• Follow Us on

Home NLD အစိုးရဖြဲ႕စည္းထားေသာ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန ထင္သေလာက္ အလုပ္မျဖစ္ေၾကာင္း တိုင္းရင္းသားပါတီမ်ားေျပာ

NLD အစိုးရဖြဲ႕စည္းထားေသာ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန ထင္သေလာက္ အလုပ္မျဖစ္ေၾကာင္း တိုင္းရင္းသားပါတီမ်ားေျပာ

Share this post

တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာနဟာ တိုင္းရင္းသားလူမ်ိဳးမ်ားအားလုံး တန္းတူညီမွ်တဲ့ ႏိုင္ငံသားအခြင့္ အေရးမ်ားနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒပါအခြင့္အေရးမ်ားကို အျပည့္အဝရရွိေစေရး စတဲ့ကိစၥေတြ အပါအ၀င္ ၀န္ႀကီးဌာနရဲ႕ ငါးႏွစ္တာသက္တမ္းအတြင္း တိုင္းရင္းသားေတြအတြက္ ဘယ္ေလာက္ အေထာက္အကူ ျဖစ္ခဲ့လည္းဆိုတာကို People Media က တိုင္းရင္းသားပါတီကို ဆက္သြယ္ေမးျမန္းထားပါတယ္။
(unicode)
NLD အစိုးရဖွဲ့စည်းထားသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ထင်သလောက် အလုပ်မဖြစ်ကြောင်း တိုင်းရင်းသားပါတီများပြော
……………………………………………………………..
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဟာ တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီမျှတဲ့ နိုင်ငံသားအခွင့် အရေးများနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးများကို အပြည့်အဝရရှိစေရေး စတဲ့ကိစ္စတွေ အပါအဝင် ဝန်ကြီးဌာနရဲ့ ငါးနှစ်တာသက်တမ်းအတွင်း တိုင်းရင်းသားတွေအတွက် ဘယ်လောက် အထောက်အကူ ဖြစ်ခဲ့လည်းဆိုတာကို People Media က တိုင်းရင်းသားပါတီကို ဆက်သွယ်မေးမြန်းထားပါတယ်။

(ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေက်ာ္ျမင့္)
တိုင္းရင္းသားေရးရာ၀န္ႀကီးဌာနအေနနဲ႔ အဲ့ေလာက္ေတာ့ လုပ္ေဆာင္ခ်က္ေတြကေတာ့ လုပ္ႏိုင္မယ္လို႔ေတာ့ မထင္ပါဘူး၊ တန္းတူအခြင့္အေရးေတြဆိုတာလည္း ေျပာတာပဲရွိတာ ၂၀၀၈ ဖြဲ႕စည္းပံုေအာက္မွာ ဘယ္လို မျဖစ္ႏိုင္ဘူး၊ တန္းတူညီမွ်ေရးဆိုတာ ဘယ္လိုမွ ရႏိုင္စရာ အေၾကာင္းမရွိဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ လုပ္ဖို႔ ကိုင္ဖို႔ ကိစၥမွန္သမွ်က ျပည္ေထာင္စုအစိုးရက အာဏာလုပ္ပိုင္ခြင့္ကို သိမ္းႀကံဳယူထားေတာ့ က်န္တဲ့သူေတြက ရတာေလးနဲ႔ပဲ လုပ္ရတာဆိုေတာ့ ေပါက္ေပါက္ေျမာက္ေျမာက္ေတာ့ ျဖစ္မယ္မထင္ဘူး၊ ယဥ္ေက်းမႈ ဘာသာ စကားေတြဆိုတာလည္း ဖြဲ႕စည္းပံုမွာ ေျပာထားေပမယ့္ အဲ့ေလာက္ထိ ဖြံၿဖိဳးတိုးတက္လာတာမွမဟုတ္တာ ဘာျဖစ္လို႔လည္းဆိုေတာ့ လုပ္ပိုင္ခြင့္ မရွိလို႔ေလ၊ ေဘာင္ထဲက လုပ္ေနရေတာ့ ဖြံၿဖိဳးတိုးတက္မႈဆိုတာ သိပ္မျဖစ္ေလာက္ဘူးေလ၊ အန္ကယ္တို႔ ေတာင္းေနတာလဲ ႏိုင္ငံေရးအရ ညီမွ်ရမယ္၊ လူမ်ိဳးေရးအရ ညီမွ်ရမယ္၊ တကယ့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးေပးရမယ္လို႔ ေျပာၾကတာဘဲ ဒါကလည္း ပင္လံုစာခ်ဳပ္အရ ေျပာရတာပဲ၊ ဒါေပမဲ့ အဲ့ဒီအခြင့္အေရးေတြက တစ္ခါမွကို မရခဲ့တာ၊ တိုင္းရင္းသားေရးရာ၀န္ႀကီးဌာနမွာလည္း ဥပေဒရွိတယ္ေလ၊ အဲ့ဒီဥပေဒအရ ကိုယ့္ရဲ႕ ယဥ္ေက်းမႈ ဘာသာစကားတို႔ အဲ့ေလာက္ပဲ သူတို႔ လုပ္လို႔ရတာ ေပါ့၊ က်န္တဲ့ကိစၥေတြကေတာ့ လုပ္ႏိုင္စရာမရွိပါဘူး။

