• Follow Us on

Home ေနျပည္ေတာ္မွ ေျမကြက္ယူသည့္ အစိုးရအဖဲြ႕၀င္မ်ားသည္ ဆင္းရဲေနသူမ်ားမဟုတ္ေၾကာင္း မဂၤလာဒံု NLD အမတ္ေျပာဆို

ေနျပည္ေတာ္မွ ေျမကြက္ယူသည့္ အစိုးရအဖဲြ႕၀င္မ်ားသည္ ဆင္းရဲေနသူမ်ားမဟုတ္ေၾကာင္း မဂၤလာဒံု NLD အမတ္ေျပာဆို

Share this post

ရန္ကုန္၊ ဇြန္ ၂၀

ေနျပည္ေတာ္ေကာင္စီအတြင္းမွ ေျမကြက္ယူသည့္ အစိုးရအဖဲြ႕၀င္မ်ားသည္ လုပ္ပိုင္ခြင့္ကို အသံုးခ်ၿပီး ယူျခင္း ျဖစ္၍ ရွက္္တတ္သင့္ေၾကာင္းႏွင့္ ၎တို႔အေနျဖင့္ ေျမကြက္မ်ားကို မယူသင့္ေၾကာင္း မဂၤလာဒံုျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ဦးေအာင္လိႈင္၀င္းကေျပာသည္။

၀န္ႀကီးေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြသာမက ျပည္သူမ်ားလည္း အိမ္ပုိင္ယာပုိင္ႏွင့္ တင့္ေတာင္းတင့္ တယ္ေနခ်င္ၾကေၾကာင္း မဂၤလာဒံုုျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လိႈင္၀င္းက လူမႈကြန္ယက္ စာမ်က္ႏွာေပၚတြင္ ေရးသားထားျခင္းျဖစ္သည္။

“ျပည္သူလူထုရဲ႕ပိုက္ဆံန ဲ႔ရပ္တည္လည္ပတ္ေနတဲ့လူေတြပါပဲ။ ငါကသမၼတျဖစ္တဲ့အတြက္ ပိုၿပီးအခြင့္အေရး ရွိတယ္၊ ဒါမ်ိဳးမလုပ္သင့္ဘူးေပါ့။ ႏုိင္ငံေတာ္သမၼတဆိုတဲ့အခြင့္အာဏာက အမ်ားျပည္သူရဲ႕အက်ိဳးစီးပြားကိုေဖာ္ ေဆာင္တဲ့အခြင့္အာဏာမ်ိဳးျဖစ္သင့္တယ္။ အစိုးရအဖဲြ႕က အဲ့လိုပဲအမ်ားျပည္သူရဲ႕အက်ိဳးစီးပြားကို ေဖာ္ေဆာင္ တဲ့အမိန္႔ေတြစီမံကိန္းေတြခ်သင့္တယ္။ အစိုးရအဖဲြ႕၀င္ေတြကအဲ့ေလာက္ဆင္းရဲေနၾကတာလည္းမဟုတ္ပါဘူး။ ကိုယ့္ပိုက္ဆံနဲ႔ ကိုယ္ေနာက္ၾကမွ အိမ္ေတြဘာေတြ၀ယ္လိုရတယ္”ဟု မဂၤလာဒံုျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ဦးေအာင္လိႈ္င္၀င္းကေျပာသည္။

၀န္ႀကီးေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနျဖင့္ ကိုယ့္ခြန္ကိုယ့္အားျဖင့္ ရွာေဖြရသည့္ ေငြႏွင့္ အိမ္၀ယ္ တာမထူးဆန္းေပမယ့္ လုပ္ပိုင္ခြင့္ကိုအသံုးခ်ၿပီး ၿခံကြက္ေတြကိုေစ်းခ်ိဳးေအာင္လုပ္ၿပီး ျပည္သူေတြမပါဘဲ မိမိတို႔သာ ၀ယ္ခြင့္ရေအာင္လုပ္ျခင္းသည္ မျဖစ္သင့္ေၾကာင္း ၎၏ လူမႈကြန္ယက္စာမ်က္ႏွာေပၚတြင္ ေရး သားထားျခင္းျဖစ္သည္။

Covid-19 ေရာဂါေၾကာင့္ ျပည္သူလူထူစီးပြားေရးအခက္အခဲျဖစ္ေနခ်ိန္တြင္ ၀န္ႀကီးေတြ၊ အစိုးရအဖဲြ႕၀င္ေတြ အေနျဖင့္ အခြင့္အာဏာကိုအသံုးျပဳၿပီး ေျမကြက္ယူျခင္းထက္ ျပည္သူလူထုႏွင့္အတူတူရွိေနသင့္ေၾကာင္း မဂၤလာဒံုျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေအာင္လိႈ္င္၀င္းကေျပာသည္။

