• Follow Us on

Home ေစ်း၀ယ္စင္တာမွာ ပစ္ခတ္ခဲ့တာ စစ္သားမဟုတ္ဘူးလို႔ စစ္ဦးစီးခ်ဳပ္ေျပာ

ေစ်း၀ယ္စင္တာမွာ ပစ္ခတ္ခဲ့တာ စစ္သားမဟုတ္ဘူးလို႔ စစ္ဦးစီးခ်ဳပ္ေျပာ

Share this post

ဘန္ေကာက္၊ ေဖေဖာ္ဝါရီ ၁၁

ထိုင္းႏိုင္ငံမွာ စေနေန႔ကျဖစ္ပြားခဲ့တဲ့ ေစ်း၀ယ္စင္တာပစ္ခတ္မႈက ေသနတ္သမားဟာ ေသနတ္ေမာင္းျဖဳတ္တဲ့ ေနာက္ပိုင္း စစ္သားမဟုတ္ေတာ့ဘူးလို႔ ထိုင္းစစ္ဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္ႀကီး အပီရက္ေကာင္ဆြမ္ေပါင္ကေျပာၿပီး သူ႔ရဲ႕လုပ္ရပ္ေတြအတြက္ ေတာင္းပန္လိုက္ပါတယ္။

အဂၤါေန႔က ထိုင္းတပ္မေတာ္ဌာနခ်ဳပ္မွာ အဲဒီေသနတ္သမားေၾကာင့္ျဖစ္ခဲ့တဲ့ အပ်က္အစီးေတြအတြက္ ေတာင္းပန္ေၾကာင္းနဲ႔ ၀မ္းနည္းေၾကာင္းေျပာရာမွာ ထည့္သြင္းေျပာဆိုခဲ့တာပါ။

“တပ္မွဴးႀကီးအေနနဲ႔ ဒီျဖစ္ရပ္ေနာက္ကြယ္မွာ စစ္သားတစ္ေယာက္႐ွိတယ္ဆိုတဲ့ျဖစ္ရပ္အတြက္ ႏွလံုးသားတစ္ခု လံုးနဲ႔ ကၽြန္ေတာ္ေတာင္းပန္ပါတယ္”လို႔ ေျပာပါတယ္။

ေသနတ္သမားဟာ ထိုင္းၾကည္းတပ္က အသက္ ၃၂ ႏွစ္အ႐ြယ္ အရာခံဗိုလ္ ဂ်ာကရာပန္သြမ္မာျဖစ္ပါတယ္။

အဲဒီပစ္ခတ္မႈေၾကာင့္ လူ ၃၀ ေသဆံုးခဲ့ၿပီး ၅၈ ေယာက္ဒဏ္ရာရခဲ့သလို ေသနတ္သမားကို ထိုင္းရဲအထူးတပ္ဖြဲ႕ ၀င္ေတြက အေသပစ္ဖမ္းခဲ့ပါတယ္။ ျဖစ္ခဲ့သမွ်အားလံုးအတြက္ အျပစ္တင္ခံသြားမွာျဖစ္ၿပီး တပ္မေတာ္တစ္ခု လံုးကို အျပစ္မတင္ဖို႔လည္း ထိုင္းႏိုင္ငံသားေတြကို အပီရတ္ကေတာင္းဆိုခဲ့ပါတယ္။

တပ္မေတာ္ဟာ ႏိုင္ငံေတာ္လံုၿခံဳမႈ႐ွိဖို႔နဲ႔ သဘာ၀ေဘးသင့္ျပည္သူေတြကိုကူညီဖို႔ အေကာင္းဆံုးလုပ္ေနတယ္ လို႔လည္း ေျပာပါတယ္။

Source – Bangkok Post

Photo – Bangkok Post

#PeopleMedia #Thailand #MassShooting

(Unicode)
ဈေးဝယ်စင်တာမှာ ပစ်ခတ်ခဲ့တာ စစ်သားမဟုတ်ဘူးလို့ စစ်ဦးစီးချုပ်ပြော
…………………………………………………………

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁

ထိုင်းနိုင်ငံမှာ စနေနေ့ကဖြစ်ပွားခဲ့တဲ့ ဈေးဝယ်စင်တာပစ်ခတ်မှုက သေနတ်သမားဟာ သေနတ်မောင်းဖြုတ်တဲ့ နောက်ပိုင်း စစ်သားမဟုတ်တော့ဘူးလို့ ထိုင်းစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး အပီရက်ကောင်ဆွမ်ပေါင်ကပြောပြီး သူ့ရဲ့လုပ်ရပ်တွေအတွက် တောင်းပန်လိုက်ပါတယ်။

အင်္ဂါနေ့က ထိုင်းတပ်မတော်ဌာနချုပ်မှာ အဲဒီသေနတ်သမားကြောင့်ဖြစ်ခဲ့တဲ့ အပျက်အစီးတွေအတွက် တောင်းပန်ကြောင်းနဲ့ ဝမ်းနည်းကြောင်းပြောရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

“တပ်မှူးကြီးအနေနဲ့ ဒီဖြစ်ရပ်နောက်ကွယ်မှာ စစ်သားတစ်ယောက်ရှိတယ်ဆိုတဲ့ဖြစ်ရပ်အတွက် နှလုံးသားတစ်ခု လုံးနဲ့ ကျွန်တော်တောင်းပန်ပါတယ်”လို့ ပြောပါတယ်။

သေနတ်သမားဟာ ထိုင်းကြည်းတပ်က အသက် ၃၂ နှစ်အရွယ် အရာခံဗိုလ် ဂျာကရာပန်သွမ်မာဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် လူ ၃၀ သေဆုံးခဲ့ပြီး ၅၈ ယောက်ဒဏ်ရာရခဲ့သလို သေနတ်သမားကို ထိုင်းရဲအထူးတပ်ဖွဲ့ ဝင်တွေက အသေပစ်ဖမ်းခဲ့ပါတယ်။ ဖြစ်ခဲ့သမျှအားလုံးအတွက် အပြစ်တင်ခံသွားမှာဖြစ်ပြီး တပ်မတော်တစ်ခု လုံးကို အပြစ်မတင်ဖို့လည်း ထိုင်းနိုင်ငံသားတွေကို အပီရတ်ကတောင်းဆိုခဲ့ပါတယ်။

တပ်မတော်ဟာ နိုင်ငံတော်လုံခြုံမှုရှိဖို့နဲ့ သဘာဝဘေးသင့်ပြည်သူတွေကိုကူညီဖို့ အကောင်းဆုံးလုပ်နေတယ် လို့လည်း ပြောပါတယ်။

Source – Bangkok Post

Photo – Bangkok Post

#PeopleMedia #Thailand #MassShooting


Share this post