• Follow Us on

Home ေနာင္တြင္ ပါတီမွတာ၀န္ေပးထားသူကို ျပန္လည္စြပ္စြဲျပစ္တင္လုပ္ေဆာင္မႈမ်ားမရွိေအာင္ ပါတီတြင္းၾကပ္မတ္ ေဆာင္ရြက္သြားမည္ဟု NLD ပါတီ CEC အဖြဲ႔ဝင္ ေဒါက္တာမ်ဳိးညြန္႔ေျပာ

ေနာင္တြင္ ပါတီမွတာ၀န္ေပးထားသူကို ျပန္လည္စြပ္စြဲျပစ္တင္လုပ္ေဆာင္မႈမ်ားမရွိေအာင္ ပါတီတြင္းၾကပ္မတ္ ေဆာင္ရြက္သြားမည္ဟု NLD ပါတီ CEC အဖြဲ႔ဝင္ ေဒါက္တာမ်ဳိးညြန္႔ေျပာ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၄

ေနာင္တြင္ ပါတီမွတာ၀န္ေပးထားသူကို ျပန္လည္စြပ္စြဲျပစ္တင္လုပ္ေဆာင္မႈမ်ားမရွိေအာင္ ပါတီတြင္း ၾကပ္မတ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း NLD ပါတီ CEC အဖြဲ႔ဝင္ ေဒါက္တာမ်ဳိးညြန္႔ကေျပာသည္။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္း႐ိႈ္ကို ကယားျပည္နယ္လႊတ္ေတာ္တြင္ စြပ္စြဲျပစ္တင္ျခင္းအတည္ ျပဳ႕ဆံုးျဖတ္ခ်က္အရ ၀န္ႀကီးခ်ဳပ္အျဖစ္မွ ရပ္စဲလိုက္ျခင္းအေပၚ အမ်ဳိးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ ဗဟိုအလုပ္အမႈ ေဆာင္အဖြဲ႕အေနျဖင့္ လႊတ္ေတာ္ဥကၠ႒သည္ ဥပေဒႏွင့္အညီ ေလ်ာ္ကန္သင့္ျမတ္ မွန္ကန္စြာ ေဆာင္ရြက္ျခင္းမျပဳဘဲ ပုဂၢိဳလ္ေရးအာဃာတျဖင့္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း NLD ပါတီ က စက္တင္ဘာ(၃)ရက္ေန႔၌ သတင္းထုတ္ျပန္ခဲ့သည္။

“ဒီကိစၥဟာ ၂၀၁၈ တုန္းကျဖစ္ခဲ့တဲ့ကိစၥတစ္ခုလည္းျဖစ္ပါတယ္။ အခုလိုေဆာင္ရြက္တဲ့အခါ အဖြဲ႕ခ်ဳပ္ကတာ၀န္ေပးထားတဲ့ အုပ္ခ်ဳပ္ေရးအာဏာပိုင္တစ္ဦးကို အဖြဲ႕ခ်ဳပ္အဖြဲ႕၀င္ေတြက အခုလိုပါ၀င္ၿပီးေတာ့ စြပ္စြဲျပစ္တင္တာဟာ အဖြဲ႕ခ်ဳပ္အတြက္ စိတ္မေကာင္းစရာျဖစ္ပါတယ္။ ေနာင္ဒီလို ပါတီရဲ႕တာ၀န္ေပးထားသူကို ျပန္လည္ၿပီးေတာ့ စြပ္စြဲျပစ္တင္တယ္ဆိုရင္ ခုလို လုပ္ေဆာင္မႈေတြ မျဖစ္လာဖို႔ ပါတီတြင္းညႇိႏိႈင္းေဆာင္ရြက္ဖို႔ ကို ေနာက္ပိုင္းမွာ ၾကပ္မတ္ေဆာင္ရြက္သြားမယ္ဆိုတာကို ခုလိုထုတ္ျပန္ရျခင္းျဖစ္ပါတယ္”ဟု ေဒါက္တာမ်ဳိးညြန္႔ (NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ)က ေျပာသည္။

ထို႔အျပင္ ၎မွ “ေတာင္းဆိုတဲ့လူေတြထဲကပဲ ကၽြန္ေတာ္တို႔စံုစမ္းစစ္ေဆးေရးမွဴးအဖြဲ႕မွပဲ ဥကၠ႒၊ အတြင္းေရးမွဴးတာ၀န္ေတြျပန္ေပးခဲ့ပါ တယ္။

