• Follow Us on

Home မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ နေအိမ်တချို့ကို ချိပ်ပိတ်

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ နေအိမ်တချို့ကို ချိပ်ပိတ်

Share this post

မော်လမြိုင်၊ ဒီဇင်ဘာ ၂ (People Media)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ နေအိမ်တချို့ကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက လုံခြုံ ရေးပူးပေါင်းအဖွဲ့ဝင်များက သွားရောက်ချိပ်ပိတ်ခဲ့ကြောင်း သိရပါတယ်။

 

ယခုချိပ်ပိတ်ခံရသည့် နေအိမ်များမှာ အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်ခြင်း၊ အုပ်ချုပ်ရေးမှူးများ အား လုပ်ကြံသတ်ဖြတ်မှုတွင်ပါဝင်ခြင်း၊ နေအိမ်များတွင် လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိသည့် နေအိမ်တချို့ကို ချိပ်ပိတ်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

“အခုသိမ်းဆည်းခံရတဲ့နေအိမ်တွေကတော့ ၅ လုံးလောက်တော့ရှိတယ်။ ပြီးခဲ့တဲ့ ရက်က မော်လမြိုင်မှာ ဖမ်းမိ တဲ့သူတချို့ရဲ့ နေအိမ်တချို့ပါ အခု ချိပ်ပိတ်တဲအထဲမှာပါသွားတယ်” ဟု ဒေသခံတစ်ဦးကပြောပါတယ်။

 

ယခုရက်ပိုင်းအတွင်း န-စ-ကမှ တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် အကြမ်းဖက်လက်နက်ကိုင်များနှင့် ဆက်နွယ်မှုရှိခြင်းနှင့် လက်ခံမှုပြုလုပ်သည့် နေအိမ်တချို့ကို ချိတ်ပိတ်သိမ်းဆည်းမှုများပြုလုပ်လျက်ရှိပါတယ်။

 

#PeopleMedia #မော်လမြိုင် #ချိတ်ပိတ်

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post