(unicode)
(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်မြင့်)
တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေနဲ့ အဲ့လောက်တော့ လုပ်ဆောင်ချက်တွေကတော့ လုပ်နိုင်မယ်လို့တော့ မထင်ပါဘူး၊ တန်းတူအခွင့်အရေးတွေဆိုတာလည်း ပြောတာပဲရှိတာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဘယ်လို မဖြစ်နိုင်ဘူး၊ တန်းတူညီမျှရေးဆိုတာ ဘယ်လိုမှ ရနိုင်စရာ အကြောင်းမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လုပ်ဖို့ ကိုင်ဖို့ ကိစ္စမှန်သမျှက ပြည်ထောင်စုအစိုးရက အာဏာလုပ်ပိုင်ခွင့်ကို သိမ်းကြုံယူထားတော့ ကျန်တဲ့သူတွေက ရတာလေးနဲ့ပဲ လုပ်ရတာဆိုတော့ ပေါက်ပေါက်မြောက်မြောက်တော့ ဖြစ်မယ်မထင်ဘူး၊ ယဉ်ကျေးမှု ဘာသာ စကားတွေဆိုတာလည်း ဖွဲ့စည်းပုံမှာ ပြောထားပေမယ့် အဲ့လောက်ထိ ဖွံဖြိုးတိုးတက်လာတာမှမဟုတ်တာ ဘာဖြစ်လို့လည်းဆိုတော့ လုပ်ပိုင်ခွင့် မရှိလို့လေ၊ ဘောင်ထဲက လုပ်နေရတော့ ဖွံဖြိုးတိုးတက်မှုဆိုတာ သိပ်မဖြစ်လောက်ဘူးလေ၊ အန်ကယ်တို့ တောင်းနေတာလဲ နိုင်ငံရေးအရ ညီမျှရမယ်၊ လူမျိုးရေးအရ ညီမျှရမယ်၊ တကယ့် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရမယ်လို့ ပြောကြတာဘဲ ဒါကလည်း ပင်လုံစာချုပ်အရ ပြောရတာပဲ၊ ဒါပေမဲ့ အဲ့ဒီအခွင့်အရေးတွေက တစ်ခါမှကို မရခဲ့တာ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှာလည်း ဥပဒေရှိတယ်လေ၊ အဲ့ဒီဥပဒေအရ ကိုယ့်ရဲ့ ယဉ်ကျေးမှု ဘာသာစကားတို့ အဲ့လောက်ပဲ သူတို့ လုပ်လို့ရတာ ပေါ့၊ ကျန်တဲ့ကိစ္စတွေကတော့ လုပ်နိုင်စရာမရှိပါဘူး။

(ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီဥကၠ႒ ဦးမန္းေအာင္ျပည္စိုး)

