• Follow Us on

Home ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် လုပ်ကြံခံရ၊ အဆိုပါ လုပ်ကြံမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF(MGN Tiger) ထုတ်ပြန်

ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် လုပ်ကြံခံရ၊ အဆိုပါ လုပ်ကြံမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF(MGN Tiger) ထုတ်ပြန်

Share this post

ပခုက္ကူ၊ နိုဝင်ဘာ ၂ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းအောင် သည် ယနေ့နံနက် ၇ နာရီ ၂၅ မိနစ်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီး အဆိုပါ လက်ချက်သည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF(MGN Tiger) ထုတ်ပြန်ထားပါတယ်။

 

MGN Tiger နှင့် မဟာမိတ်ဖွဲ့စည်းထားသော BGN-NYU PDF ပူးပေါင်း၍ ဦးလင်းအောင်အား ဦးခေါင်း (၁) ချက်နှင့် ရင်ဘက် (၂) ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

ညောင်းဦးမြို့နယ်သည် ပုဂံယဉ်ကျေးမှုဇုန်တည်ရှိရာ မြို့နယ်တစ်ခုဖြစ်ပြီး ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ တည်ရှိနေမှုကြောင့် ပုဂံဒေသသို့ လာမည့် ပြည်တွင်းခရီးသွားများ ပိုမိုလျော့ကျလာနိုင်ပြီး ကျူးလွန်သူများကို လုံခြုံရေးအဖွဲ့များက ထိထိရောက်ရောက် ဆောင်ရွက်သင့်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

 

Photo – credit

 

#PeopleMedia #ညောင်ဦး

 

(unicode)


…………………………………………………

 

ပခုက်ကူ၊ နိုဝငျဘာ ၂ (People Media)

 


 


 


 

Photo – credit

 



Share this post