• Follow Us on

Home ခွေးကိုက် လူသေသဖြင့် ခွေးပိုင်ရှင်ကိုအမှုဖွင့်


Share this post

စိုးမြင့်စိုး

ပုသိမ်

၂၀၂၀၊ မတ်လ – ၁၄






(unicode)
ခွေးကိုက် လူသေသဖြင့် ခွေးပိုင်ရှင်ကိုအမှုဖွင့်
…………………………………………………

စိုးမြင့်စိုး

ပုသိမ်

၂၀၂၀၊ မတ်လ – ၁၄

ခွေးကိုက်ခံရသူတစ်ဦး သွေးထွက်လွန် သေဆုံးသဖြင့် ခွေးပိုင်ရှင်ကိုအမှုဖွင့် အရေးသည့်ဖြစ်စဉ်ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အလမျိုးကျေးရွာအုပ်စု၌ ယမန်နေ့ နံနက်၉နာရီခွဲခန့်ကဖြစ်ပွါးခဲ့သည်။

ဦးမောင်မောင်ဦး(၄၉နှစ်)၏ ဝဲဘက်ခြေထောက်၊တံကောက်ကွေးတွင်ခွေးကိုက်ဒဏ်ရာဖြင့် ဦးတင်ကြည်၏ နေအိမ်ရှေ့ လမ်းမပေါ်တွင် လဲကျနေပြီးသွေးထွက်လွန်နေသောကြောင့် နေ့လည်တစ်နာရီအချိန်ခန့်တွင် ဓနုဖြူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်၌ သွေးထွက်လွန်၍သေဆုံးသွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှအရာရှိတစ်ဦးကပြောသည်။

“လူ့အသက် အန္တရာယ်ဖြစ်စေတဲ့ တိရစ္ဆာန်ကို လွှတ်ထားသူ ဦးတင်ကြည်ကိုအရေးယူပေးဖို့ တိုင်ကြားခဲ့တာကြောင့် တရားခံကိုဖမ်းဆီးစစ်ဆေးဖို့ဆောင်ရွက်နေပါတယ်” ဟု ၎င်းကပြောသည်။

ဦးတင်ကြည်ကို ဓနုဖြူ မြို့မ ရဲစခန်းတွင် (ပ)၂၆၆/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးရန် ဆောင်ရွက်နေကြောင်းတိုင်းရဲတပ်ဖွဲ့မှုးရုံးမှသိရသည်။

#မြစ်ဖျားဧရာ #PeopeMedia


Share this post