• Follow Us on

Home ကောလင်းနှင့် ဘုတလင်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များအတွင်းသို့ PDF က လောင်ချာ၊ စိန် ပြောင်းများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေးငယ် (၂) ဦး ဒဏ်ရာရရှိ

ကောလင်းနှင့် ဘုတလင်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များအတွင်းသို့ PDF က လောင်ချာ၊ စိန် ပြောင်းများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေးငယ် (၂) ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များ အတွင်းသို့ PDF များက ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး (၂) ပါးနှင့် ကလေးငယ် (၂) ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် PDF များသည် ခေါပြင်ချောင်းတံတားအနီးမှနေ၍ ကောလင်းမြို့နယ်၊ ကျော်ဇေယျာရပ်ကွက်အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဗုံးသီးမှာ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေသည့် သုနန္ဒာရာမ ဘုန်းကြီးကျောင်းအတွင်းရှိ သာသနာရေး ဝန်ကြီးဌာန၊ အမှတ်(၂) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင် ရှင်အာသဖ (၁၄) နှစ်၊ ဝါတော် ၂ ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး (၁၃) နှစ်နှင့် မောင်ဝေလင်းအောင် (၁၄) နှစ်တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ထို့နောက် မွန်းလွဲ ၃ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ မြဝတီရပ်ကွက်နှင့် ခုံမင်းကြီးရပ်ကွက်များအတွင်းသို့ PDF များက ရွှေတောင်ကျေးရွာအနီးနှင့် လွှဲတဲကျေးရွာ ဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် စိန်ပြောင်းဗုံးသီးများသည် မြဝတီရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံး၊ ရပ်ကွက်ဘောလုံးကွင်း၊ မြို့မဈေးရှေ့ နှင့် ခုံမင်းကြီးရပ်ကွက်ရှိ ဆောင်တန်းကြီးဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှု ကြောင့် အဆိုပါဘုန်းကြီးကျောင်းရှိ ကိုရင်ကြီး ဥူးဝီရီယ(ခ)ဦးဝင်းအောင်သန်း (၄၀) နှစ်တွင် ဗုံးသီးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 

#PeopleMedia


Share this post