• Follow Us on

Home ကျောက်တော်-ပလက်ဝနယ်မြေ၌ လှုပ်ရှားသည့် AA အဖွဲ့ကို ရှင်းလင်းနိုင်၊ AA အဖွဲ့မှ အရာရှိနှင့် အဖွဲ့ဝင်များ တပ်မတော်လာရောက်ခိုလှုံဟုဆို


Share this post

ရန်ကုန်၊ မတ် – ၁၇





#PeopleMedia

(Unicode)
ကျောက်တော်-ပလက်ဝနယ်မြေ၌ လှုပ်ရှားသည့် AA အဖွဲ့ကို ရှင်းလင်းနိုင်၊ AA အဖွဲ့မှ အရာရှိနှင့် အဖွဲ့ဝင်များ တပ်မတော်လာရောက်ခိုလှုံဟုဆို
………………………………………………………

ရန်ကုန်၊ မတ် – ၁၇

ကျောက်တော်-ပလက်ဝနယ်မြေ၌ လှုပ်ရှားသည့် AA အဖွဲ့ကို ရှင်းလင်းနိုင်ခဲ့ပြီး AA အဖွဲ့မှ အရာရှိနှင့် အဖွဲ့ဝင် များ တပ်မတော်လာရောက်ခိုလှုံမှုရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောပါတယ်။

ကျောက်တော်-ပလက်ဝနယ်မြေ၌ အရပ်သားအသွင်ယူ၍ လှုပ်ရှားသည့် AA အဖွဲ့ဝင်များကို ရှင်းလင်းနိုင်ခဲ့ပြီး တပ်မတော်မှ အရာရှိ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အလားတူ ပလက်ဝမြို့နယ်၌ AA အဖွဲ့ခြေကုတ်ယူနိုင်ရန် ကြိုးစားနေသည့် နယ်မြေများကို ရှင်းလင်းနိုင်ခဲ့ပြီး ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်၌ တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်ပလက်ဝမြို့ နယ်ရှိ ဒေသခံများသည် နီးစပ်ရာမြို့များသို့ တိမ်းရှောင်လျှက်ရှိပါတယ်။

#PeopleMedia


Share this post