• Follow Us on

Home တောင်သာမြို့နယ်၌ လူ (၅) ဦးမှ ထောက်ခံစာ ပြုလုပ်မည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးအိမ်သို့ ဝင်ရောက်ပြီး အုပ်ချုပ်ရေးမှူးဖြစ်သူကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

တောင်သာမြို့နယ်၌ လူ (၅) ဦးမှ ထောက်ခံစာ ပြုလုပ်မည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးအိမ်သို့ ဝင်ရောက်ပြီး အုပ်ချုပ်ရေးမှူးဖြစ်သူကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

Share this post

မန္တလေး၊ အောက်တိုဘာ ၂၇ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ အရှေ့ချောင်းဆုံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမှတ်တင်သည် ယနေ့နံနက်ပိုင်းက အမျိုးသား (၅) ဦးမှ နေအိမ်အတွင်း ဝင်ရောက်ပြီး သေနတ်ဖြင့် လုပ်ကြံမှုကြောင့် ရရှိဒဏ်ရာဖြင့် ဦးမှတ်တင်သေဆုံးခဲ့သည်။

 

“အုပ်ချုပ်ရေးမှူးအိမ်ထဲကို အမျိုးသား ၅ ဦးက ထောက်ခံစာပြုလုပ်ဖို့ဆိုပြီး နေအိမ်ထဲကိုလာတာ။ နောက်တော့ သေနတ်နဲ့ အုပ်ချုပ်ရေးမှူးကို ၂ ချက် ပစ်သတ်လိုက်တာ။ အုပ်ချုပ်ရေးမှူးဖြစ်သူက ရွာရဲ့ကြည်ညိုလေးစားသူ တစ်ဦးပါ။ စိတ်မကောင်းဖွယ်ရာပါ” လို့ ဒေသခံတစ်ဦးက People Media ကို ပြောပါတယ်။

 

တောင်သာမြို့နယ်သည် ပြီးခဲ့သည့်လအတွင်း၌ အုပ်ချုပ်ရေးမှူးများ၊ တပ်မတော်သတင်းပေးဟု ယူဆခံရသူ များ လုပ်ကြံသတ်ဖြတ်ခံနေရဆဲဖြစ်သည့် မြို့တစ်ခု ဖြစ်ပါတယ်။

 

ထို့အတူ တောင်သာမြို့နယ်နှင့် တစ်ဆက်တည်း တည်ရှိသည့် မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းနှင့် စွန်းလွန်းတံတား တောင်ဖက်လမ်းမ၌ ချိန်ကိုင်ဗုံးတစ်လုံးကို ယနေ့ မွန်းလွဲပိုင်း၌ တွေ့ရှိ၍ လုံခြုံရေးအဖွဲ့များက ရှင်းလင်းခဲ့ပါ တယ်။

 

#PeopleMedia #တောင်သာမြို့ #မြင်းခြံမြို့ #အုပ်ချုပ်ရေးမှူး

 

(unicode)


……………………………………………………………

 

မန်တလေး၊ အောကျတိုဘာ ၂၇ (People Media)

 


 


 


 


 



Share this post