• Follow Us on

Home တောင်ကိုရီးယားရေနံတင်သင်္ဘောကို သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေသည်ဟုဆိုကာ အီရန်သိမ်းယူ

တောင်ကိုရီးယားရေနံတင်သင်္ဘောကို သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေသည်ဟုဆိုကာ အီရန်သိမ်းယူ

Share this post

ဆိုးလ်၊ ဇန်နဝါရီ ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဟော်မုဇ်ရေလက်ကြားတွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေသည်ဟုဆိုကာ တောင်ကိုရီးယားအလံ တင်ထားသည့်ရေနံတင်သင်္ဘောတစင်းကို အီရန်က သိမ်းယူလိုက်သည်။
 
ရေကြောင်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေများကို ထပ်ကာထပ်ကာချိုးဖောက်မှုကြောင့် သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း အီရန်နိုင်ငံ၏တော်လှန်ရေးအစောင့်တပ်ဖွဲ့က တနင်္လာနေ့တွင်ထုတ်ပြန်သည်။
 
လောင်စာဆီပြုလုပ်ရာတွင်ပါဝင်သောအီသနောဓာတုပစ္စည်းတန်ချိန် ၇၂၀၀၀ ပါသည့်သင်္ဘောကို အီရန်နိုင်ငံရှိ ဘန်ဒါအဘတ်စ်ဆိပ်ကမ်းတွင်ထိန်းသိမ်းထားကြောင်းလည်း တပ်ဖွဲ့ကအသိပေးသည်။
 
ဟန်ကွန်ချီမီသင်္ဘောသည် ဆော်ဒီအာရေဗျရှိ အယ်ဂျူဘိုင်းဆိပ်ကမ်းမှ အာရပ်စော်ဘွားများပြည်ထောင်စုသို့ ဦးတည်မောင်းနှင်နေခြင်းဖြစ်ပြီး တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံမှသင်္ဘောသားများ စုစုပေါင်း အယောက် ၂၀ ပါဝင်သည်။
 
အိုမန်ရေပိုင်နက်အလွန်တွင် အီရန်အာဏာပိုင်များက သင်္ဘောကိုသိမ်းယူထားကြောင်း တောင်ကိုရီးယားနိုင်ငံ ခြားရေးဝန်ကြီးဌာနကအတည်ပြုပြီး ချက်ချင်းပြန်လွှတ်ရန်လည်း တောင်းဆိုသည်။
 
ဟော်မုဇ်ရေလက်ကြားနားသို့ ပင်လယ်ဓားပြမှုတုံ့ပြန်ရေးယူနစ် ချောင်ဟေးကို စေလွှတ်ထားကြောင်း တောင်ကို ရီးယားကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။
 
Ref : A S. Korean Oil Tanker Seized by Iran, Seoul Demands Release
 
#PeopleMedia #International
 
(unicode)
…………………………………………………..
 
 
 
 
 
 
 
 
Ref : A S. Korean Oil Tanker Seized by Iran, Seoul Demands Release
 
#PeopleMedia #International

Share this post