• Follow Us on

Home ေယာကၡမ အေယာင္ေဆာင္ မဲထည့္ခဲ့သူ သားမက္ကို စဥ့္ကိုင္ၿမိဳ႕နယ္ ရဲစခန္းတြင္ ဖမ္းဆီးထား 

ေယာကၡမ အေယာင္ေဆာင္ မဲထည့္ခဲ့သူ သားမက္ကို စဥ့္ကိုင္ၿမိဳ႕နယ္ ရဲစခန္းတြင္ ဖမ္းဆီးထား 

Share this post

ရန္ကုန္၊ ႏိုဝင္ဘာ ၈
ႏိုဝင္ဘာ ၈ ရက္ေန႔ ေရြးေကာက္ပြဲအတြက္ မဲေပးရာတြင္ ေယာကၡမ၏ ဆႏၵမဲမ်ားကို အေယာင္ေဆာင္ မဲထည့္ခဲ့သည့္ ျဖစ္စဥ္တစ္ခု မႏၲေလးတိုင္းေဒသႀကီး စဥ့္ကိုင္ၿမိဳ႕နယ္ ေစာရဲေက်းရြာ မဲ႐ုံ အမွတ္ ၁ ၌ ျဖစ္ပြားခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး စဥ့္ကိုင္ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕မွ သိရပါတယ္။ အထက္ပါကဲ့သို႔ ေယာကၡမ၏ ဆႏၵမဲမ်ားကို အေယာင္ေဆာင္ မဲထည့္ခဲ့သည့္ သားမက္ျဖစ္သူကို စဥ့္ကိုင္ၿမိဳ႕နယ္ ရဲစခန္းတြင္ ဖမ္းဆီးအေရးယူထားေၾကာင္း မႏၲေလးတိုင္းေဒသႀကီး စဥ့္ကိုင္ၿမိဳ႕နယ္၊ ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးကံျမင့္က အတည္ျပဳေျပာၾကားသည္။ “ေယာကၡမမဲကို သားမက္က ဝင္ထည့္သြားတာပါ၊ သူက စစ္ကိုင္းတိုင္းကေန ေရာက္လာတာ မၾကာေသးဘူး။ ရပ္ကြက္ေနသူေတြက သူ႔ကို မသိၾကဘူး။ ေရြးေကာက္ပြဲဥပေဒအရ တရားစြဲထားပါတယ္၊ စဥ့္ကိုင္ၿမိဳ႕နယ္ ရဲစခန္းမွာ ဖမ္းထားပါတယ္” ၄င္းက ဆိုသည္။ ေယာကၡမျဖစ္သူ မဲဆႏၵရွင္ ဦးေအာင္နိုင္ဝင္း၏ မဲစာရင္း အမွတ္စဥ္ (၄၁၉) ကို သားမက္ျဖစ္သူ ဦးသိန္းနိုင္ဝင္း က ေယာကၡမအေယာင္ေဆာင္၍ စဥ့္ကိုင္ၿမိဳ႕နယ္ ေစာရဲေက်းရြာ မဲ႐ုံ အမွတ္ ၁ ၌ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵ နယ္ ကိုယ္စားလွယ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ မဲဆႏၵနယ္မ်ားတြင္ အေယာင္ေဆာင္၍ ဆႏၵမဲ ထည့္ခဲ့ျခင္းျဖစ္သည္။ ေစာ္ရဲရပ္ေက်းေကာ္မရွင္ဥကၠ႒က အေယာင္ေဆာင္မဲထည့္ခဲ့သည့္ သားမက္ကို ေရြးေကာက္ပြဲဆိုင္ရာဥပေဒ အရ စဥ့္ကိုင္ရဲစခန္းတြင္ တရားစြဲထားေၾကာင္း စဥ့္ကိုင္ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးကံျမင့္က ဆက္လက္ေျပာၾကားသည္။ ေရြးေကာက္ပြဲဆိုင္ရာဥပေဒအရ သူတစ္ပါးအေယာင္ေဆာင္၍ ဆႏၵမဲေပးခဲ့လွ်င္ ေထာင္ဒဏ္တစ္ႏွစ္ထက္ မပို ေသာ ျပစ္ဒဏ္ျဖစ္ေစ၊ က်ပ္တစ္သိန္းထက္ မပိုေသာ ဒဏ္ေငြကိုျဖစ္ေစ (သို႔မဟုတ္) ေထာင္ဒဏ္ ေငြဒဏ္ ႏွစ္ရပ္စလုံးကိုလည္း ခ်မွတ္နိုင္ေသာ ျပစ္မႈျဖစ္သည္။
#PeopleMedia
(unicode)
ယောက္ခမ အယောင်ဆောင် မဲထည့်ခဲ့သူ သားမက်ကို စဉ့်ကိုင်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထား
…………………………………………………………….
 
