• Follow Us on

Home ရေစကြိုမြို့နယ်၌ ဒေသခံ ရွာသားနှစ်ဦးကို NUG/PDF အဖွဲ့မှ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

ရေစကြိုမြို့နယ်၌ ဒေသခံ ရွာသားနှစ်ဦးကို NUG/PDF အဖွဲ့မှ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

Share this post

ရေစကြို၊ မတ် ၁၂

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာနေထိုင်သည့် ကျေးရွာသားနှစ်ဦးကို မတ်လ ၁၁ ရက်နေ့ နံနက် ၁၀း၃၀ အချိန်က NUG/PDF အဖွဲ့မှ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့သည်။

 

“လုပ်ကြံခံရသူတွေက ကျေးရွာသားနှစ်ဦးဖြစ်တဲ့ ကိုထက်နိုင်အောင်နဲ့ ကိုနေအောင်တို့ဖြစ်ပါတယ်။ သေနတ်နဲ့ မသေမချင်း ပစ်ခတ်လုပ်ကြံသွားတာ။ NUG/PDF အဖွဲ့က လုပ်ကြံသွားတာ။ ရေစကြိုမြို့နယ်မှာက နေ့စဉ်လို ပြည်သူတွေ လုပ်ကြံခံနေရတယ်” လို့ ရေစကြိုမြို့ခံတစ်ဦးက ပြောသည်။

 

ရေစကြိုမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ၊ သံဃာတော်များ စုစုပေါင်း ၃၀ ကျော်ခန့်ကို PDF အဖွဲ့မှ လုပ်ကြံသတ်ဖြတ်မှု ပြုလုပ်ထားသည်။

 

ရေစကြိုမြို့နယ်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းလျက်ရှိပြီး အဆိုပါ အဖွဲ့များသည် ရေစကြိုမြို့နယ်ရှိ မြစ်အရှေ့ကျေးရွာများ၌ အခြေပြုလှုပ်ရှားလျက်ရှိသည်။

 

#PeopleMedia

 

(unicode)


…………………………….

 


 


 


 


 


 

#PeopleMedia


Share this post