• Follow Us on

Home ရွေးကောက်ပွဲကာလအတွင်း၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမနှစ်ဦး ကိုဗစ်ကြောင့် သေဆုံး


Share this post

 
 
 
 
 
 
#PeopleMedia #COVID
 
(unicode)
ရွေးကောက်ပွဲကာလအတွင်း၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမနှစ်ဦး ကိုဗစ်ကြောင့် သေဆုံး
……………………………….
 
ရန်ကုန်၊ နိုဝင်ဘာ -၂၆(PeopleMedia)
 
၂၀၂၀ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမနှစ်ဦး ကိုဗစ်ကြောင့် သေဆုံးသွားကြောင်း မြန်မာနိုင်ငံဆရာ၊ ဆရာမအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်ကပြောသည်။
 
သေဆုံးသွားသည့် ဆရာမနှစ်ဦးမှာ သန်လျင်မြို့က ဆရာမတစ်ဦး၊ ဗိုလ်တစ်ထောင်(၂)က ဆရာမတစ်ဦး ဖြစ်ကြောင်း ၎င်းကပြောသည်။
 
“ကြိုတင်မဲကာလမှာ သန်လျင်က ဆရာမတစ်ယောက်ပါ၊ မဲပေးတဲ့နေ့နောက်ဆက်တွဲကတော့ ဗိုလ်တစ်ထောင် (၂)က ဆရာမတစ်ယောက်လို့သိရပါတယ်။ ပထမအဆင့်အနေနဲ့က သက်ဆိုင်ရာကုသရေးစင်တာရောက်နေတဲ့ ဆရာ၊ ဆရာမတွေကို ဖုန်းဆက်အားပေးပါတယ်။ ဒုတိယအဆင့်အနေနဲ့က ဂုဏ်ပြုဆုအနေဖြင့် တစ်ယောက်ကို ၅ သောင်းကျပ် ပေးပို့ပေးပါတယ်။ မနေ့ကအထိ ၁၁ ယောက်ပေးပို့ပြီးပါပြီ။ ဒီနေ့ဆက်ပေးပို့ဖို့ စီစဉ်နေပါတယ်” ဟု မြန်မာနိုင်ငံဆရာ၊ ဆရာမအဖွဲ့ချုပ်အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်ကပြောသည်။
 
Postivite တွေ့သည့် ဆရာ၊ ဆရာမများအား မြန်မာနိုင်ငံဆရာ၊ ဆရာမအဖွဲ့ချုပ်မှ တစ်ယောက်ကို ငွေ ၅ သောင်း ထောက်ပံ့လျက်ရှိသည်။
 
၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံရှိ မဲရုံများမှာ တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမအရေ အတွက် နှစ်သိန်းကျော်ရှိသည်။
 
#PeopleMedia #COVID

Share this post