• Follow Us on

Home ေတာင္ကိုရီးယားတပ္မေတာ္က အေမရိကန္ႏိုင္ငံထုတ္ အက္ဖ္-၃၅ ဘီ ဂ်က္တိုက္ေလယာဥ္ အစင္း ၄၀ ဝယ္ယူမည္

ေတာင္ကိုရီးယားတပ္မေတာ္က အေမရိကန္ႏိုင္ငံထုတ္ အက္ဖ္-၃၅ ဘီ ဂ်က္တိုက္ေလယာဥ္ အစင္း ၄၀ ဝယ္ယူမည္

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ ၂၇

ေတာင္ကိုရီးယားႏိုင္ငံက အေမရိကန္ျပည္ေထာင္စုထံမွ အက္ဖ္-၃၅ ကိုယ္ေပ်ာက္ဂ်က္တိုက္ေလယာဉ္ ဝယ္ယူကာ တိုင္းျပည္၏ ပထမဆုံး ေလယာဉ္တင္သေဘၤာေပၚတြင္ အသုံးျပဳမည့္ မ်ိဳးကြဲ အက္ဖ္-၃၅ ဂ်က္တိုက္ ေလယာဉ္မ်ားအပါအဝင္ အဆိုပါဂ်က္တိုက္ေလယာဉ္မ်ားအေရအတြက္ ႏွစ္ဆအထိ တိုးျမႇင့္မည္ဟု စစ္ဘက္ဆိုင္ ရာ သတင္းရင္းျမစ္မ်ားအရ သိရသည္။

ေလာ့ဟိမာတင္ကုမၸဏီထုတ္ အက္ဖ္-၃၅ ဂ်က္တိုက္ေလယာဉ္ အစင္း ၄၀ ကို ဝမ္ ၈ ထရီလီယံ (အေမရိ ကန္ေဒၚလာ ၆ ဒသမ ၇ ဘီလီယံ) အကုန္အက်ခံ၍ ဝယ္ယူမည္ဟု အဆိုပါသတင္း ရပ္ကြက္မ်ားက ေျပာသည္။

အျမန္ပ်ံတက္ႏိုင္ၿပီး ေဒါင္လိုက္ဆင္းသက္ႏိုင္သည့္အျပင္ ၂၀၃၀ ခုႏွစ္ဝန္းက်င္တြင္ တည္ေဆာက္မႈၿပီးစီးရန္ ေတာင္ကိုရီးယားႏိုင္ငံက စီစဉ္ထားသည့္ တိုင္းျပည္၏ ပထမဆုံးေသာ အေပါ႔စား ေလယာဉ္တင္သေဘၤာေပၚတြင္ ျဖန္႔ၾကက္ႏိုင္သည့္ အက္ဖ္-၃၅ ဘီ ဂ်က္တိုက္ေလယာဉ္ အစင္း ၂၀ ဝယ္ယူရန္ ဦးစားေပးသြားမည္ဟု ဆိုသည္။

သမား႐ိုးက် အတက္အဆင္းျပဳလုပ္ႏိုင္သည့္ မူကြဲမ်ားျဖစ္ေသာ အက္ဖ္-၃၅ ေအ ဂ်က္တိုက္ေလယာဉ္ အ စင္း ၂၀ ဝယ္ယူမည္ျဖစ္ရာ ေတာင္ကိုရီးယားႏိုင္ငံ၏ ေလတပ္ဖြဲ႕၌ ပဥၥမမ်ိဳးဆက္ အက္ဖ္-၃၅ ဂ်က္တိုက္ေလယာဉ္ စုစုေပါင္း အစင္း ၈၀ အထိ ရွိလာမည္ျဖစ္သည္။

ဂ်က္တိုက္ေလယာဉ္စီမံကိန္း၏ ဒုတိယအဆင့္ျဖစ္သည့္ အက္ဖ္-၃၅ ဂ်က္တိုက္ေလယာဉ္မ်ား ဝယ္ယူမႈကို ေအာက္တိုဘာလအတြင္း ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားက တရားဝင္ အတည္ ျပဳမည္ဟု စစ္ဘက္ဆိုင္ရာ သတင္းရင္းျမစ္မ်ားက ဆိုသည္။

