• Follow Us on

Home မြန်မာတစ်နိုင်ငံလုံးတွင် မတ် ၇ ရက်နေ့ တစ်ရက်ထဲ၌ လူပုဂ္ဂိုလ် ၄၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

မြန်မာတစ်နိုင်ငံလုံးတွင် မတ် ၇ ရက်နေ့ တစ်ရက်ထဲ၌ လူပုဂ္ဂိုလ် ၄၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

Share this post

ရန်ကုန်၊ မတ် ၈ (People Media)

 

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများအရှိန်မြှင့်လာသည်နှင့်အမျှ ယမန်နေ့က ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သော လူပုဂ္ဂိုလ် အမျိုးသား ၃၉ ဦး အမျိုးသမီး ၂ ဦး စုစုပေါင်း ၄၁ ဦးကို ဖမ်းဆီးထိန်းသိမ်းကာ အရေးယူထားလျက်ရှိ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

 

အဆိုပါ ဖမ်းဆီးထိမ်းသိမ်းခံရသူ ၄၁ ဦးသည် ရန်ကုန်တိုင်းဒေသကြီးတွင် (စမ်းချောင်း၊ အလုံ၊ မရမ်းကုန်း၊ ကျောက်တံတား၊ အင်းစိန်၊ သာကေတ၊ ဒဂုံမြောက်၊ တိုက်ကြီး၊ သန်လျှင်) မြို့နယ် မန္တလေးတိုင်းဒေသကြီးတွင် (ပုသိမ်ကြီး၊ မြင်းခြံ၊ ရမည်းသင်း၊ ညောင်ဦး) မြို့နယ် မကွေးတိုင်းဒေသကြီးတွင်( မကွေး၊ ရေနံချောင်း) ဧရာ ဝတီတိုင်းဒေသကြီးတွင် (ပုသိမ်၊ မော်လမြိုင်ကျွန်း) မြို့နယ် တနင်္သာရီတိုင်းဒေသကြီးတွင် (မြိတ်၊ ပုလော) ကယားပြည်နယ်တွင်(လွိုင်ကော်) မွန်ပြည်နယ်တွင် (ရေးမြို့နယ်) ရှမ်းပြည်နယတွင် (တောင်ကြီး၊ လားရှိုး) မြို့နယ်များမှဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

 

အထက်ပါကဲ့သို့ ဖြစ်စဉ်များ ပေါ်ပေါက်ရန်အတွက် ကောလဟလများကို သတင်းများကို ထုတ်လွှင့်၍ နောက်ကွယ်တွင် ကြိုးကိုင်ကာ လူငယ်များကို ရှေ့ထွက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်  ချက်တွင်ပါဝင်သည်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ သတင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ဖမ်းဆီးထိမ်းသိမ်းခံရသူ ၁၇၀၀ ကျော်ရှိပြီး ယင်းအနက် ၃၀၀ ကျော်ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

 

#PeopleMedia

 

(unicode)

…………………………………………………….






#PeopleMedia

(unicode)


Share this post