ဒီလိုလုပ္ေဆာင္တာေတြဟာ ဥပေဒ၊ နည္းဥပေဒေတြနဲ႔ မညီၫြတ္ဘူး။ မိမိတို႔ရဲ႕ပုဂၢိဳလ္ေရးဆႏၵေတြပါတယ္လို႔ ကၽြန္ေတာ္တို႔က သံုးသပ္တဲ့အတြက္ ဒီလိုေထာက္ျပမႈကို ေရးသားရျခင္းျဖစ္ပါတယ္”ဟု ေဒါက္တာမ်ဳိးညႊန္႔ကဆိုသည္။

ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၏ ဆႏၵမဲျဖင့္ တာဝန္မွ ဖယ္ရွားခံရသည့္ ကယားျပည္နယ္ဝန္ၾကီးခ်ဳပ္ကုိ တာဝန္မွ ရပ္စဲေၾကာင္း အမိန္႔စာကုိ ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ကယာျပည္နယ္လႊတ္ေတာ္ဥကၠဌထံ စက္တင္ဘာ ၃ ရက္ေန႔၌ ေပးပုိ႔ခဲ့သည္။

ႏုိင္ငံေတာ္သမၼတေပးပုိ႔သည့္ အမိန္႔စာ၌ ဖြဲ႔စည္းပုံအေျခခံဥပေဒပုဒ္မ ၂၆၃၊ပုဒ္မခြဲ(င)၊ပုဒ္မခြဲငယ္(၂)၊ျပည္ ေထာင္စုအစုိးရအဖြဲ႔ ဥပေဒပုဒ္မ ၈၀ႏွင့္တုိင္းေဒသၾကီး သုိ႔မဟုတ္ ျပည္နယ္အစုိးရအဖြဲ႔ ဥပေဒပုဒ္မ ၅၅ တုိ႔ပါ ျပဌန္းခ်က္အရ ကယားျပည္နယ္အစုိးရအဖြဲ႔ဝန္ၾကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိးကုိ တာဝန္မွ ရပ္စဲလုိက္ေၾကာင္း ေဖာ္ျပထားသည္။

ၿပီးခဲ့သည့္ရက္ပုိင္းက ကယားျပည္နယ္လႊတ္ေတာ္၌ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ (၂၀)ဦးရွိသည့္အနက္ ဝန္ၾကီးခ်ဳပ္အယ္လ္ေဖာင္ရႈိကုိ စြပ္စြဲျပစ္တင္ရာ၌ ေထာက္ခံသူ(၁၆)ဦး၊ကန္႔ကြက္သူ(၄)ဦးျဖင့္ ဝန္ၾကီးခ်ဳပ္သည္တာဝန္မွဖယ္ရွားခံလုိက္ရသည္။

တာဝန္မွ ဖယ္ရွားခံလုိက္ရေသာ ဦးအယ္ေဖာင္ရႈိသည္ ျပည္နယ္လႊတ္ေတာ္အမတ္အျဖစ္ ဆက္လက္ရွိေန မည္ျဖစ္ျပီး လာမည့္ ေရြးေကာက္ပြဲ၌ ကယားျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းအျဖစ္ NLD ပါတီက ခန္႔အပ္ထားသည္။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိသည္ ကယားပြဲေတာ္က်င္းပေရးေျမေနရာ အဆိုေအာင္ထား သည့္ေနရာတြင္ အျခားလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ၊ စက္ယႏၲရား ၁၈ စီးကို ငွားရမ္းထားသည့္ေငြေၾကးမ်ား ႏိုင္ငံေတာ္ဘ႑ာအေကာင့္တြင္ ဖြင့္မထားဘဲ အျခားေငြစာရင္းဖြင့္လွစ္ အသုံးျပဳေနမႈတို႔အေပၚ လႊတ္ေတာ္ ကိုယ္စားလွယ္ ေလးပုံတစ္ပုံက ဖြဲ႔စည္းပုံအေျခခံဥပေဒအရ စြပ္စြဲျပစ္တင္ခဲ့ျခင္းျဖစ္သည္။

#PeopleMedia #ကယားျပည္နယ္အစုိးရအဖြဲ႔

(unicode)
နောင်တွင် ပါတီမှတာဝန်ပေးထားသူကို ပြန်လည်စွပ်စွဲပြစ်တင်လုပ်ဆောင်မှုများမရှိအောင် ပါတီတွင်းကြပ်မတ် ဆောင်ရွက်သွားမည်ဟု NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ပြော
………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၄

