• Follow Us on

Home ကျောင်းတက်နေသည့် ကလေးများ ပညာသင်ကြားရေးအတွက် ဘယ်လိုမှ ထိခိုက်ခံ၍ မရကြောင်း န-စ-က ဥက္ကဋ္ဌပြောကြား

ကျောင်းတက်နေသည့် ကလေးများ ပညာသင်ကြားရေးအတွက် ဘယ်လိုမှ ထိခိုက်ခံ၍ မရကြောင်း န-စ-က ဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၄ (People Media)

 

ကျောင်းတက်နေသည့် ကလေးများ ပညာသင်ကြားရေးအတွက် ဘယ်လိုမှ ထိခိုက်ခံ၍ မရကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၁) ကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ တက်ရောက်အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့က ကျောင်းတွေ ဖွင့်ထားတာ။ ကျောင်းတွေ၊ ကလေးတွေ ကျောင်းတက်နေကြပြီ။ ကျောင်း တက်နေတော့ ဒီကလေးတွေ ပညာသင်ကြားရေး ဘယ်လိုမှ ထိခိုက်ခံလို့မရဘူး။ အထိခိုက်ခံလို့မဖြစ်ဘူး။ သူတို့ကို ကျန်းကျန်းမာမာနဲ့ မတ်လကုန် ကျွန်တော်တို့ စာမေးပွဲပြီးတဲ့အထိ ကျောင်းတက်နိုင်ဖို့လိုတယ်။ ကျန်းကျန်းမာမာတက်နိုင်ဖို့လိုတယ်။ လုံလုံခြုံခြုံနဲ့ တက်နိုင်ဖို့လိုတယ်။ သူတို့တင်မဟုတ်ဘူး။ ပညာရေးဝန်ထမ်း တွေလည်း ဒီအတိုင်းပဲ။ ကျန်းကျန်းမာမာနဲ့ ပညာသင်ကြားပေး နိုင်ဖို့လိုတယ်။ လုံလုံခြုံခြုံနဲ့ ပညာသင်ကြားပေး နိုင်ဖို့လိုတယ်။ ဒါကိုကျွန်တော်တို့က တော်တော်ဂရုစိုက်ရမှာဖြစ်ပါတယ်။ တော်တော်ဂရုစိုက်ရမှာ။ ပညာရေးက ချက်ချင်းပြီးသွားတာ မဟုတ်ဘူးလေ။ ကျွန်တော်တို့က တောက်လျှောက်ကို စောင့်ရှောက်ပေးရမယ့် အနေအ ထားရှိတယ်။ Long Term သွားရတာကို။ Long Term သွားရတာ။ ဒါကြောင့် ဒါကိုလည်း သက်ဆိုင်ရာဝန်ကြီး ဌာနများရော၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့များကလည်း အလေးထားကြပ်မတ်ပေးပါလို့ ကျွန်တော် ပြောလိုပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

ကျောင်းသားကျောင်းသူများ ပညာသင်ကြားရေးနှင့်ပတ်သက်၍ အချို့ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုံခြုံရေးအခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် ပညာသင်ကြားမှုများ အပြည့်အဝ ဆောင်ရွက်နိုင်မှုမရှိသေးသည်ကိုတွေ့ရှိရကြောင်း၊ ကျောင်းသားကျောင်းသူများ ပညာသင်ကြားရာတွင် လုံ ခြုံမှုရှိစေရေးနှင့် ပညာအပြည့်အဝ သင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း စသည့်လေးဖွဲ့ပူးပေါင်း၍ ဆောင်ရွက်ကြ ရန်လိုကြောင်း၊ မကြာမီအချိန်တွင်လည်း တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရည်မှန်းချက် ထားရှိဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #ပညာရေး

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post