• Follow Us on

Home ေကာ့က္ဘဇား႐ွိဘဂၤါလီစခန္းမ်ားတြင္ အာဆာအၾကမ္းဖက္အဖြဲ႔ ႐ွိမေနေၾကာင္း ဘဂၤလားေဒ့႐ွ္အာဏာပိုင္မ်ား ေျပာ

ေကာ့က္ဘဇား႐ွိဘဂၤါလီစခန္းမ်ားတြင္ အာဆာအၾကမ္းဖက္အဖြဲ႔ ႐ွိမေနေၾကာင္း ဘဂၤလားေဒ့႐ွ္အာဏာပိုင္မ်ား ေျပာ

Share this post

ဒါကာ၊ ၾသဂုတ္ ၁၉

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)စခန္းမ်ားတြင္ အာရကန္႐ိုဟင္ဂ်ာကယ္တင္ေရးတပ္ဖြဲ႔(အာဆာ) လႈပ္႐ွားမႈမ်ား႐ွိေနသည္ဆိုသည့္အခ်က္ႏွင့္ ပါကစၥတန္ေထာက္လွမ္းေရးေအဂ်င္စီ (ISI)၏ေက်ာ ေထာက္ေနာက္ခံျဖင့္ ေလ့က်င့္မႈမ်ားလုပ္ေနေၾကာင္း အိႏၵိယမီဒီယာမ်ားေဖာ္ျပမႈကို ဘဂၤလားေဒ့ ႐ွ္အာဏာပိုင္မ်ားက ျငင္ဆိုလိုက္သည္။

စခန္းမ်ားတြင္ အာဆာတည္႐ွိမေနေၾကာင္း အာဏာပိုင္မ်ားက က႑အလိုက္ေျပာခဲ့ၿပီး စစ္ေသြးႂကြမ်ား ေလ့က်င့္ေပးမႈအပါအ၀င္ သူတို႔၏လႈပ္႐ွားမႈမ်ားႏွင့္ပတ္သက္၍ေမးခြန္းမ်ားထြက္ေပၚလာျခင္းမ႐ွိေပ။

ပါကစၥတန္အစိုးရေထာက္လွမ္းေရးေအဂ်င္စီ(ISI)က ျမန္မာႏိုင္ငံမွအာဆာမ်ားကို ေထာက္ပံ့ေနၿပီး စစ္ေသြး ႂကြမ်ားကိုေလ့က်င့္ရန္ ဘဂၤလားေဒ့႐ွ္အၾကမ္းဖက္အဖြဲ႔တစ္ဖြဲ႔ကို ေထာက္ပံ့ေနေၾကာင္း ၾသဂုတ္ ၁၅ ရက္တြင္ အိႏၵိယမီဒီယာအမ်ားအျပားက ေဖာ္ျပသည္။

အာဆာကို ဘဂၤလားေဒ့႐ွ္ႏွင့္အိႏၵိယလံုျခံဳေရးတပ္ဖြဲ႔မ်ားက ပူးေပါင္းႏွိမ္ႏွင္းေနသည္ဟုလည္း သတင္းမ်ားတြင္ပါ ၀င္သည္။

ေဖေဖာ္ဝါရီ ၁၃ ရက္က ဂ်ာမနီသတင္းေအဂ်င္စီ DW တြင္ေဖာ္ျပသည့္သတင္းကိုအေျခခံၿပီး အိႏၵိယမီဒီယာမ်ား တြင္ သတင္းေဖာ္ျပခဲ့ျခင္းျဖစ္ၿပီး DW သတင္းကလည္း အိႏၵိယသတင္းစာတစ္ေစာင္ေပၚတြင္ အေျခခံေရးသား ထားျခင္းျဖစ္သည္။