“ဂ်က္တိုက္ေလယာဉ္စီမံကိန္း ဒုတိယအဆင့္ကို တပ္ဖြဲ႕ ၂၀ အတြက္ ကနဉီး စီစဉ္ခဲ့ေပမဲ့ အေပါ႔စား ေလ ယာဉ္တင္သေဘၤာ တည္ေဆာက္မႈနဲ႔အတူ ညႇိႏႈိင္းေဆာင္ရြက္ရမွာျဖစ္ပါတယ္။

အက္ဖ္-၃၅ ဘီ မ်ိဳးကြဲ ဂ်က္တိုက္ ေလယာဉ္ေတြ ဝယ္ယူမဲ့အခ်ိန္ကိုေတာ့ တင္ျပခဲ့ၿပီးျဖစ္ပါတယ္” ဟု အဆိုပါသတင္းရင္းျမစ္မ်ားက ေျပာသည္။ ယ ခုလအေစာပိုင္းတြင္ ေတာင္ကိုရီးယားႏိုင္ငံက ေၾကညာခဲ့သည့္ ၂၀၂၁-၂၀၂၅ ခုႏွစ္ အမ်ိဳးသား ကာကြယ္ေရးစီမံ ခ်က္အရ ေဒါင္လိုက္ အတက္၊အဆင္းျပဳလုပ္ႏိုင္ေသာ ဂ်က္တိုက္ေလယာဉ္မ်ား တင္ေဆာင္ႏိုင္သည့္ တန္ခ်ိန္ ၃၀၀၀၀ ရွိေသာ ေလယာဉ္တင္သေဘၤာတစ္စင္း တည္ေဆာက္ရန္စီစဉ္ေနေၾကာင္း ေတာင္ကိုရီးယားႏိုင္ငံက ပထ မဆုံးအႀကိမ္ ေၾကညာခဲ့သည္။

ေဒါင္လိုက္ အတက္၊ အဆင္းျပဳလုပ္ႏိုင္သည့္ ကမၻာတစ္ဝန္း ထုတ္လုပ္ဆဲေလယာဉ္အမ်ိဳးအစားျဖစ္သည့္ အက္ဖ္-၃၅ ဘီ ဂ်က္တိုက္ေလယာဉ္မ်ား ဝယ္ယူမည့္ဆုံးျဖတ္ခ်က္ေၾကာင့္ စစ္ဘက္ဒီဇိုင္းေရးဆြဲသူမ်ားက ေလ ယာဉ္တင္သေဘၤာတည္ေဆာက္ရန္ စီစဉ္ရျခင္းျဖစ္သည္။

၂၀၃၀ ျပည့္ႏွစ္ဝန္းက်င္တြင္ ေလယာဉ္တင္သေဘၤာ တည္ေဆာက္မႈ ၿပီးစီးလိုသည့္ ေတာင္ကိုရီးယားေရတပ္၏ ရည္မွန္းခ်က္ႏွင့္ကိုက္ညီေစရန္ လာမည့္ႏွစ္တြင္ အ ေျခခံဒီဇိုင္းမ်ားေရးဆြဲမႈ မစတင္မီ ယခုႏွစ္မကုန္မီ ေလယာဉ္တင္သေဘၤာပုံစံ ေရးဆြဲရန္လိုအပ္သည္။

ေလယာဉ္တင္သေဘၤာ၏ ကုန္းပတ္ႏွင့္ ပင္မအစိတ္အပိုင္းမ်ား ဒီဇိုင္းေရးဆြဲရာတြင္ အက္ဖ္-၃၅ ဂ်က္ တိုက္ေလယာဉ္မ်ားကို မည္သည့္ေနရာတြင္ ရပ္နားမည္ဆိုသည္ႏွင့္ပတ္သက္ေသာ အႀကံဉာဏ္လိုအပ္ေၾကာင္း စစ္ဘက္ဆိုင္ရာ သတင္းရင္းျမစ္တစ္ခုက ေျပာသည္။

