• Follow Us on

Home ဆေးရုံများအနေဖြင့် ပြည်သူလူထုမျက်နှာကို ထောက်ရှု၍ အကောင်းဆုံးဆောင်ရွက်စေလိုကြောင်း ကျန်းမာ ရေးဝန်ကြီး ပြောကြား

ဆေးရုံများအနေဖြင့် ပြည်သူလူထုမျက်နှာကို ထောက်ရှု၍ အကောင်းဆုံးဆောင်ရွက်စေလိုကြောင်း ကျန်းမာ ရေးဝန်ကြီး ပြောကြား

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၄ (People Media)

 

ဆေးရုံ၏ ပုံမှန်ဆေးကုသမှုလုပ်ငန်းများ အပြည့်အဝဆောင်ရွက်နိုင်ခြင်းမရှိပါက ပြည်သူလူထုအနေဖြင့် ပြင်ပ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် သွားရောက်ကုသရမည်ဖြစ်သဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအတွက် မိမိအိတ်ထဲမှ စိုက်ထုတ်သုံးစွဲငွေ (out of pocket expenditure) တက်လာမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု မျက်နှာကို ထောက်ရှု၍ အကောင်းဆုံးဆောင်ရွက်စေလိုပါကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး‌ ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာသက်ခိုင်ဝင်းသည် ဇန်နဝါရီ ၁၃ ရက်နေ့၌ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီး ဒေါက်တာသီတာလှ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီး၊ အစည်းဝေးခန်းမဆောင်တွင် ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါကုသမှုအတွက် ဆေးရုံပြင်ဆင်ထားရှိမှု အခြေအ နေနှင့် ပတ်သက်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး‌က အထက်ပါအတိုင်း ပြောဆိုခဲ့ သည်။

 

ပြည်ထောင်စုဝန်ကြီးက” မိမိတို့သည် ကျန်းမာရေးဝန်ထမ်းများဖြစ်သည့်အလျောက် စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ပြည်သူလူထုအကျိုးကို ရှေးရှုလျက် စေတနာထားကာ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ နောက်ထပ်လှိုင်းမဖြစ်ပေါ်နိုင်အောင် ကာကွယ်ရေးအပိုင်းကို အထူးအလေးထားဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုး ပျံ့နှံ့လျက်ရှိပြီး မိမိတို့နိုင်ငံတွင်လည်း ပြည်ပမှပြန်လာသူများတွင် အိုမီခရွန်ပိုး စစ်ဆေးတွေ့ရှိနေပြီဖြစ်၍ ပြည်တွင်းကူးစက်ပြန့်ပွားမှုမရှိအောင် အထူး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူစုစုပေါင်း (၂၁) သန်းကျော်ရှိပြီး ဦးစားပေးအုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ပြည်ပမှ ဝင်ရောက်လာသူများအား အသွားအလာကန့်သတ်ထားရှိသည့် ဟိုတယ်များ/ ကွာ ရန်တင်းစင်တာများအနေဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ကြီးကြပ်သွားရမည် ဖြစ်ပါကြောင်း”ပြောသည်။

 

ထိုနောက် ပြည်ထောင်စုဝန်ကြီးက “ဆေးရုံများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ နောက်ထပ်လှိုင်းဖြစ်ပွားလာ ပါက လူနာများ လက်ခံကုသနိုင်ရန် ဆေးရုံခုတင်များ၊ အထူးကြပ်မတ်ကုသဆောင်(ICU/HDU) ခုတင်များ၊ အောက်ဆီဂျင် လိုအပ်ချက်များကို တိုးချဲ့၍ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကုသ မှုအတွက် ပြင်ဆင်ဆောင်ရွက်သကဲ့သို့ ဆေးရုံ၏ ပုံမှန်ဆေးကုသရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း” ပြောသည်။

 

ဆက်လက်ပြီး “ဆေးရုံ၏ ပုံမှန်ဆေးကု သမှုလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိပါက ပြည်သူလူထု အနေဖြင့် ပြင်ပပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းများတွင် သွားရောက်ကုသရမည်ဖြစ်သဖြင့် ပြည်သူလူထု၏ ကျန်း မာရေးအတွက် မိမိအိတ်ထဲမှ စိုက်ထုတ်သုံးစွဲငွေ (out of pocket expenditure) တက်လာမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုမျက်နှာကို ထောက်ရှု၍ အကောင်းဆုံး ဆောင်ရွက်စေလိုပါကြောင်း၊ ဆေးတက္ကသိုလ် ဘွဲ့လွန် သင်တန်းများနှင့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(ခ) သင်တန်းများလည်း ဖွင့်လှစ်လျက်ရှိပြီး ဖွင့်လှစ်ရန် ကျန်ရှိသည့် ဆေးတက္ကသိုလ်သင်တန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ် သောကြောင့် လိုအပ်လျက်ရှိသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ် ကြောင်း” ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

#PeopleMedia #ကျန်းမာရေး

 

(unicode)


……………………………………………………….

 


 


 


 


 


 


 



Share this post