႏၲေလး တိုင္းေဒသႀကီး၊ အမွတ္(၁၁)နယ္ေျမရဲစခန္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ တြင္ ၂၀-၁၂-၂၀၁၉ ရက္ေန႔၌ ပထမ သတင္းေပးတိုင္ၾကားခ်က္ ဖြင့္လွစ္၍ တရားစြဲဆို အေရးယူနိုင္ေရး ေဆာင္႐ြက္လ်က္ရွိပါသည္။

#PeopleMedia

(Unicode)

ရန်ကုန်၊ ဒီဇင်ဘာ – ၂၀

မန္တလေးမြို့၊ အရိုးအထူးကုဆေးရုံကြီး(ကုတင် ၅၀၀)မှ ဆေးရုံအုပ်ကြီး ဦးကြည်လွင်နှင့်အဖွဲ့သည် ရာထူး တာဝန်များကို အလွဲသုံးစားပြု၍ ဆေးရုံအတွင်း လုပ်ကိုင်လျက်ရှိသည့် တင်ဒါလုပ်ငန်းရှင်များထံမှ အမြတ်ထုတ် ကိုယ်ကျိုးစီးပွားရှာနေခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အရိုးအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်သည် အရိုးအထူးကု ဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခကောက်ခံရေး လုပ်ငန်းတင်ဒါခေါ်ယူခြင်းနှင့်စပ်လျဉ်း၍ တင်ဒါရရှိအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ၂၀၁၇-၂၀၁၈ ခုနှစ်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင် နှစ်ဦးထံမှ ငွေကျပ် သိန်း(၃၀)စီ စုစုပေါင်း ငွေကျပ် သိန်း(၆၀)ကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်နှင့် ၂၀၂၀-၂၀၂၁ ခုနှစ် တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင်နှစ်ဦးထံမှ ငွေကျပ် သိန်း(၄၀)စီ စုစုပေါင်း ငွေကျပ် သိန်း(၈၀)ကို လည်းကောင်း၊ စုစုပေါင်းငွေကျပ်သိန်း ၁၄၀ ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်းသည်။

ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အရိုးအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်အပေါ် အဂတိလိုက် စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန)သည် အရိုးအထူးကုဆေးရုံကြီးဝင်းအတွင်း စက်ဘီး/ ဆိုင်ကယ်အပ်နှံခကောက်ခံခြင်း လုပ်ငန်းနေရာနှစ်ခုအတွက် ၂၀၁၇-၂၀၁၉ ခုနှစ် တင်ဒါရရှိရေး ကူညီဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကျပ် (၂)သိန်းကို လည်းကောင်း၊ တင်ဒါကော်မတီဝင်များအား ကန်တော့ရန်ဟုဆိုကာ ငွေကျပ်(၃)သိန်းကို လည်းကောင်း၊ တင်ဒါအောင်မြင်သူထံမှ ငွေကျပ် (ရ)သိန်းခန့် တန်ဖိုးရှိ Camera နှင့် Laptop တို့ကိုလည်းကောင်း တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသ ကြီး ကုသရေးဦးစီးဌာန)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရလည်းကောင်း မန္တလေး တိုင်းဒေသကြီး၊ အမှတ်(၁၁)နယ်မြေရဲစခန်း၊ ချမ်းအေးသာစံမြို့နယ် တွင် ၂၀-၁၂-၂၀၁၉ ရက်နေ့၌ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

#PeopleMedia


Share this post