• Follow Us on

Home ခေါင်းဆောင်တစ်ဦးတစ်ယောက်ထဲကို အားကိုးသည့် ပါတီမဟုတ်ကြောင်း ဒေါက်တာသက်သက်ခိုင် အခိုင်အမာပြောဆို


Share this post

ရန်ကုန်၊ နိုဝင်ဘာ-၃၀

ပြည်သူ့ရှေ့ဆောင်ပါတီ(ppp)ပါတီသည် ဗဟိုဦးစီးစနစ်နဲ့သွားမည့် ပါတီမဟုတ်သလို သြဇာတိက္ကမကြီးမား သည့် ခေါင်းဆောင်တစ်ယောက်ထဲကိုသာ အားကိုးသည့် ပါတီမဟုတ်ကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောဆိုခဲ့သည်။





(Unicode)
ခေါင်းဆောင်တစ်ဦးတစ်ယောက်ထဲကို အားကိုးသည့် ပါတီမဟုတ်ကြောင်း ဒေါက်တာသက်သက်ခိုင် အခိုင်အမာပြောဆို
…………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ-၃၀

ပြည်သူ့ရှေ့ဆောင်ပါတီ(ppp)ပါတီသည် ဗဟိုဦးစီးစနစ်နဲ့သွားမည့် ပါတီမဟုတ်သလို ဩဇာတိက္ကမကြီးမား သည့် ခေါင်းဆောင်တစ်ယောက်ထဲကိုသာ အားကိုးသည့် ပါတီမဟုတ်ကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောဆိုခဲ့သည်။

နိုဝင်ဘာ(၃)ရက်၌ ပြည်သူ့ရှေ့ဆောင်ပါတီ၏ ရပ်တည်ချက်၊ မူဝါဒ၊ ရှေ့လုပ်ငန်းစဉ်၊ မျှော်မှန်းချက်စသည့် အခြေအနေများကို ရှင်းလင်းပွဲ၌ မီဒီယာများကို အခိုင်အမာပြောဆိုလိုက်ခြင်းဖြစ်သည်။

အလားတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားသည့် လူထုလူတန်းစားမရွေး ပြည်သူ့ရှေ့ဆောင်ပါတီ၌ ပါဝင် ဆောင်ရွက်ခြင်းဖြင့် မိမိနိုင်ငံ၏ အနာဂတ်ကို မိမိကိုယ်တိုင် ပုံဖော်ကြရန် ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

ထို့အတူ ခေတ်အဆက်ဆက်အစိုးရများသည် ခေတ်ကာလအခြေအနေအရ မတူညီသောစနစ်များဖြင့် နိုင်ငံကို အုပ်ချုပ်ခဲ့ကြသော်လည်း နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၌ အားရကျေနပ်ဖွယ်မရှိကြောင်း ပြည်သူ့ဦးဆောင်ပါတီ၏ ဦးဆောင်သူဖြစ်သူ ဦးမြင့်မောင်ထွန်းက ပြောသည်။

#PeopleMedia #PPP #Political


Share this post