• Follow Us on

Home ကျောက်ဆည်၌ တရားမဝင်အနှိပ်ခန်းဖွင့်လှစ်သူပါ စုစုပေါင်း(၁၂)ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်

ကျောက်ဆည်၌ တရားမဝင်အနှိပ်ခန်းဖွင့်လှစ်သူပါ စုစုပေါင်း(၁၂)ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်

Share this post

မန္တလေး၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဇန်နဝါရီလ ၁၃ ရက်နေ့က COVID-19 ကာလအတွင်း ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား ဖောက်ဖျက်လျက် တရားမဝင်အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေ သူများနှင့် လာရောက်သူ စုစုပေါင်း (၁၂) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ခဲ့သည်။
 
ဖြစ်စဉ်မှာ ကျောက်ဆည်မြို့နယ်၊ အင်ဒိုင်းစံပြကျေးရွာရှိ ကိုကိုကြီး ပိုင်ဆိုင်သော ရွှေကမ္ဘာ (၃) စားသောက် ဆိုင်၌ တရားမဝင်အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ ဇန်နဝါရီလ ၁၃ ရက်နေ့ ၂၁း၃၀ အချိန်တွင် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး ခဲ့သည်။
 
ထိုသို့ စစ်ဆေးခဲ့ရာ ဆိုင်တာဝန်ခံဖြစ်သူ တွံတေးမြို့နယ်နေ မစုသော်တာကျော်(၃၅)နှစ်ပါ ဆိုင်ဝန်ထမ်း ၂ ဦး၊ အနှိပ်သမားများဖြစ်သည့် မနော်နီလာအေး(၄၅)နှစ်ပါ ၆ ဦး၊ လာရောက်အနှိပ်ခံသူ နိုင်စိုး(၃၀)နှစ်ပါ ၄ ဦး၊ စုစုပေါင်း ၁၂ ဦးတို့အား အနှိပ်ခန်းတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသည်။
 
သို့ဖြစ်၍ မစုသော်တာကျော်ပါ ၁၂ ဦးနှင့် ကိုကိုကြီးတို့အား ကျောက်ဆည်မြို့မ ရဲစခန်း(ပ)၄၃/၂၀၂၁၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ခဲ့သည်။
 
#PeopleMedia #ကေျာက်ဆည်
 
(unicode)
………………………………………………
 
မန်တလေး၊ ဇနျနဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
 
 
 
 

Share this post