“႐ိုဟင္ဂ်ာစခန္းေတြမွာ အာဆာ ဒါမွမဟုတ္ တျခားအၾကမ္းဖက္အဖြဲ႔ေတြတည္႐ွိမေနပါဘူး။ ၿပီးေတာ့ အာဆာ ကိုတိုက္ခိုက္ဖို႔ ကၽြန္ေတာ့္တပ္ဖြဲ႔ေတြက အိႏၵိယေတြနဲ႔ပူးေပါင္းလုပ္ေနတာ မ႐ွိပါဘူး” ဟု ေကာ့က္စ္ဘဇား ခ႐ိုင္ရဲမွဴးႀကီး မာဆြတ္ ဟူစိန္က ဒါကာထရီႁဗြန္းသတင္းစာကိုေျပာသည္။

“စခန္းေတြမွာ အာဆာလႈပ္႐ွားမႈေတြ႐ွိမေနပါဘူး။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ဘက္က ေသခ်ာပါတယ္” ဟု ဒုကၡသည္မ်ားကယ္ဆယ္ေရးႏွင့္ေနရပ္ျပန္ေရးမဟာမင္းႀကီး႐ံုး (RRRC)မွအရာ႐ွိႀကီး ကာဇီ မိုဟာမက္ မိုဇမ္မယ္ ဟိုေကးကေျပာသည္။

“တရားဥပေဒစိုးမိုးေရးအရာ႐ွိေတြ၊ ေထာက္လွမ္းေရးေအဂ်င္စီေတြနဲ႔ ကၽြန္ေတာ္တို႔ပံုမွန္အဆက္အသြယ္႐ွိ ပါတယ္။ ကၽြန္ေတာ္တို႔ဆီ အဲဒီလိုအစီရင္ခံစာမ်ိဳးေရာက္မလာပါဘူး” ဟုလည္းေျပာသည္။

ေနရပ္ျပန္ေရးလုပ္ငန္းစဥ္မ်ားေႏွာင့္ေႏွးေစရန္ အိႏၵိယမီဒီယာမ်ားက ျမန္မာအာဏာပိုင္မ်ားကဲ့သို႔ ေျပာဆို ေနေၾကာင္း ဟုလည္းေျပာသည္။

အာဆာအေၾကာင္း ၾကားဖူးေသာ္လည္း လႈပ္႐ွားမႈတစံုတရာမျမင္ဖူးေၾကာင္း စခန္းမ်ားတြင္ေနထိုင္သည့္ဘဂၤါလီ မ်ားကေျပာသည္။

ယခုသတင္းမ်ားသည္ တစ္ဖက္ေစာင္းနင္းျဖစ္ေနၿပီး ေနာက္ကြယ္မွလႈံ႔ေဆာ္မႈမ်ား႐ွိေနေၾကာင္းႏွင့္ တိက် သည့္ပထဝီႏိုင္ငံေရးအစီအစဥ္တစ္ခုကို လူသိမ်ားေစရန္ရည္႐ြယ္ေနေၾကာင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာ ပါကစၥတန္သံ႐ံုးမွ ျပန္ၾကားေရးေကာင္စစ္၀န္ မူဟာမက္ ေအာ္ရန္ဇက္ ဟာရယ္ကေျပာသည္။

Ref : Govt officials: No existence of ARSA in Rohingya camps

#PeopleMedia

(unicode)
ကော့က်ဘဇားရှိဘင်္ဂါလီစခန်းများတွင် အာဆာအကြမ်းဖက်အဖွဲ့ ရှိမနေကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ပြော
…………………………………………………

ဒါကာ၊ ဩဂုတ် ၁၉

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)စခန်းများတွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့(အာဆာ) လှုပ်ရှားမှုများရှိနေသည်ဆိုသည့်အချက်နှင့် ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီ (ISI)၏ကျော ထောက်နောက်ခံဖြင့် လေ့ကျင့်မှုများလုပ်နေကြောင်း အိန္ဒိယမီဒီယာများဖော်ပြမှုကို ဘင်္ဂလားဒေ့ ရှ်အာဏာပိုင်များက ငြင်ဆိုလိုက်သည်။

စခန်းများတွင် အာဆာတည်ရှိမနေကြောင်း အာဏာပိုင်များက ကဏ္ဍအလိုက်ပြောခဲ့ပြီး စစ်သွေးကြွများ လေ့ကျင့်ပေးမှုအပါအဝင် သူတို့၏လှုပ်ရှားမှုများနှင့်ပတ်သက်၍မေးခွန်းများထွက်ပေါ်လာခြင်းမရှိပေ။