ေလယာဉ္မ်ားဝယ္ယူေရး စာခ်ဳပ္တစ္ရပ္ လက္မွတ္မေရး ထိုးမီအထိ အက္ဖ္-၃၅ ဂ်က္တိုက္ေလယာဉ္မ်ားႏွင့္ပတ္သက္ေသာ သတင္းအခ်က္အလက္မ်ား ေလာ့ဟိမာတင္ ကုမၸဏီက ထုတ္ျပန္မည္မဟုတ္ေပ။

အက္ဖ္-၃၅ ဂ်က္တိုက္ေလယာဉ္မ်ား ဝယ္ယူေရးစီမံခ်က္ ျဖစ္ႏိုင္စြမ္းေလ့လာမႈတစ္ခုမွာ လာမည့္ႏွစ္ ပ ထမေျခာက္လအတြင္း ၿပီးစီးရမည္ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ႏွင့္ ၂၀၂၂ ခုႏွစ္ၾကား သေဘာတူညီခ်က္တစ္ရပ္ လက္မွတ္ ေရးထိုးလ်င္ပင္ တိုက္ေလယာဉ္မ်ား ဝယ္ယူမႈမွာ ငါးႏွစ္ခန္႔ၾကာျမင့္မည္ဟု စစ္ဘက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ယူဆၾကသည္။ အသစ္ဝယ္ယူမည့္ အက္ဖ္-၃၅ ဘီ ဂ်က္တိုက္ေလယာဉ္မ်ားကို ေတာင္ကိုရီးယားေရတပ္မဟုတ္ပဲ ေလ တပ္၏ ကြပ္ကဲမႈေအာက္တြင္ရွိမည့္ ေလယာဉ္တင္သေဘၤာတစ္စင္းေပၚတြင္ ျဖန္႔ၾကက္မည္ျဖစ္သည္။

ေတာင္ကိုရီးယားႏိုင္ငံက လက္ရွိအခ်ိန္ထိ ၂၀၁၄ ခုႏွစ္အတြင္း မွာယူခဲ့သည့္ အက္ဖ္-၃၅ ေအ ဂ်က္ တိုက္ေလယာဉ္ ၁၆ စင္း လက္ခံရရွိခဲ့ၿပီျဖစ္သလို လာမည့္ႏွစ္အကုန္တြင္ မွာယူထားသည့္ အက္ဖ္-၃၅ ေအဂ်က္ တိုက္ေလယာဉ္ အစင္း ၄၀ လုံး ေရာက္ရွိမည္ဟု ေမွ်ာ္မွန္းရသည္။ ရွိရင္းစြဲ တိုက္ေလယာဉ္မ်ား၊ အသစ္ေရာက္ရွိ လာသည့္ အက္ဖ္-၃၅ ေအ ဂ်က္တိုက္ေလယာဉ္မ်ားအျပင္ အသစ္ဝယ္ယူမည့္ ပဥၥမမ်ိဳးဆက္ အက္ဖ္-၃၅ ဘီ ဂ်က္ တိုက္ေလယာဉ္မ်ားေၾကာင့္ မေဝးေတာ့ေသာ အနာဂတ္ကာလတြင္ ေတာင္ကိုရီးယားႏိုင္ငံက ေဒသတြင္း၌ အင္ အားေတာင့္တင္းေသာ ေခတ္မီလက္နက္ကိုင္တပ္ဖြဲ႕ကို ပိုင္ဆိုင္မည္ဟု ယူဆရသည္။

ကိုးကား – ေဂ်ာင္အန္းေဒလီ

Ref; Korean military to buy 40 more fighter jets from U.S.

#PeopleMedia

(unicode)
တောင်ကိုရီးယားတပ်မတော်က အမေရိကန်နိုင်ငံထုတ် အက်ဖ်-၃၅ ဘီ ဂျက်တိုက်လေယာဉ် အစင်း ၄၀ ဝယ်ယူမည်
……………………………………………………

နိုင်ငံတကာ၊ ဩဂုတ် ၂၇

တောင်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စုထံမှ အက်ဖ်-၃၅ ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် ဝယ်ယူကာ တိုင်းပြည်၏ ပထမဆုံး လေယာဉ်တင်သင်္ဘောပေါ်တွင် အသုံးပြုမည့် မျိုးကွဲ အက်ဖ်-၃၅ ဂျက်တိုက် လေယာဉ်များအပါအဝင် အဆိုပါဂျက်တိုက်လေယာဉ်များအရေအတွက် နှစ်ဆအထိ တိုးမြှင့်မည်ဟု စစ်ဘက်ဆိုင် ရာ သတင်းရင်းမြစ်များအရ သိရသည်။

