• Follow Us on

Home ကျောင်းကားများ၊ ကြို/ပို့ကားများမှတ်ပုံတင်ထားခြင်းမပြုရသေးသည့်ယာဉ်များ ယနေ့မှစ၍ YRTC ရုံးခွဲများတွင် မှတ်ပုံတင်နိုင်

ကျောင်းကားများ၊ ကြို/ပို့ကားများမှတ်ပုံတင်ထားခြင်းမပြုရသေးသည့်ယာဉ်များ ယနေ့မှစ၍ YRTC ရုံးခွဲများတွင် မှတ်ပုံတင်နိုင်

Share this post

ရန်ကုန်၊ မတ် ၁

 

ကျောင်းကားများ၊ ကြို/ပို့ကားများ မှတ်ပုံတင်ထားခြင်းမပြုရသေးသည့် ယာဉ်များ ယနေ့မှစ၍ YRTC ရုံးခွဲများ တွင် မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

 

အထက်ပါ ယာဉ်များ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ပေးရာတွင် မှတ်ပုံတင်ရက် ကန့်သတ်မထားဘဲ မှတ်ပုံတင် ပေးသွားမည်ဖြစ်ပြီး၊ “င”လုပ်ငန်းလိုင်စင်များအတွက် ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်းဌာန ရုံးဝင်းအတွင်း ဖွင့်လှစ်ထားသည့် ကုန်စည်ပို့ဆောင်ရေးကြီးကြပ်မှုဌာနသို့ လာရောက်မှတ်ပုံတင်နိုင်ကြောင်း သိရသည်။

 

ထို့ပြင် “ဂ” စင်းလုံးဌားလိုင်စက် လူစီးငါးယောက် အထက်ယာဉ်များနှင့် “ဃ” ကြို/ပို့ လုပ်ငန်းလိုင်စင် ရယူ ထားသော ယာဉ်များသည် ပုဇွန်တောင်မြို့နယ်၊ ၄ရပ်ကွက်၊ နံသာဖြူလမ်း၊ အမှတ် ၇ တွင် မှတ်ပုံတင်နိုင် ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 

#PeopleMedia


Share this post