• Follow Us on

Home ရေငုပ်သင်္ဘောတပ် ပဲ့ထိန်းမစ်ဇိုင်းအမြောက်အများထုတ်လုပ်လျက်ရှိဟု အီရန်ရေတပ်ကြေညာ


Share this post





Ref; Xinhua

#PeopleMedia

(Unicode)
ရေငုပ်သင်္ဘောတပ် ပဲ့ထိန်းမစ်ဇိုင်းအမြောက်အများထုတ်လုပ်လျက်ရှိဟု အီရန်ရေတပ်ကြေညာ
…………………………………………………………

ရေငုပ်သင်္ဘောက ပစ်တဲ့ Jask ပဲ့ထိန်းမစ်ဇိုင်းအမြောက်အများထုတ်လုပ်လျက်ရှိတယ်လို့ အီရန်ရေတပ်က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အဆိုပါမစ်ဇိုင်းတွေကို အီရန်ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်သွားမှာဖြစ်ပြီး အနာဂတ်မှာ Jask ပဲ့ထိန်းမစ်ဇိုင်း တွေရဲ့ အကွာအဝေးတိုးတက်လာလိမ့်မယ်လို့လည်းပြောပါတယ်။

Jask ပဲ့ထိန်းမစ်ဇိုင်းတွေဟာ ရန်သူတွေကို အံ့အားသင့်စေလိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပေမယ့် လက်နက်နဲ့ ပက်သတ်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ ပြောပြခြင်းမရှိခဲ့ပါဘူး။

အီရန်နိုင်ငံဟာ သိပ်မကြာခင်ကမှ မြို့တော် တီဟီရန်မှာ ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်တဲ့ ပြည်တွင်း ထုတ် ရေတပ်ဒရုန်းယာဉ် Pelican-2 ကိုလည်း ထုတ်ဖော်ပြသထားပါတယ်။

Ref; Xinhua

#PeopleMedia


Share this post