ဒီဘက္အစိုးရလက္ထက္မွာေတာ့ ကြ်န္ေတာ္တို႔ တိုင္းရင္းသားပါတီေတြကို ေျပာဆိုဆက္ဆံတာ ဘာမွ မရွိပါဘူး၊ ကိုယ့္ျပည္နယ္တည္ေဆာက္ေရးအတြက္ အစည္းအေ၀းေခၚတာ ေတြ႕ဆံုေဆြးေႏြးတာ ဘာတစ္ခုမွ မရွိဘူး၊ ဒါကေတာ့ တိုင္းရင္းသားေတြ ဘက္ကျပန္ၾကည့္မယ္ဆိုရင္ အစဥ္မေျပဘူးေပါ့၊ ၿငိမ္းခ်မ္းေရးကိစၥပဲ ျဖစ္ျဖစ္ ဘာကိစၥပဲျဖစ္ျဖစ္ ေတြ႕ဆံုေဆြးေႏြးမႈမရွိဘူး၊ လံု၀ကို စာရင္းကို မထည့္ထားတဲ့ပံုစံဆိုေတာ့ ေျပာရေတာ္ေတာ္ ခက္ပါတယ္၊ ဘယ္လိုပဲျဖစ္ျဖစ္ တိုင္းရင္းသားေရးရာ၀န္ႀကီးဌာနဆိုေတာ့ လက္ရွိ အာဏာရ အစိုးရက ဖြဲ႕စည္းထားတဲ့အဖြဲ႕အစည္း ျဖစ္တယ္၊ တိုင္းရင္းသားေတြနဲ႔ဆို သူက ၾကားလူေပါ့၊ အဲ့ေတာ့ တြဲေခၚသင့္တာကို တြဲေခၚရမယ္ အစည္းအေ၀းေတြ ဖိတ္သင့္တယ္၊ ဒါမ်ိဳးေလးေတြေတာ့ လုပ္သင့္ တယ္ထင္တယ္၊ အခုက သူက ဘာေတြလုပ္ေနလည္းဆိုတာ ကြ်န္ေတာ္တို႔လည္း သိပ္မသိရဘူး၊ အဲ့ေတာ့ သူတို႔ အစိုးရရဲ႕ မူ၀ါဒနဲ႔ဘဲ လုပ္ေနတယ္လို႔ ကြ်န္ေတာ္တို႔က သံုးသပ္တယ္၊

(unicode)
(ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုး)

ဒီဘက်အစိုးရလက်ထက်မှာတော့ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေကို ပြောဆိုဆက်ဆံတာ ဘာမှ မရှိပါဘူး၊ ကိုယ့်ပြည်နယ်တည်ဆောက်ရေးအတွက် အစည်းအဝေးခေါ်တာ တွေ့ဆုံဆွေးနွေးတာ ဘာတစ်ခုမှ မရှိဘူး၊ ဒါကတော့ တိုင်းရင်းသားတွေ ဘက်ကပြန်ကြည့်မယ်ဆိုရင် အစဉ်မပြေဘူးပေါ့၊ ငြိမ်းချမ်းရေးကိစ္စပဲ ဖြစ်ဖြစ် ဘာကိစ္စပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးမှုမရှိဘူး၊ လုံဝကို စာရင်းကို မထည့်ထားတဲ့ပုံစံဆိုတော့ ပြောရတော်တော် ခက်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနဆိုတော့ လက်ရှိ အာဏာရ အစိုးရက ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း ဖြစ်တယ်၊ တိုင်းရင်းသားတွေနဲ့ဆို သူက ကြားလူပေါ့၊ အဲ့တော့ တွဲခေါ်သင့်တာကို တွဲခေါ်ရမယ် အစည်းအဝေးတွေ ဖိတ်သင့်တယ်၊ ဒါမျိုးလေးတွေတော့ လုပ်သင့် တယ်ထင်တယ်၊ အခုက သူက ဘာတွေလုပ်နေလည်းဆိုတာ ကျွန်တော်တို့လည်း သိပ်မသိရဘူး၊ အဲ့တော့ သူတို့ အစိုးရရဲ့ မူဝါဒနဲ့ဘဲ လုပ်နေတယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်၊

