• Follow Us on

Home မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင် CDM လှုပ်ရှားမှု ၌ ပါဝင်လာ

မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင် CDM လှုပ်ရှားမှု ၌ ပါဝင်လာ

Share this post

(PeopleMedia)
CDM ၌ ပါဝင်ခဲ့မှုအပေါ် ဦးမျိုးနိုင်၏ ရှင်းလင်းချက် မှာ
“ကျွန်တော် ဦးမျိုးနိုင်(ပ/၄၄၄၃)သည် မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်လျက် ရှိသည့် နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး (၆-၃-၂၀၂၁)ရက်နေ့မှစ၍ မိမိဆန္ဒအလျောက် မြန်မာပြည်သူများနှင့်အတူ Civil Disobedience Movement (CDM) တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း အတိအလင်း ကြေညာအပ် ပါသည်။
ကျွန်တော်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၃၄ နှစ်တာ တာဝန်ထမ်းရွက်ခဲ့ပြီး ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ်
ရရှိထားသူတစ်ဦးဖြစ်ပါသည်။
ကျွန်တော်၏ CDM တွင်ပါဝင်မှုသည် မြန်မာပြည်သူများနှင့် အတူ ရပ်တည်၍ မြန်မာနိုင်ငံသားတစ်ယောက်၏ ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခြင်းဖြစ်ပြီး၊ လက်ရှိရာထူးမှ နုတ်ထွက်ခြင်း လုံးဝ (လုံးဝ) မဟုတ်ကြောင်းကိုလည်း ဖော်ပြအပ်ပါသည်။
ယခုဆုံးဖြတ်ချက်သည် ကျွန်တော်တစ်ဦးတည်း၏ သဘောဆန္ဒအရ ပြုလုပ်ခြင်းဖြစ်ပြီး၊ မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကမျှ တိုက်တွန်း ဖိအားပေးခြင်းကြောင့် ဆောင်ရွက်ခြင်း မဟုတ်သကဲ့သို့ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည်လည်း ကျွန်တော်၏ မိသားစုများ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေအသိုင်းအဝိုင်းနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါကြောင်း ဖော်ပြအပ်ပါသည်”။
မှတ်ချက်။ ။ ဦးမျိုးနိုင်ရှင်းလင်းချက်အပေါ် မူရင်းအတိုင်းဖော်ပြပေးခြင်းဖြစ်သည်။
#PeopleMedia
#CivilDisobedienceMovement
#CDM

(unicode)

#PeopleMedia
#CivilDisobedienceMovement
#CDM


Share this post