လော့ဟိမာတင်ကုမ္ပဏီထုတ် အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ် အစင်း ၄၀ ကို ဝမ် ၈ ထရီလီယံ (အမေရိ ကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံ) အကုန်အကျခံ၍ ဝယ်ယူမည်ဟု အဆိုပါသတင်း ရပ်ကွက်များက ပြောသည်။

အမြန်ပျံတက်နိုင်ပြီး ဒေါင်လိုက်ဆင်းသက်နိုင်သည့်အပြင် ၂၀၃၀ ခုနှစ်ဝန်းကျင်တွင် တည်ဆောက်မှုပြီးစီးရန် တောင်ကိုရီးယားနိုင်ငံက စီစဉ်ထားသည့် တိုင်းပြည်၏ ပထမဆုံးသော အပေါ့စား လေယာဉ်တင်သင်္ဘောပေါ်တွင် ဖြန့်ကြက်နိုင်သည့် အက်ဖ်-၃၅ ဘီ ဂျက်တိုက်လေယာဉ် အစင်း ၂၀ ဝယ်ယူရန် ဦးစားပေးသွားမည်ဟု ဆိုသည်။

သမားရိုးကျ အတက်အဆင်းပြုလုပ်နိုင်သည့် မူကွဲများဖြစ်သော အက်ဖ်-၃၅ အေ ဂျက်တိုက်လေယာဉ် အ စင်း ၂၀ ဝယ်ယူမည်ဖြစ်ရာ တောင်ကိုရီးယားနိုင်ငံ၏ လေတပ်ဖွဲ့၌ ပဉ္စမမျိုးဆက် အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ် စုစုပေါင်း အစင်း ၈၀ အထိ ရှိလာမည်ဖြစ်သည်။

ဂျက်တိုက်လေယာဉ်စီမံကိန်း၏ ဒုတိယအဆင့်ဖြစ်သည့် အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များ ဝယ်ယူမှုကို အောက်တိုဘာလအတွင်း ပူးတွဲစစ်ဦးစီးချုပ်များက တရားဝင် အတည် ပြုမည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ဆိုသည်။

“ဂျက်တိုက်လေယာဉ်စီမံကိန်း ဒုတိယအဆင့်ကို တပ်ဖွဲ့ ၂၀ အတွက် ကနဉီး စီစဉ်ခဲ့ပေမဲ့ အပေါ့စား လေ ယာဉ်တင်သင်္ဘော တည်ဆောက်မှုနဲ့အတူ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

အက်ဖ်-၃၅ ဘီ မျိုးကွဲ ဂျက်တိုက် လေယာဉ်တွေ ဝယ်ယူမဲ့အချိန်ကိုတော့ တင်ပြခဲ့ပြီးဖြစ်ပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်များက ပြောသည်။ ယ ခုလအစောပိုင်းတွင် တောင်ကိုရီးယားနိုင်ငံက ကြေညာခဲ့သည့် ၂၀၂၁-၂၀၂၅ ခုနှစ် အမျိုးသား ကာကွယ်ရေးစီမံ ချက်အရ ဒေါင်လိုက် အတက်၊အဆင်းပြုလုပ်နိုင်သော ဂျက်တိုက်လေယာဉ်များ တင်ဆောင်နိုင်သည့် တန်ချိန် ၃၀၀၀၀ ရှိသော လေယာဉ်တင်သင်္ဘောတစ်စင်း တည်ဆောက်ရန်စီစဉ်နေကြောင်း တောင်ကိုရီးယားနိုင်ငံက ပထ မဆုံးအကြိမ် ကြေညာခဲ့သည်။

ဒေါင်လိုက် အတက်၊ အဆင်းပြုလုပ်နိုင်သည့် ကမ္ဘာတစ်ဝန်း ထုတ်လုပ်ဆဲလေယာဉ်အမျိုးအစားဖြစ်သည့် အက်ဖ်-၃၅ ဘီ ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည့်ဆုံးဖြတ်ချက်ကြောင့် စစ်ဘက်ဒီဇိုင်းရေးဆွဲသူများက လေ ယာဉ်တင်သင်္ဘောတည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်သည်။