(တိုင္လိုင္(ရွမ္းနီ)အမ်ိဳးသားဖြံၿဖိဳးတိုးတက္ေရးပါတီဥကၠ႒ ဦးစိုင္းေဌးေအာင္)
ဖြဲ႕စည္းပံုအတိုင္း တိုင္းရင္းသားအခြင့္အေရးကေတာ့ ဘယ္ရမလဲ၊ တိုင္းရင္းသားေတြအားလံုးက ကိုယ့္ေဒသ ထဲမွာ စီမံခန္႔ခြဲခ်င္တယ္ ကိုယ္ပိုင္ျပဠာန္းခ်င္တယ္ အဲ့ဒါေတြကို ေတာင္းဆိုေနတာ ျဖစ္တယ္၊ ဥပမာ တိုင္းရင္း သား စာေပေလး ျပင္ေပးရံုနဲ႔ က်န္မာေရးေလးေစာင့္ေရွာက္ေပးရံုနဲ႔ လမ္းေလးခင္းေပးရံုနဲ႔ တံတားေလး လုပ္ေပးရံုနဲ႔ ကြ်န္ေတာ္တို႔က ေက်နပ္လို႔မရဘူး၊ ကိုယ့္ေဒသက ထြက္ရွိတဲ့ သယံဇာတေတြ ကိုယ့္ေဒသက ကိစၥေတြ ဒီအားလံုးကို စီမံခန္႔ခြဲခြင့္ရမွ ျဖစ္မွာပါ၊ အခုတိုင္းရင္းသားေတြ လက္နက္ကိုင္ၿပီး တိုက္ေနတယ္ဆိုတာ တိုင္းရင္းသားေတြ ႏိုင္ငံေရးပါတီေထာင္ၿပီး လုပ္ေနတယ္ဆိုတာ ကြ်န္ေတာ္တို႔ရဲ႕ ကိုယ္ပိုင္ျပဠာန္းခြင့္ကို ရရွိေအာင္လုပ္တာျဖစ္ပါတယ္၊ ဖယ္ဒရယ္ကို သြာမွဘဲ အဲ့ဒီမွာ တိုင္းရင္းသားအခြင့္အေရးေတြကို ေဆြးေႏြးမွ ရမွာဘဲ၊ အခုတိုင္းနဲ႔ ျပည္နယ္ေတြမွာ တိုင္းရင္းသားေရးကိစၥကို ဘာေတြလုပ္ေပးေနလည္းဆိုရင္ ျပည္နယ္ ေတြရဲ႕ေရးရာ၀န္ႀကီးေတြ ေတာ္ရင္ေတာ္သလို လုပ္ခြင့္ရပါတယ္၊

(unicode)
(တိုင်လိုင်(ရှမ်းနီ)အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်)
ဖွဲ့စည်းပုံအတိုင်း တိုင်းရင်းသားအခွင့်အရေးကတော့ ဘယ်ရမလဲ၊ တိုင်းရင်းသားတွေအားလုံးက ကိုယ့်ဒေသ ထဲမှာ စီမံခန့်ခွဲချင်တယ် ကိုယ်ပိုင်ပြဠာန်းချင်တယ် အဲ့ဒါတွေကို တောင်းဆိုနေတာ ဖြစ်တယ်၊ ဥပမာ တိုင်းရင်း သား စာပေလေး ပြင်ပေးရုံနဲ့ ကျန်မာရေးလေးစောင့်ရှောက်ပေးရုံနဲ့ လမ်းလေးခင်းပေးရုံနဲ့ တံတားလေး လုပ်ပေးရုံနဲ့ ကျွန်တော်တို့က ကျေနပ်လို့မရဘူး၊ ကိုယ့်ဒေသက ထွက်ရှိတဲ့ သယံဇာတတွေ ကိုယ့်ဒေသက ကိစ္စတွေ ဒီအားလုံးကို စီမံခန့်ခွဲခွင့်ရမှ ဖြစ်မှာပါ၊ အခုတိုင်းရင်းသားတွေ လက်နက်ကိုင်ပြီး တိုက်နေတယ်ဆိုတာ တိုင်းရင်းသားတွေ နိုင်ငံရေးပါတီထောင်ပြီး လုပ်နေတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပြဠာန်းခွင့်ကို ရရှိအောင်လုပ်တာဖြစ်ပါတယ်၊ ဖယ်ဒရယ်ကို သွာမှဘဲ အဲ့ဒီမှာ တိုင်းရင်းသားအခွင့်အရေးတွေကို ဆွေးနွေးမှ ရမှာဘဲ၊ အခုတိုင်းနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသားရေးကိစ္စကို ဘာတွေလုပ်ပေးနေလည်းဆိုရင် ပြည်နယ် တွေရဲ့ရေးရာဝန်ကြီးတွေ တော်ရင်တော်သလို လုပ်ခွင့်ရပါတယ်၊