ရန်ကုန်၊ နိုဝင်ဘာ ၈
 
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် မဲပေးရာတွင် ယောက္ခမ၏ ဆန္ဒမဲများကို အယောင်ဆောင် မဲထည့်ခဲ့သည့် ဖြစ်စဉ်တစ်ခု မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် စောရဲကျေးရွာ မဲရုံ အမှတ် ၁ ၌ ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရပါတယ်။
 
အထက်ပါကဲ့သို့ ယောက္ခမ၏ ဆန္ဒမဲများကို အယောင်ဆောင် မဲထည့်ခဲ့သည့် သားမက်ဖြစ်သူကို စဉ့်ကိုင်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကံမြင့်က အတည်ပြုပြောကြားသည်။
 
“ယောက္ခမမဲကို သားမက်က ဝင်ထည့်သွားတာပါ၊ သူက စစ်ကိုင်းတိုင်းကနေ ရောက်လာတာ မကြာသေးဘူး။ ရပ်ကွက်နေသူတွေက သူ့ကို မသိကြဘူး။ ရွေးကောက်ပွဲဥပဒေအရ တရားစွဲထားပါတယ်၊ စဉ့်ကိုင်မြို့နယ် ရဲစခန်းမှာ ဖမ်းထားပါတယ်” ၄င်းက ဆိုသည်။
 
ယောက္ခမဖြစ်သူ မဲဆန္ဒရှင် ဦးအောင်နိုင်ဝင်း၏ မဲစာရင်း အမှတ်စဉ် (၄၁၉) ကို သားမက်ဖြစ်သူ ဦးသိန်းနိုင်ဝင်း က ယောက္ခမအယောင်ဆောင်၍ စဉ့်ကိုင်မြို့နယ် စောရဲကျေးရွာ မဲရုံ အမှတ် ၁ ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်များတွင် အယောင်ဆောင်၍ ဆန္ဒမဲ ထည့်ခဲ့ခြင်းဖြစ်သည်။
 
စော်ရဲရပ်ကျေးကော်မရှင်ဥက္ကဋ္ဌက အယောင်ဆောင်မဲထည့်ခဲ့သည့် သားမက်ကို ရွေးကောက်ပွဲဆိုင်ရာဥပဒေ အရ စဉ့်ကိုင်ရဲစခန်းတွင် တရားစွဲထားကြောင်း စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကံမြင့်က ဆက်လက်ပြောကြားသည်။
 
ရွေးကောက်ပွဲဆိုင်ရာဥပဒေအရ သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲပေးခဲ့လျှင် ထောင်ဒဏ်တစ်နှစ်ထက် မပို သော ပြစ်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ဒဏ်ငွေကိုဖြစ်စေ (သို့မဟုတ်) ထောင်ဒဏ် ငွေဒဏ် နှစ်ရပ်စလုံးကိုလည်း ချမှတ်နိုင်သော ပြစ်မှုဖြစ်သည်။
 
#PeopleMedia

Share this post