• Follow Us on

Home မော်လမြိုင်မြို့တွင် ကိုဗစ်အတည်ပြုလူနာ ၁၂ ဦးနှင့် သံသယလူနာ ၂ ဦး သေဆုံး

မော်လမြိုင်မြို့တွင် ကိုဗစ်အတည်ပြုလူနာ ၁၂ ဦးနှင့် သံသယလူနာ ၂ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄ (People Media)

 

ဇူလိုင်လ ၁၄ ရက်နေ့တစ်ရက်ထဲတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူဦးရေ ၁၂ ဦး၊ သံသယလူနာ သေဆုံးသူဦးရေ ၂ ဦး သေဆုံးခဲ့တယ်လို့ မော်လမြိုင်မြို့လူမှုအဖွဲ့အစည်းမှ သိရပါတယ်။

 

“သေဆုံးတာ ၁၄ ဦးဆိုတာကတော့ ဟုတ်ပါတယ်၊ ဒီနေ့ပဲ ကိုဗစ်သဂြိုဟ်တဲ့နည်းအတိုင်း သူတို့ကို သဂြိုဟ် ပေးလိုက်ပါတယ်” လို့ မော်လမြိုင်မြို့ လူမှုကူညီရေးအသင်းမှ ပြောပါတယ်။

 

သေဆုံးသူများဟာ မော်လမြိုင်မြို့၊ ပြည်သူဆေးရုံကြီးမှ ၁၀ ဦးနဲ့ မော်လမြိုင်မြို့ ကွာရတင်းစင်တာ ၁၀ မြို့နယ်အဆောင်မှ ၂ ဦး နဲ့ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်နဲ့ မရမ်းရပ်ကွက်တို့မှ ၂ ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

 

မော်လမြိုင်မြို့မှာ လက်ရှိအချိန်အထိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူဦးရေ မြင့်တက်နေပြီး ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ သေဆုံးသူဦးရေ ၈၀ နီးပါးရှိနေပြီလို့လည်း သိရပါတယ်။

 

#PeopleMedia

 

(unicode)


…………………………………………….

 


 


 


 


 


 

#PeopleMedia


Share this post