နောင်တွင် ပါတီမှတာဝန်ပေးထားသူကို ပြန်လည်စွပ်စွဲပြစ်တင်လုပ်ဆောင်မှုများမရှိအောင် ပါတီတွင်း ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကပြောသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို်ကို ကယားပြည်နယ်လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခြင်းအတည် ပြု့ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ်အဖြစ်မှ ရပ်စဲလိုက်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌသည် ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ် မှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း NLD ပါတီ က စက်တင်ဘာ(၃)ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့သည်။

“ဒီကိစ္စဟာ ၂၀၁၈ တုန်းကဖြစ်ခဲ့တဲ့ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ အခုလိုဆောင်ရွက်တဲ့အခါ အဖွဲ့ချုပ်ကတာဝန်ပေးထားတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တစ်ဦးကို အဖွဲ့ချုပ်အဖွဲ့ဝင်တွေက အခုလိုပါဝင်ပြီးတော့ စွပ်စွဲပြစ်တင်တာဟာ အဖွဲ့ချုပ်အတွက် စိတ်မကောင်းစရာဖြစ်ပါတယ်။ နောင်ဒီလို ပါတီရဲ့တာဝန်ပေးထားသူကို ပြန်လည်ပြီးတော့ စွပ်စွဲပြစ်တင်တယ်ဆိုရင် ခုလို လုပ်ဆောင်မှုတွေ မဖြစ်လာဖို့ ပါတီတွင်းညှိနှိုင်းဆောင်ရွက်ဖို့ ကို နောက်ပိုင်းမှာ ကြပ်မတ်ဆောင်ရွက်သွားမယ်ဆိုတာကို ခုလိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်”ဟု ဒေါက်တာမျိုးညွန့် (NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ)က ပြောသည်။

ထို့အပြင် ၎င်းမှ “တောင်းဆိုတဲ့လူတွေထဲကပဲ ကျွန်တော်တို့စုံစမ်းစစ်ဆေးရေးမှူးအဖွဲ့မှပဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတာဝန်တွေပြန်ပေးခဲ့ပါ တယ်။

ဒီလိုလုပ်ဆောင်တာတွေဟာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီညွတ်ဘူး။ မိမိတို့ရဲ့ပုဂ္ဂိုလ်ရေးဆန္ဒတွေပါတယ်လို့ ကျွန်တော်တို့က သုံးသပ်တဲ့အတွက် ဒီလိုထောက်ပြမှုကို ရေးသားရခြင်းဖြစ်ပါတယ်”ဟု ဒေါက်တာမျိုးညွှန့်ကဆိုသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့် တာဝန်မှ ဖယ်ရှားခံရသည့် ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်မှ ရပ်စဲကြောင်း အမိန့်စာကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကယာပြည်နယ်လွှတ်တော်ဥက္ကဌထံ စက်တင်ဘာ ၃ ရက်နေ့၌ ပေးပို့ခဲ့သည်။

နိုင်ငံတော်သမ္မတပေးပို့သည့် အမိန့်စာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ပုဒ်မခွဲ(င)၊ပုဒ်မခွဲငယ်(၂)၊ပြည် ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၀နှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဌန်းချက်အရ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုးကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကယားပြည်နယ်လွှတ်တော်၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးရှိသည့်အနက် ဝန်ကြီးချုပ်အယ်လ်ဖောင်ရှိုကို စွပ်စွဲပြစ်တင်ရာ၌ ထောက်ခံသူ(၁၆)ဦး၊ကန့်ကွက်သူ(၄)ဦးဖြင့် ဝန်ကြီးချုပ်သည်တာဝန်မှဖယ်ရှားခံလိုက်ရသည်။

တာဝန်မှ ဖယ်ရှားခံလိုက်ရသော ဦးအယ်ဖောင်ရှိုသည် ပြည်နယ်လွှတ်တော်အမတ်အဖြစ် ဆက်လက်ရှိနေ မည်ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲ၌ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီက ခန့်အပ်ထားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ကယားပွဲတော်ကျင်းပရေးမြေနေရာ အဆိုအောင်ထား သည့်နေရာတွင် အခြားလုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ယန္တရား ၁၈ စီးကို ငှားရမ်းထားသည့်ငွေကြေးများ နိုင်ငံတော်ဘဏ္ဍာအကောင့်တွင် ဖွင့်မထားဘဲ အခြားငွေစာရင်းဖွင့်လှစ် အသုံးပြုနေမှုတို့အပေါ် လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံက ဖွဲ့စည်းပုံအခြေခံဥပဒေအရ စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။

#PeopleMedia #ကယားပြည်နယ်အစိုးရအဖွဲ့


Share this post