• Follow Us on

Home ေဒသတြင္း စည္းလုံးညီၫြတ္ေရးႏွင့္ အုပ္ခ်ဳပ္ေရးစနစ္ တည္ၿငိမ္လာေစရန္ ဒီမိုကေရစီပါတီသစ္(ကခ်င္)ကို တည္ေထာင္ရျခင္းျဖစ္ေၾကာင္း ပါတီဥကၠ႒ေျပာ

ေဒသတြင္း စည္းလုံးညီၫြတ္ေရးႏွင့္ အုပ္ခ်ဳပ္ေရးစနစ္ တည္ၿငိမ္လာေစရန္ ဒီမိုကေရစီပါတီသစ္(ကခ်င္)ကို တည္ေထာင္ရျခင္းျဖစ္ေၾကာင္း ပါတီဥကၠ႒ေျပာ

Share this post

EPN

ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၁၄

ေဒသတြင္း စည္းလုံးညီၫြတ္ေရးႏွင့္ ေဒသ၏အုပ္ခ်ဳပ္ေရးစနစ္ တည္ၿငိမ္ လာေစရန္ ဒီမိုကေရစီပါတီသစ္ (ကခ်င္) ပါတီကို ဖြဲ႕စည္းတည္ေထာင္ ရျခင္းျဖစ္ေၾကာင္း ယင္းပါတီဥကၠ႒က ေျပာဆိုခဲ့သည္။

ယခုႏွစ္အတြင္း ကခ်င္ျပည္နယ္တြင္ အသစ္ဖြဲ႕စည္းတည္ေထာင္လိုက္ သည့္ ဒီမိုကေရစီပါတီသစ္ (ကခ်င္) ပါတီ၏႐ုံးခ်ဳပ္ကို ခ်ီေဖြၿမိဳ႕နယ္ ပန္ဝါ ၿမိဳ႕တြင္ ဖြင့္လွစ္ထားရွိၿပီး ေအာက္တိုဘာလ ၈ ရက္ေန႔က က်င္းပ ျပဳ လုပ္ခဲ့သည့္ ယင္းပါတီ၏ ႐ုံးသစ္ဖြင့္ပြဲ အခမ္းအနားတြင္ ဒီမိုကေရစီပါတီ သစ္ (ကခ်င္) ပါတီဥကၠ႒ ဦးတိန္႔ေဆာင္က ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္ သည္။

“ဒီေခတ္ဒီခါမွာက ပါတီႏိုင္ငံေရးနဲ႔ သြားေနၿပီျဖစ္တယ္။ ဒါေၾကာင့္ အဲ့ဒီ လမ္းေၾကာင္းထဲ စုစည္းမႈတစ္ခုအေနနဲ႔ ကြၽန္ေတာ္တို႔ဝိုင္းဝန္းစုစည္းၿပီးမွ သြားၾကရမယ့္ အေျခအေန၊ အခ်ိန္အခါေရာက္ေနၿပီျဖစ္တယ္။ ဒီေဒသ က တည္ၿငိမ္အုပ္ခ်ဳပ္ေရးကို ထိန္းခ်ဳပ္တဲ့လူႀကီးေတြ ေဒသခံေတြက လည္း ဒီအျမင္ေတြရွိတယ္။ အဲ့ေတာ့ ကြၽန္ေတာ္တို႔ဆီမွာလည္း ေဒသကို အေျခခံတဲ့ ႏိုင္ငံေရးပါတီတစ္ခု၊ ေဒသပါတီတစ္ခု တည္ေထာင္ဖို႔လိုလာ တယ္ဆိုၿပီး ဒီေဒသခံပါတီျဖစ္တဲ့ ဒီမိုကေရစီပါတီသစ္ (ကခ်င္)ကို ဖြဲ႕ စည္းတည္ေထာင္ရတာျဖစ္ပါတယ္”ဟု ယင္းပါတီဥကၠ႒ ဦးတိန္႔ေဆာင္ က ေျပာဆိုသည္။

ဒီမိုကေရစီပါတီသစ္(ကခ်င္) အေနျဖင့္ လက္ရွိတြင္ ျမစ္ႀကီးနားၿမိဳ႕နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ေဆာ့ေလာ္ၿမိဳ႕နယ္၊ ခ်ီေဖြၿမိဳ႕နယ္၊ ပန္ဝါၿမိဳ႕စသည့္ေန ရာေဒသမ်ားမွ ပါတီဝင္အင္အား ေထာင္ခ်ီရရွိထားၿပီး ပါတီ၏႐ုံးခြဲမ်ားကို လည္း သက္ဆိုင္ရာ ၿမိဳ႕နယ္မ်ားတြင္ မၾကာမီအခ်ိန္အတြင္း ဖြင့္လွစ္သြား ဖို႔ရွိေၾကာင္းသိရသည္။

