• Follow Us on

Home နောင်ချိုမြို့တွင် ကျပ်သိန်း (၂၀၀၀) နီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နောင်ချိုမြို့တွင် ကျပ်သိန်း (၂၀၀၀) နီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Share this post

 

 

နေပြည်တော်၊ မတ် ၁၁

 

နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ နယ်မြေ(၇)တွင် ငွေကျပ်သိန်း(၂၀၀၀)နီးပါး တန်ဖိုးရှိသည့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီအချိန် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ နယ်မြေ(၇)၊ သပြေရေ ကျေးရွာကျောင်းလမ်းမှ နောင်ချိုမြို့တွင်းဘက်သို့ ကျော်ကျော်နိုင်(၄၅)နှစ်နှင့် ထိန်လင်းစိုး(ခ)ဗေဒါး(၃၀)နှစ်တို့ ဆိုင်ကယ် ၂ စီးဖြင့် သယ်ဆောင်လာသည့် ဆာလာအိတ် ၆ အိတ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူပါ ဆပ်ပြာခွက် ၁၃၁၆ ခွက်၊ အလေးချိန် ၁၃ ဒသမ ၁၆ ကီလို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၉ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးများသယ်ဆောင်ခိုင်းသူ မောင်ဌေး(၅၀) နှစ်အား သပြေရေကျေးရွာတွင် ဆိုင်ကယ်ဖြင့်လည်းကောင်း၊ နံနက် ၁၀ နာရီအချိန် နောင်ချိုမြို့အထွက်၊ မန္တလေး-လားရှိုးသွားကားလမ်း၊ ကျောက်ကြမ်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် အောင်ကိုကိုပိုင်(ခ)အောင်ကို (၃၂)နှစ်၊ ရန်နိုင်ဦး(၃၄)နှစ်နှင့် သက်နိုင်ဦး (၃၃)နှစ်တို့ ၃ ဦးအား AD Van ယာဉ်နှင့်လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေး တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၆ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 

#PeopleMedia


Share this post