ပါကစ္စတန်အစိုးရထောက်လှမ်းရေးအေဂျင်စီ(ISI)က မြန်မာနိုင်ငံမှအာဆာများကို ထောက်ပံ့နေပြီး စစ်သွေး ကြွများကိုလေ့ကျင့်ရန် ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ကို ထောက်ပံ့နေကြောင်း ဩဂုတ် ၁၅ ရက်တွင် အိန္ဒိယမီဒီယာအများအပြားက ဖော်ပြသည်။

အာဆာကို ဘင်္ဂလားဒေ့ရှ်နှင့်အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များက ပူးပေါင်းနှိမ်နှင်းနေသည်ဟုလည်း သတင်းများတွင်ပါ ဝင်သည်။

ဖေဖော်ဝါရီ ၁၃ ရက်က ဂျာမနီသတင်းအေဂျင်စီ DW တွင်ဖော်ပြသည့်သတင်းကိုအခြေခံပြီး အိန္ဒိယမီဒီယာများ တွင် သတင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး DW သတင်းကလည်း အိန္ဒိယသတင်းစာတစ်စောင်ပေါ်တွင် အခြေခံရေးသား ထားခြင်းဖြစ်သည်။

“ရိုဟင်ဂျာစခန်းတွေမှာ အာဆာ ဒါမှမဟုတ် တခြားအကြမ်းဖက်အဖွဲ့တွေတည်ရှိမနေပါဘူး။ ပြီးတော့ အာဆာ ကိုတိုက်ခိုက်ဖို့ ကျွန်တော့်တပ်ဖွဲ့တွေက အိန္ဒိယတွေနဲ့ပူးပေါင်းလုပ်နေတာ မရှိပါဘူး” ဟု ကော့က်စ်ဘဇား ခရိုင်ရဲမှူးကြီး မာဆွတ် ဟူစိန်က ဒါကာထရီဗြွန်းသတင်းစာကိုပြောသည်။

“စခန်းတွေမှာ အာဆာလှုပ်ရှားမှုတွေရှိမနေပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က သေချာပါတယ်” ဟု ဒုက္ခသည်များကယ်ဆယ်ရေးနှင့်နေရပ်ပြန်ရေးမဟာမင်းကြီးရုံး (RRRC)မှအရာရှိကြီး ကာဇီ မိုဟာမက် မိုဇမ်မယ် ဟိုကေးကပြောသည်။

“တရားဥပဒေစိုးမိုးရေးအရာရှိတွေ၊ ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ ကျွန်တော်တို့ပုံမှန်အဆက်အသွယ်ရှိ ပါတယ်။ ကျွန်တော်တို့ဆီ အဲဒီလိုအစီရင်ခံစာမျိုးရောက်မလာပါဘူး” ဟုလည်းပြောသည်။

နေရပ်ပြန်ရေးလုပ်ငန်းစဉ်များနှောင့်နှေးစေရန် အိန္ဒိယမီဒီယာများက မြန်မာအာဏာပိုင်များကဲ့သို့ ပြောဆို နေကြောင်း ဟုလည်းပြောသည်။

အာဆာအကြောင်း ကြားဖူးသော်လည်း လှုပ်ရှားမှုတစုံတရာမမြင်ဖူးကြောင်း စခန်းများတွင်နေထိုင်သည့်ဘင်္ဂါလီ များကပြောသည်။

ယခုသတင်းများသည် တစ်ဖက်စောင်းနင်းဖြစ်နေပြီး နောက်ကွယ်မှလှုံ့ဆော်မှုများရှိနေကြောင်းနှင့် တိကျ သည့်ပထဝီနိုင်ငံရေးအစီအစဉ်တစ်ခုကို လူသိများစေရန်ရည်ရွယ်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးမှ ပြန်ကြားရေးကောင်စစ်ဝန် မူဟာမက် အော်ရန်ဇက် ဟာရယ်ကပြောသည်။

Ref : Govt officials: No existence of ARSA in Rohingya camps

#PeopleMedia


Share this post