၂၀၃၀ ပြည့်နှစ်ဝန်းကျင်တွင် လေယာဉ်တင်သင်္ဘော တည်ဆောက်မှု ပြီးစီးလိုသည့် တောင်ကိုရီးယားရေတပ်၏ ရည်မှန်းချက်နှင့်ကိုက်ညီစေရန် လာမည့်နှစ်တွင် အ ခြေခံဒီဇိုင်းများရေးဆွဲမှု မစတင်မီ ယခုနှစ်မကုန်မီ လေယာဉ်တင်သင်္ဘောပုံစံ ရေးဆွဲရန်လိုအပ်သည်။

လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်နှင့် ပင်မအစိတ်အပိုင်းများ ဒီဇိုင်းရေးဆွဲရာတွင် အက်ဖ်-၃၅ ဂျက် တိုက်လေယာဉ်များကို မည်သည့်နေရာတွင် ရပ်နားမည်ဆိုသည်နှင့်ပတ်သက်သော အကြံဉာဏ်လိုအပ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

လေယာဉ်များဝယ်ယူရေး စာချုပ်တစ်ရပ် လက်မှတ်မရေး ထိုးမီအထိ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များနှင့်ပတ်သက်သော သတင်းအချက်အလက်များ လော့ဟိမာတင် ကုမ္ပဏီက ထုတ်ပြန်မည်မဟုတ်ပေ။

အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များ ဝယ်ယူရေးစီမံချက် ဖြစ်နိုင်စွမ်းလေ့လာမှုတစ်ခုမှာ လာမည့်နှစ် ပ ထမခြောက်လအတွင်း ပြီးစီးရမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကြား သဘောတူညီချက်တစ်ရပ် လက်မှတ် ရေးထိုးလျင်ပင် တိုက်လေယာဉ်များ ဝယ်ယူမှုမှာ ငါးနှစ်ခန့်ကြာမြင့်မည်ဟု စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ယူဆကြသည်။ အသစ်ဝယ်ယူမည့် အက်ဖ်-၃၅ ဘီ ဂျက်တိုက်လေယာဉ်များကို တောင်ကိုရီးယားရေတပ်မဟုတ်ပဲ လေ တပ်၏ ကွပ်ကဲမှုအောက်တွင်ရှိမည့် လေယာဉ်တင်သင်္ဘောတစ်စင်းပေါ်တွင် ဖြန့်ကြက်မည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံက လက်ရှိအချိန်ထိ ၂၀၁၄ ခုနှစ်အတွင်း မှာယူခဲ့သည့် အက်ဖ်-၃၅ အေ ဂျက် တိုက်လေယာဉ် ၁၆ စင်း လက်ခံရရှိခဲ့ပြီဖြစ်သလို လာမည့်နှစ်အကုန်တွင် မှာယူထားသည့် အက်ဖ်-၃၅ အေဂျက် တိုက်လေယာဉ် အစင်း ၄၀ လုံး ရောက်ရှိမည်ဟု မျှော်မှန်းရသည်။ ရှိရင်းစွဲ တိုက်လေယာဉ်များ၊ အသစ်ရောက်ရှိ လာသည့် အက်ဖ်-၃၅ အေ ဂျက်တိုက်လေယာဉ်များအပြင် အသစ်ဝယ်ယူမည့် ပဉ္စမမျိုးဆက် အက်ဖ်-၃၅ ဘီ ဂျက် တိုက်လေယာဉ်များကြောင့် မဝေးတော့သော အနာဂတ်ကာလတွင် တောင်ကိုရီးယားနိုင်ငံက ဒေသတွင်း၌ အင် အားတောင့်တင်းသော ခေတ်မီလက်နက်ကိုင်တပ်ဖွဲ့ကို ပိုင်ဆိုင်မည်ဟု ယူဆရသည်။

ကိုးကား – ဂျောင်အန်းဒေလီ

Ref; Korean military to buy 40 more fighter jets from U.S.

#PeopleMedia


Share this post