ဒီမိုကေရပါတီသစ္(ကခ်င္)ပါတီ၏ ပါတီဆိုင္းဘုတ္တင္ပြဲႏွင့္ လူထုမိတ္ ဆက္ပြဲကို ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၈ ရက္ေန႔က ျမစ္ႀကီးနားခ႐ိုင္၊ ခ်ီေဖြၿမိဳ႕နယ္၊ ပန္ဝါၿမိဳ႕၌ က်င္းပျပဳလုပ္ခဲ့ရာ ေဒသခံ ျပည္သူေထာင္ႏွင့္ခ်ီ တက ္ေရာက္အားေပးခဲ့ၾကၿပီး ယင္းေန႔၌ပင္ ပါတီဝင္ အဆိုျပဳလႊာ ၂၅၀၀ ေက်ာ္ရရွိခဲ့သည္။

(unicode)
ဒေသတွင်း စည်းလုံးညီညွတ်ရေးနှင့် အုပ်ချုပ်ရေးစနစ် တည်ငြိမ်လာစေ ရန် ဒီမိုကရေစီပါတီသစ်(ကချင်)ကို တည်ထောင်ရခြင်းဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌပြော
………………………………………………………………………..

EPN

မြစ်ကြီးနား၊ အောက်တိုဘာ ၁၄

ဒေသတွင်း စည်းလုံးညီညွတ်ရေးနှင့် ဒေသ၏အုပ်ချုပ်ရေးစနစ် တည်ငြိမ် လာစေရန် ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီကို ဖွဲ့စည်းတည်ထောင် ရခြင်းဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

ယခုနှစ်အတွင်း ကချင်ပြည်နယ်တွင် အသစ်ဖွဲ့စည်းတည်ထောင်လိုက် သည့် ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီ၏ရုံးချုပ်ကို ချီဖွေမြို့နယ် ပန်ဝါ မြို့တွင် ဖွင့်လှစ်ထားရှိပြီး အောက်တိုဘာလ ၈ ရက်နေ့က ကျင်းပ ပြု လုပ်ခဲ့သည့် ယင်းပါတီ၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားတွင် ဒီမိုကရေစီပါတီ သစ် (ကချင်) ပါတီဥက္ကဋ္ဌ ဦးတိန့်ဆောင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။

“ဒီခေတ်ဒီခါမှာက ပါတီနိုင်ငံရေးနဲ့ သွားနေပြီဖြစ်တယ်။ ဒါကြောင့် အဲ့ဒီ လမ်းကြောင်းထဲ စုစည်းမှုတစ်ခုအနေနဲ့ ကျွန်တော်တို့ဝိုင်းဝန်းစုစည်းပြီးမှ သွားကြရမယ့် အခြေအနေ၊ အချိန်အခါရောက်နေပြီဖြစ်တယ်။ ဒီဒေသ က တည်ငြိမ်အုပ်ချုပ်ရေးကို ထိန်းချုပ်တဲ့လူကြီးတွေ ဒေသခံတွေက လည်း ဒီအမြင်တွေရှိတယ်။ အဲ့တော့ ကျွန်တော်တို့ဆီမှာလည်း ဒေသကို အခြေခံတဲ့ နိုင်ငံရေးပါတီတစ်ခု၊ ဒေသပါတီတစ်ခု တည်ထောင်ဖို့လိုလာ တယ်ဆိုပြီး ဒီဒေသခံပါတီဖြစ်တဲ့ ဒီမိုကရေစီပါတီသစ် (ကချင်)ကို ဖွဲ့ စည်းတည်ထောင်ရတာဖြစ်ပါတယ်”ဟု ယင်းပါတီဥက္ကဋ္ဌ ဦးတိန့်ဆောင် က ပြောဆိုသည်။

ဒီမိုကရေစီပါတီသစ်(ကချင်) အနေဖြင့် လက်ရှိတွင် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့စသည့်နေ ရာဒေသများမှ ပါတီဝင်အင်အား ထောင်ချီရရှိထားပြီး ပါတီ၏ရုံးခွဲများကို လည်း သက်ဆိုင်ရာ မြို့နယ်များတွင် မကြာမီအချိန်အတွင်း ဖွင့်လှစ်သွား ဖို့ရှိကြောင်းသိရသည်။

ဒီမိုကရေပါတီသစ်(ကချင်)ပါတီ၏ ပါတီဆိုင်းဘုတ်တင်ပွဲနှင့် လူထုမိတ် ဆက်ပွဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့က မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူထောင်နှင့်ချီ တက်ရောက်အားပေးခဲ့ကြပြီး ယင်းနေ့၌ပင် ပါတီဝင် အဆိုပြုလွှာ ၂၅၀၀ ကျော်ရရှိခဲ့သည်။


Share this post