• Follow Us on

Home ၂ နှစ်ကျော်ကြာ ဂျက်ဖ် ဘီဇော့ထိန်းသိမ်းထားသည့် ကမ္ဘာ့အချမ်းသာဆုံးဘွဲ့ကို အီလွန် မက်စ်က် လွှဲပြောင်းယူ

၂ နှစ်ကျော်ကြာ ဂျက်ဖ် ဘီဇော့ထိန်းသိမ်းထားသည့် ကမ္ဘာ့အချမ်းသာဆုံးဘွဲ့ကို အီလွန် မက်စ်က် လွှဲပြောင်းယူ

Share this post

ဝါရှင်တန်၊ ဇန်နဝါရီ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပိုင်ဆိုင်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၁၈၅ ဘီလီယံ (သန်း ၁၈၅၀၀၀) ကျော်လာသည့် အီလွန် မက်စ်က်သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

တက်ဆလာလျှပ်စစ်ကားကုမ္ပဏီနှင့် စပေ့စ်အက်က်စ်အာကာသကုမ္ပဏီပိုင်ရှင် စွန့်ဦးတီထွင်သူသည် ကြာ သပတေးနေ့တွင် တက်ဆလာရှယ်ယာဈေးများမြင့်တက်လာပြီးနောက် အချမ်းသာဆုံးဖြစ်လာသည်။

၂၀၁၇ ခုနှစ်မှစတင်ကာ ကမ္ဘာ့အချမ်းသာဆုံးမှတ်တမ်းဝင်နေသည့် အမေဇုန်ကုမ္ပဏီတည်ထောင်သူ ဂျက်ဖ် ဘီဇို့ထံမှ အချမ်းသာဆုံးနေရာကို လွှဲပြောင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

မစ္စတာ မက်စ်က်၏လျှပ်စစ်ကားကုမ္ပဏီသည် ယခုနှစ်အတွင်း ဈေးကွက်တန်ဖိုးမြင့်တက်လာခဲ့ပြီး ဗုဒ္ဓဟူး နေ့တွင် ပထမဆုံးအနေဖြင့် ဒေါ်လာဘီလီယံ ၇၀၀ (သန်း ၇၀၀၀၀၀)ကျော်ခဲ့သည်။

ထိုတန်ဖိုးသည် တိုယိုတာ၊ ဗော့က်စ်ဝယ်ဂွန်၊ ဟွန်ဒိုင်း၊ ဂျီအမ်နှင့် ဖို့ဒ် ကားကုမ္ပဏီများစုစုပေါင်းတန်ဖိုးထက် ပိုများသည်။

Ref : Elon Musk becomes world’s richest person as wealth tops $185bn

#PeopleMedia

(unicode)
……………………………………………..







Ref : Elon Musk becomes world’s richest person as wealth tops $185bn

#PeopleMedia


Share this post