• Follow Us on

Home ခေတ်မီ ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များ အမေရိကန်က ဆော်ဒီအာရေးဗီးယားသို့ ရောင်းမည်

ခေတ်မီ ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များ အမေရိကန်က ဆော်ဒီအာရေးဗီးယားသို့ ရောင်းမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၅ (People Media)

 

ဆော်ဒီအာရေးဗီးယားနိုင်ငံ ကာကွယ်ရေးကိုကူညီရန်အတွက် ဒေါ်လာ သန်း ၆၅၀ တန်ဖိုးရှိ ဝေဟင်မှ ဝေဟင် ပစ်ဒုံးကျည်များ ဆော်ဒီအာရေးဗီးယားနိုင်ငံကို ရောင်းချပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထောက် ခံအတည်ပြုလိုက်ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့က ကြေညာလိုက်သည်။

 

ခွင့်ပြုချက်အရ ဆော်ဒီအာရေဗီးယားနိုင်ငံသည် ဆက်စပ်ပစ္စည်းများအပါအဝင် AIM-120C ခေတ်မီတာလတ် ပစ်ဒုံးကျည်အစင်း ၂၈၀ အထိ ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြော သည်။

 

ဆော်ဒီအာရေဗီးယားနိုင်ငံတွင်းရှိ ဆော်ဒီတပ်ဖွဲ့ဝင်များနှင့် အမေရိကန်တပ်ဖွဲ့ဝင်များကို ခြိမ်းခြောက်နေသည့် မောင်းသူမဲ့လေယာဉ်များကို ကြားဖြတ်တိုက်ခိုက်ရန် ဆော်ဒီအာရေးဗီးယားနိုင်ငံက ယခင်ကတည်းကဒုံးကျည် များကို အသုံးပြုနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

 

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံနယ်စပ်မှာ တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်လာ တာကို ကျွန်တော်တို့တွေ့ရပါတယ်။” ဟု ၎င်းကပြောသည်။

 

ဆော်ဒီအာရေးဗီးယားနိုင်ငံသည် အီရန်ကထောက်ပံ့ထားသည့် ယီမင်နိုင်ငံအတွင်းမှ ဟူသီသူပုန်များကို တိုက် ခိုက်ရာတွင် ဦးဆောင်နေသည့်နိုင်ငံတစ်ခုဖြစ်သည်။ အီရန်နိုင်ငံက ဟူသီသူပုန်များကို ဒရုန်းများနှင့် ဒရုန်းနည်း ပညာများထောက်ပံ့ခဲ့ကြောင်း အမေရိကန်အရာရှိများ ကပြောသည်။

 

ဆော်ဒီအာရေးဗီးယားနိုင်ငံက ဟူသီသူပုန်များကိုတိုက်ခိုက်ရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြင်းထန် ကြမ်းတမ်းသောနည်းဗျူဟာများအသုံးပြုခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေသည့်အတွက် သမ္မတဂျိုးဘိုင် အစိုးရက ဆော်ဒီအာရေးဗီးယားနိုင်ငံကိုထောက်ပံ့ရာတွင် သတိကြီးစွာထားသည့်နည်းလမ်းကိုအသုံးပြုဆောင် ရွက်နေစဉ်အတွင်း ယခုဒုံးကျည်ရောင်းချရေးကိစ္စပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

 

ဆော်ဒီသို့ရောင်းချမည့်ဒုံးကျည်များကို မြေပြင်ပစ်မှတ်များကိုတိုက်ခိုက်ရေးအတွက် အသုံးပြုခွင့်မပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က အလေးထားပြောကြားလိုက်သည်။

 

“အီရန်ကထောက်ပံ့ထားတဲ့ ဟူသီသူပုန်တွေရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ရေး ဆော်ဒီအာရေး ဗီးယားမှာ နည်းလမ်းတွေရရှိအောင်တိတိကျကျဆောင်ရွက်နိုင်ဖို့ပြုလုပ်နေစဉ်အတွင်းမှာ အခုဒုံးကျည်ရောင်းချ မှုဟာ ယီမင်နိုင်ငံထဲမှာ ပဋိပက္ခတွေအဆုံးသတ်သွားစေဖို့ အမေရိကန်အစိုးရ ကတိကဝတ်ပြုထားတဲ့အတိုင်း အပြည်အဝဆောင်ရွက်ပေးတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

 

Ref: US to sell advanced air-to-air missiles to Saudi Arabia

 

#PeopleMedia

 

(unicode)


………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: US to sell advanced air-to-air missiles to Saudi Arabia

 

#PeopleMedia


Share this post