ေနျပည္ေကာင္စီမွ ေျမကြက္ခ်ထားေပးရာ၌ ႏိုင္ငံေတာ္သမၼတ၊ အတိုင္ပင္ခံတို႔သည္ ေပ(၄၀၀) ပတ္လည္ ေျမကြက္မ်ားျဖစ္ၿပီး ဝန္ႀကီး ေပ(၃၀၀)ပတ္လည္၊ ဒုဝန္ႀကီးမ်ားသည္ ေပ(၂၅၀) ပတ္လည္ႏွင့္ ညႊန္ခ်ဳပ္ အဆင့္ဆုိပါက ေပ(၁၀၀)ပတ္လည္ေျမကြက္မ်ား ရရွိၾကမွာလည္းျဖစ္သည္။

#PeopleMedia

(unicode)
နေပြည်တော်မှ မြေကွက်ယူသည့် အစိုးရအဖွဲ့ဝင်များသည် ဆင်းရဲနေသူများမဟုတ်ကြောင်း မင်္ဂလာဒုံ NLD အမတ်ပြောဆို
…………………………………………………

ရန်ကုန်၊ ဇွန် ၂၀

နေပြည်တော်ကောင်စီအတွင်းမှ မြေကွက်ယူသည့် အစိုးရအဖွဲ့ဝင်များသည် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ယူခြင်း ဖြစ်၍ ရှက်တတ်သင့်ကြောင်းနှင့် ၎င်းတို့အနေဖြင့် မြေကွက်များကို မယူသင့်ကြောင်း မင်္ဂလာဒုံပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးအောင်လှိုင်ဝင်းကပြောသည်။

ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေသာမက ပြည်သူများလည်း အိမ်ပိုင်ယာပိုင်နှင့် တင့်တောင်းတင့် တယ်နေချင်ကြကြောင်း မင်္ဂလာဒုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရေးသားထားခြင်းဖြစ်သည်။

“ပြည်သူလူထုရဲ့ပိုက်ဆံန ဲ့ရပ်တည်လည်ပတ်နေတဲ့လူတွေပါပဲ။ ငါကသမ္မတဖြစ်တဲ့အတွက် ပိုပြီးအခွင့်အရေး ရှိတယ်၊ ဒါမျိုးမလုပ်သင့်ဘူးပေါ့။ နိုင်ငံတော်သမ္မတဆိုတဲ့အခွင့်အာဏာက အများပြည်သူရဲ့အကျိုးစီးပွားကိုဖော် ဆောင်တဲ့အခွင့်အာဏာမျိုးဖြစ်သင့်တယ်။ အစိုးရအဖွဲ့က အဲ့လိုပဲအများပြည်သူရဲ့အကျိုးစီးပွားကို ဖော်ဆောင် တဲ့အမိန့်တွေစီမံကိန်းတွေချသင့်တယ်။ အစိုးရအဖွဲ့ဝင်တွေကအဲ့လောက်ဆင်းရဲနေကြတာလည်းမဟုတ်ပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်နောက်ကြမှ အိမ်တွေဘာတွေဝယ်လိုရတယ်”ဟု မင်္ဂလာဒုံပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးအောင်လှို်င်ဝင်းကပြောသည်။

ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေဖြင့် ကိုယ့်ခွန်ကိုယ့်အားဖြင့် ရှာဖွေရသည့် ငွေနှင့် အိမ်ဝယ် တာမထူးဆန်းပေမယ့် လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ခြံကွက်တွေကိုဈေးချိုးအောင်လုပ်ပြီး ပြည်သူတွေမပါဘဲ မိမိတို့သာ ဝယ်ခွင့်ရအောင်လုပ်ခြင်းသည် မဖြစ်သင့်ကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေး သားထားခြင်းဖြစ်သည်။

Covid-19 ရောဂါကြောင့် ပြည်သူလူထူစီးပွားရေးအခက်အခဲဖြစ်နေချိန်တွင် ဝန်ကြီးတွေ၊ အစိုးရအဖွဲ့ဝင်တွေ အနေဖြင့် အခွင့်အာဏာကိုအသုံးပြုပြီး မြေကွက်ယူခြင်းထက် ပြည်သူလူထုနှင့်အတူတူရှိနေသင့်ကြောင်း မင်္ဂလာဒုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လှို်င်ဝင်းကပြောသည်။

နေပြည်ကောင်စီမှ မြေကွက်ချထားပေးရာ၌ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံတို့သည် ပေ(၄၀၀) ပတ်လည် မြေကွက်များဖြစ်ပြီး ဝန်ကြီး ပေ(၃၀၀)ပတ်လည်၊ ဒုဝန်ကြီးများသည် ပေ(၂၅၀) ပတ်လည်နှင့် ညွှန်ချုပ် အဆင့်ဆိုပါက ပေ(၁၀၀)ပတ်လည်မြေကွက်များ ရရှိကြမှာလည်းဖြစ်သည်။

#PeopleMedia


Share this post