• Follow Us on

Home ညောင်ရွှေအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် ကျောင်းဆရာ COVID ရောဂါဖြင့် သေဆုံးဟုဆို

ညောင်ရွှေအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် ကျောင်းဆရာ COVID ရောဂါဖြင့် သေဆုံးဟုဆို

Share this post

နေပြည်တော်၊ သြဂုတ် ၂၃ (People Media)

 

တောင်ကြီးမြို့နယ်၊ တောင်လေးလုံကျေးရွာရှိ ညောင်ရွှေအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သိမ် ကုန်းကျေးရွာ မူလတန်းပြကျောင်းဆရာတစ်ဦး သေဆုံးသွားခဲ့ကြောင်း တောင်ကြီးမြို့နယ်အခြေခံပညာ ကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ထားသည်။

 

အဆိုပါ မူလတန်းပြကျောင်းဆရာ ဦးစိုးလွင်လွင်ကို သြဂုတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ယင်း နေ့၌ပင် COVID ရောဂါဖြင့် အကျဉ်းထောင်၌ သေဆုံးသွားကြောင်း အကြောင်းကြားလာခြင်းဖြစ်သည်ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

၎င်းမူလတန်းပြကျောင်းဆရာကို သြဂုတ်လ ၂၂ ရက်နေ့တွင်ဖမ်းဆီးခေါ်ဆောင်သွားပြီး နာရီပိုင်းအတွင်းပင် COVID-19 ကူးစက်ခံရပြီး သေဆုံးသွားကြောင်း မိသားစုဝင်များထံသို့အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု နီး စပ်သူများထံမှ သိရသည်။

 

အလားတူ အခြေခံပညာရေးအင်အားစု၏ ပြည်သူ့ဝန်ထမ်း ဆရာစိုးလွင်လွင် အသက် ၂၆ နှစ် ကောင်းရာ သုဂတိသို့ ရောက်ရှိခံစားနိုင်ပါစေကြောင်း တောင်ကြီးမြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂမှ ဝမ်း နည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းအဖမ်းဆီးခံရသည့်အခြေအနေအသေးစိတ်ကိုမူ အတည် ပြုနိုင်ခြင်းမရှိသေးပေ။

 

#PeopleMedia #ရှမ်းပြည်နယ်

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post