• Follow Us on

Home ယော PDF စခန်း ရှင်းလင်းခံခဲ့ရ

ယော PDF စခန်း ရှင်းလင်းခံခဲ့ရ

Share this post

မကွေး၊ ဒီဇင်ဘာ ၃၀ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ်ခရိုင်၊ ယောဒေသရှိ ယော PDF စခန်းသည် ဒီဇင်ဘာ ၂၀ ရက်နေ့က တိုက်ခိုက်ခံ ခဲ့ရပြီး စခန်းကို စွန့်လွတ်ခဲ့ရကြောင်း ယောPDF(YDF)အဖွဲ့က ဒီဇင်ဘာ ၂၉ ရက်နေ့၌ သတင်းထုတ်ပြန်ထား သည်။

 

ဒီဇင်ဘာ ၂၀ ရက်နေ့၌ ယောဒေသရှိ PDF စခန်းကို လုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်းပြီးနောက် ရိက္ခာ၊ လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်း၊ မိုင်းအပါအဝင် ယော PDF စခန်းကို မီးရှို့ဖျက်ဆီးလိုက်သည်။

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ရှိ မြို့နယ်များနှင့် ဂန့်ဂေါခရိုင်ရှိ မြို့နယ်များသည် ဒေသခံ PDF အဖွဲ့များ အားကောင်းနေသလို နှစ်ဖက်တိုက်ပွဲများလည်း ဖြစ်ပေါ်လျက်ရှိသည်။

 

ယောဒေသရှိ PDF အဖွဲ့များသည် လုံခြုံရေးယာဉ်တန်းများကို မိုင်းဆွဲဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။

 

အဆိုပါဒေသ၌ လက်ရှိအချိန်၌ နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ ပြောင်းရွေ့နေ ထိုင်လျက်ရှိသည်။

 

Photo – YDF

 

#PeopleMedia #ယောPDF

 

(unicode)


………………………………

 


 


 


 


 


 


 

Photo – YDF

 



Share this post