(ကယားျပည္နယ္ဒီမိုကရင္တစ္ပါတီဥကၠ႒ ဦးဖိုးရယ္)
ကြ်န္ေတာ္တို႔ တိုင္းရင္းသားေတြအတြက္ ထင္သေလာက္ေတာင္ မလုပ္ႏိုင္ပါဘူး၊ တစ္ခါတစ္ေလ လူထု ကေျပာတယ္၊ ဒီတိုင္းရင္းသားေရးရာ၀န္ႀကီးဆိုတာ တာ၀န္က ဘာလည္းတဲ့ သေဘာက ရွိလည္းဘာမွ မထူးဘူးေပါ့၊ တစ္ျခားတိုင္းနဲ႔ ျပည္နယ္ေတာ့ ကြ်န္ေတာ္ မသိဘူးေပါ့၊ ဒီလိုပဲ လုပ္ေနရင္ေတာ့ တိုင္းရင္းသားေတြရဲ႕ ရည္မွန္းခ်က္ ေမွ်ာ္မွန္းခ်က္ေတြ ျပည့္မွာ မဟုတ္ဘူး၊ ကြ်န္ေတာ္တို႔ လိုခ်င္တာ တန္းတူအခြင့္အေရးေပါ့၊ ဥပမာ ေက်ာင္းေတြမွာ ဗမာစာသင္သလို ကြ်န္ေတာ္တို႔ စာေပကိုလည္း သင္ခ်င္တာေပါ့၊ ဒါေပမဲ့ တိုင္းရင္းသား ဘာသာစကားဆိုရင္ ေက်ာင္းခ်ိန္ျပင္ပမွ သင္တာေတြ ဒါေတြက တန္းတူအခြင့္အေရး ဘယ္လိုလို႔ ျဖစ္ႏိုင္မွာတုုန္း၊ ကြ်န္ေတာ္တို႔ အေနနဲ႔ကေတာ့ တိုင္းရင္းသားေရးရာ ကိစၥေတြကို လံုး၀အားမရပါဘူး၊ တိုင္းရင္းသားအတြက္ တကယ္ထဲထဲ၀င္၀င္ လုပ္ေပးမွသာလွ်င္ တိုးတက္မွာ၊ တိုင္းရင္းသားေရးရာ၀န္ႀကီးေတြဆိုတာ ရံုးမွာထိုင္ေနလို႔ မရဘူး၊ သေဘာက တိုင္းရင္းသား ေခါင္းေဆာင္ေတြနဲ႔ တိုင္းရင္းသား ဆရာဆရာမေတြနဲ႔ တိုင္ပင္ေဆြးေႏြးဖို႔ လိုတယ္ေပါ့ အဲ့လို တိုင္ပင္ေဆြးေႏြးမွသာလွ်င္ တိုင္းရင္းသား ကိစၥေတြကို ပိုၿပီးက်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ႏိုင္မွာေပါ့၊ တကယ္တန္းေတာ့ ကြ်န္ေတာ္တို႔ အေနနဲ႔ တိုင္းရင္းသားေရးရာ၀န္ႀကီးဌာနကို လိုလားပါတယ္။

(unicode)
(ကယားပြည်နယ်ဒီမိုကရင်တစ်ပါတီဥက္ကဋ္ဌ ဦးဖိုးရယ်)
ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် ထင်သလောက်တောင် မလုပ်နိုင်ပါဘူး၊ တစ်ခါတစ်လေ လူထု ကပြောတယ်၊ ဒီတိုင်းရင်းသားရေးရာဝန်ကြီးဆိုတာ တာဝန်က ဘာလည်းတဲ့ သဘောက ရှိလည်းဘာမှ မထူးဘူးပေါ့၊ တစ်ခြားတိုင်းနဲ့ ပြည်နယ်တော့ ကျွန်တော် မသိဘူးပေါ့၊ ဒီလိုပဲ လုပ်နေရင်တော့ တိုင်းရင်းသားတွေရဲ့ ရည်မှန်းချက် မျှော်မှန်းချက်တွေ ပြည့်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့ လိုချင်တာ တန်းတူအခွင့်အရေးပေါ့၊ ဥပမာ ကျောင်းတွေမှာ ဗမာစာသင်သလို ကျွန်တော်တို့ စာပေကိုလည်း သင်ချင်တာပေါ့၊ ဒါပေမဲ့ တိုင်းရင်းသား ဘာသာစကားဆိုရင် ကျောင်းချိန်ပြင်ပမှ သင်တာတွေ ဒါတွေက တန်းတူအခွင့်အရေး ဘယ်လိုလို့ ဖြစ်နိုင်မှာတုုန်း၊ ကျွန်တော်တို့ အနေနဲ့ကတော့ တိုင်းရင်းသားရေးရာ ကိစ္စတွေကို လုံးဝအားမရပါဘူး၊ တိုင်းရင်းသားအတွက် တကယ်ထဲထဲဝင်ဝင် လုပ်ပေးမှသာလျှင် တိုးတက်မှာ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေဆိုတာ ရုံးမှာထိုင်နေလို့ မရဘူး၊ သဘောက တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ဆရာဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုတယ်ပေါ့ အဲ့လို တိုင်ပင်ဆွေးနွေးမှသာလျှင် တိုင်းရင်းသား ကိစ္စတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာပေါ့၊ တကယ်တန်းတော့ ကျွန်တော်တို့ အနေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို လိုလားပါတယ်။


Share this post