• Follow Us on

Home ေရြးေကာက္ပဲြမသမာမႈမ်ားျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပည္ခိုင္ၿဖိဳးပါတီက UEC ထံ တိုင္ၾကားမႈရွိ္ေသာ္လည္း NLD ပါတီ၏ လက္ရွိ အႏိုင္ရကိုယ္စားလွယ္ေလာင္းရလဒ္ကို အေျပာင္းအလဲမျဖစ္ႏိုင္ေၾကာင္း မုံရြာဦးေအာင္ရွင္ ေျပာဆို

ေရြးေကာက္ပဲြမသမာမႈမ်ားျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပည္ခိုင္ၿဖိဳးပါတီက UEC ထံ တိုင္ၾကားမႈရွိ္ေသာ္လည္း NLD ပါတီ၏ လက္ရွိ အႏိုင္ရကိုယ္စားလွယ္ေလာင္းရလဒ္ကို အေျပာင္းအလဲမျဖစ္ႏိုင္ေၾကာင္း မုံရြာဦးေအာင္ရွင္ ေျပာဆို

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၂၇

၂၀၂၀ ေရြးေကာက္ပြဲ၌ ေရြးေကာက္ပဲြမသမာမႈမ်ားျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပည္ခိုင္ၿဖိဳးပါတီက UEC ထံ တိုင္ ၾကားမႈရွိ္ေသာ္လည္း NLD ပါတီ၏ လက္ရွိအႏိုင္ရကိုယ္စားလွယ္ေလာင္းရလဒ္ကို အေျပာင္းအလဲ မျဖစ္ႏိုင္ ေၾကာင္း NLD ပါတီ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမွဴး မုံရြာဦးေအာင္ရွင္ေျပာဆိုလိုက္သည္။

၂၀၂၀ ေရြးေကာက္ပြဲမတိုင္မွီကာလမ်ား၌ ျဖစ္ေပၚခဲ့သည့္ ႀကိဳတင္မဲကိစၥ၊ မဲေပးခြင့္ရလဒ္ ႏွစ္ႀကိမ္ျဖစ္ေပၚမႈ၊ ႀကိဳတင္မဲကာလ၌ ႀကိဳတင္မဲလက္မွတ္မ်ား၌ ကိုယ္စားလွယ္ေလာင္းအမည္ႏွင့္ ပါတီလိုဂိုမပါဝင္မႈမ်ား၊ ေရြးေကာက္ပြဲကာ၌ မဲမသမာမႈမ်ားရွိသည့္ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ႏိုင္ငံေရး ပါတီမ်ားက သတင္းစာရွင္းလင္းပြဲျပဳလုပ္၍ ေျပာဆိုလ်က္ရွိသည္။

အဆိုပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ People Media က မုံရြာဦးေအာင္ရွင္ထံ ဆက္သြယ္ေမးျမန္းရာ၌ “လႊတ္ေတာ္ကိုယ္စားလွယ္အေျပာင္းအလဲ မရွိနိုင္ပါဘူး။ မရွိနိ္ုင္ပါဘူး” ဟု NLD ပါတီ၏ ဗဟိုျပန္ၾကား ေရးေကာ္မတီအတြင္းေရးမွဴး မုံရြာဦးေအာင္ရွင္ကေျပာသည္။

ထို႔အျပင္ ေရြးေကာက္ပြဲေကာ္မရွင္က ၿပိဳင္ဘက္ပါတီမ်ား၏တိုင္ၾကားမူမ်ားအေပၚ လက္ခံစိစစ္မည္ဆိုပါက NLD ပါတီအေနျဖင့္ ရင္ဆိုင္ေျဖရွင္းရန္အဆင္သင့္ရွိသည္ဟု ၎ကေျပာဆိုသည္။

ထို႔အတူ တိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ ၿမိဳ႕နယ္မ်ားတြင္ ၂၀၂၀ ေရြးေကာက္ပြဲသည္ တရားမမွ်တမႈမရွိသည့္ ေရြးေကာက္ပြဲျဖစ္ေၾကာင္း ဆႏၵထုတ္ေဖာ္မႈမ်ားရွိခဲ့သည္။

ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ ျပည္ခိုင္ၿဖိဳးပါတီသည္ UEC ထံ အမႈေပါင္း(၁၀၄၂)မႈ တိုင္ၾကားထားေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ဒု-ဥကၠ႒ ဦးခင္ရီကေျပာဆိုထားသည္။

အဆိုပါတိုင္ၾကားထားမႈအေပၚ UEC က မွန္မွန္ကန္ကန္ ဆုံးျဖတ္ပါက ရလဒ္ေျပာင္းႏိုင္ေၾကာင္း ၎က ဆိုသည္။

#PeopleMedia #NLD #USDP #2020election #Political

(unicode)
ရွေးကောက်ပွဲမသမာမှုများဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက UEC ထံ တိုင်ကြားမှုရှိ်သော်လည်း NLD ပါတီ၏ လက်ရှိ အနိုင်ရကိုယ်စားလှယ်လောင်းရလဒ်ကို အပြောင်းအလဲမဖြစ်နိုင်ကြောင်း မုံရွာဦးအောင်ရှင် ပြောဆို
…………………………………………….. ….

ရန်ကုန်၊ နိုဝင်ဘာ ၂၇

၂၀၂၀ ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲမသမာမှုများဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက UEC ထံ တိုင် ကြားမှုရှိ်သော်လည်း NLD ပါတီ၏ လက်ရှိအနိုင်ရကိုယ်စားလှယ်လောင်းရလဒ်ကို အပြောင်းအလဲ မဖြစ်နိုင် ကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်ပြောဆိုလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီကာလများ၌ ဖြစ်ပေါ်ခဲ့သည့် ကြိုတင်မဲကိစ္စ၊ မဲပေးခွင့်ရလဒ် နှစ်ကြိမ်ဖြစ်ပေါ်မှု၊ ကြိုတင်မဲကာလ၌ ကြိုတင်မဲလက်မှတ်များ၌ ကိုယ်စားလှယ်လောင်းအမည်နှင့် ပါတီလိုဂိုမပါဝင်မှုများ၊ ရွေးကောက်ပွဲကာ၌ မဲမသမာမှုများရှိသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေး ပါတီများက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောဆိုလျက်ရှိသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ People Media က မုံရွာဦးအောင်ရှင်ထံ ဆက်သွယ်မေးမြန်းရာ၌ “လွှတ်တော်ကိုယ်စားလှယ်အပြောင်းအလဲ မရှိနိုင်ပါဘူး။ မရှိနိ်ုင်ပါဘူး” ဟု NLD ပါတီ၏ ဗဟိုပြန်ကြား ရေးကော်မတီအတွင်းရေးမှူး မုံရွာဦးအောင်ရှင်ကပြောသည်။

ထို့အပြင် ရွေးကောက်ပွဲကော်မရှင်က ပြိုင်ဘက်ပါတီများ၏တိုင်ကြားမူများအပေါ် လက်ခံစိစစ်မည်ဆိုပါက NLD ပါတီအနေဖြင့် ရင်ဆိုင်ဖြေရှင်းရန်အဆင်သင့်ရှိသည်ဟု ၎င်းကပြောဆိုသည်။

ထို့အတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များတွင် ၂၀၂၀ ရွေးကောက်ပွဲသည် တရားမမျှတမှုမရှိသည့် ရွေးကောက်ပွဲဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုများရှိခဲ့သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီသည် UEC ထံ အမှုပေါင်း(၁၀၄၂)မှု တိုင်ကြားထားကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဋ္ဌ ဦးခင်ရီကပြောဆိုထားသည်။

အဆိုပါတိုင်ကြားထားမှုအပေါ် UEC က မှန်မှန်ကန်ကန် ဆုံးဖြတ်ပါက ရလဒ်ပြောင်းနိုင်ကြောင်း ၎င်းက ဆိုသည်။

#PeopleMedia #NLD #USDP #2020election #Political


Share this post